HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နှင့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများ အပေါ် ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေနှင့် တွေ့ဆုံမေးမြန်းခြင်း။

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နှင့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများ အပေါ် ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေနှင့် တွေ့ဆုံမေးမြန်းခြင်း။

''ဒီလို ပါတီတွေများနေပေမယ့်လို့ လူထုက တိုင်းသိပြည်သိပါတီတွေကိုပဲကြည့်ပြီး ရွေးကြတာမျိုး။ ထုံးစံကတော့ ကျွန်တော်တို့တိုင်းပြည်မှာဆိုရင် လူတစ်ယောက်ကိုဗဟိုပြုပြီး ရွေးကြတာမျိုးတွေရှိတယ်''

 - ဦးသုဝေ- ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ

မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့သည့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်မအခြေစိုက်နိုင်ငံရေး ပါတီ ငယ်လေးများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း အရှုံးဖြင့်သာရင်ဆိုင်ခဲ့ကြရပါတယ်။ အလားတူ ယခင်ကျင်းပပြီးစီး ခဲ့သော ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ၊ ၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတို့တွင်လည်း အရှုံးရလဒ်များဖြင့်သာ ရင်ဆိုင်ကြုံ တွေ့ခဲ့ရသည့်အတွက် ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိရေးအတွက် မည်သို့မည်ပုံပြင်ဆင်ထားရှိကြသည်နှင့် မကြာ သေးမီကကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် မည်သည့်အတွက်ကြောင့် ရှုံးနိမ့်မှုများဖြင့်တွေ့ကြုံခဲ့ရသည်များနှင့်စပ် လျဉ်း၍ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌဦးသုဝေနှင့် ဆက်သွယ်တွေ့ဆုံမေးမြန်းထားမှုများ အားတင်ပြလိုက်ရပါသည်။

မေး - ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲကို စုစုပေါင်း ၂၄ ပါတီ ဝင်ပြိုင်ကြတဲ့နေရာမှာ မြို့ပြအခြေစိုက်ပါတီငယ် ၁ဝ ပါတီကျော် ဝင်ပြိုင်တာတွေ့ရပါတယ်။ ရွေးကောက်ပွဲ ရလဒ်မှာ ပါတီငယ်တွေရဲ့အခြေအနေတွေ ဟာ ရလဒ်မကောင်းတာကို တွေ့ရတယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲရလဒ် အပေါ် ဘာများပြောလိုပါသလဲ။

ဖြေ - အဲဒါက မူလကတည်းက အဲဒီအ တိုင်းပဲလေ။ မူလကတည်းက နိုင်ငံရေးပါတီ အသေးလေးတွေက လူသိလည်းမများဘူး ပေါ့ဗျာ။ အဓိကထားတာကတော့ NLD နဲ့ ကြံ့ခိုင်ရေးပဲလေ။ အဲဒါကတော့ မူလ ကတည်းက သိပ်ပြောင်းလဲတာမရှိသေးဘူး လေ။ လူတွေရဲ့ စိတ်ဝင်စားမှုက လျော့နည်း နေတာပဲ ရှိသေးတယ်။

 

မေး - မြို့ပြအခြေစိုက် ပါတီငယ်တွေရဲ့ အခြေအနေက ၂ဝ၁၅၊ ၂ဝ၁၇ နဲ့ ၂ဝ၁၈ ရွေး ကောက်ပွဲသုံးခုစလုံးမှာ ရလဒ်မကောင်းစွာ နဲ့ ရှုံးနိမ့်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီ အပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ - အဲဒါကလည်း ဒီလိုပဲ။ ဒီမိုကရေစီ ကို လုပ်ကာစတိုင်းပြည်တစ်ခုမှာက ဒီအ တိုင်းပဲ။ အခြားသော တိုင်းပြည်တွေမှာ လည်း အဲဒီလိုပဲ။ စစချင်း အများကြီးလုပ် လိုက်တယ်။အများကြီးလုပ်လိုက်ပြီးတော့ အခါကျတော့ လုပ်ပိုင်ခွင့်ရလားဆိုတော့ လုပ်ပိုင်ခွင့်မရကြဘူး။ အဲဒါကြောင့်နိုင်ငံ ရေးနဲ့ပတ်သက်ပြီး နိုးထကြမယ်ဆိုပြီး တော့ နိုင်ငံရေးပါတီတွေက ဖွေးလာတာပဲ လေ။ အဲဒါကတော့ထုံးစံပဲ။ ကျွန်တော် တို့တိုင်းပြည်မှာလည်း အဲဒီလိုပဲ။ ဘာလို့ လဲဆိုတော့ ၉ဝ ခုနှစ်ရွေးကောက်ပွဲတုန်း ကလည်း ဒီလိုပဲလေ။ ပါတီတွေအများကြီး လုပ်ခဲ့ကြတယ်လေနော်။ ဒါပေမဲ့ ဒီလို ပါတီ တွေများနေပေမယ့်လို့ လူထုက တိုင်းသိ ပြည်သိပါတီတွေကိုပဲကြည့်ပြီး ရွေးကြ တာမျိုး။ ထုံးစံကတော့ ကျွန်တော်တို့တိုင်း ပြည်မှာဆိုရင် လူတစ်ယောက်ကို ဗဟိုပြု ပြီး ရွေးကြတာမျိုးတွေရှိတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင်း၊ လုပ်ရင်းနဲ့က အခြေအနေ တွေပြောင်းသွားတဲ့အခါကျတော့ ပါတီတွေ ရဲ့အခြေအနေတွေလည်း ပြောင်းသွားပြီ။ အခုဆိုရင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲပြီး သွားတဲ့အခါကျတော့ ၂ဝ၂ဝ အတွက်ဆို ပြီး ပါတီအပြောင်းအလဲတွေ လုပ်ကြတာ မျိုးရှိတယ်။ ဥပမာ- လူမျိုးစုပါတီတွေ ဆို ရင် အရင်ကအများကြီးရှိနေရာကနေ အခု ကတစ်စုတည်းဖြစ်အောင် ကြိုးစားလာကြ တာရှိတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီ အသေးလေးတွေကလည်း အခုစုကြဖို့ ကြိုး စားနေကြတာတွေရှိတယ်။ အဲဒီလိုပဲ အခု ဆိုရင် ကျွန်တော်တို့နိုင်ငံရေးပါတီ အသေး လေးတွေအနေနဲ့ အစုအဖွဲ့လေးတွေလုပ်ပြီး ကျွန်တော်တို့ ဒီမှာ ဘာခေါ်မလဲ FDA တို့၊ UDF တို့ အစရှိသဖြင့် လုပ်နေကြတယ်။ ဒါ့အပြင် ကြံ့ခိုင်ရေးနဲ့ပေါင်းပြီး အတူတူ ၂၃ ပါတီတို့၊ ၂၇ ပါတီတို့ ဆွေးနွေးပွဲတွေလုပ် ကြတယ်ဆိုတာ ဒီသဘောပဲ။ ဆွေးနွေးရင်း၊ ဆွေးနွေးရင်းနဲ့ကမှ တချို့ပါတီအသေးလေး တွေက တဖြည်းဖြည်းပျောက်သွားမှာပေါ့။

 

မေး - လက်ရှိ ရွေးကောက်ပွဲရလဒ်တွေအရ ၂ဝ၂ဝ ရွေးကောက်ပွဲမှာရော ပါတီငယ်တွေ ရဲ့အနေအထားက ဆိုးရွားနိုင်လား။

ဖြေ - ဒါကတော့ စိုးရိမ်စရာမရှိဘူး။ သူ တို့တွေက လုပ်ဆောင်နိုင်တဲ့အချက်အပေါ် မူတည်တာပေါ့။ ဒီလိုဒီပါတီအသေးလေး တွေက တချို့ကလည်း နည်းနည်းပါးပါး အရွေးခံရတာတွေရှိတယ်လေ။ ဒါပေမဲ့ အရေးအကြောင်းနဲ့ပေါ်လာလို့ရှိရင် ကိုယ် စားလှယ်တစ်ယောက်၊ နှစ်ယောက်၊ သုံး လေးငါးယောက် ရရင်လည်းပဲ အရွေးခံရ နိုင်တာရှိတယ်။ ဖြစ်တတ်တာပေါ့။ အဲဒါ မျိုးကျတော့ သူတို့ရဲ့အရွေးခံရမှုက ပေါ် လာတတ်တာမျိုးလည်း ရှိတယ်ပေါ့။

 

မေး - ၂ဝ၂ဝ မှာ ရလဒ်ဆိုးတွေ ထွက်မ လာအောင် ဘယ်လိုကြိုတင်ပြင်ဆင်သွား မလဲဆိုတာနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲကို ဘယ် လိုဖြတ်ကျော်သွားမလဲဆိုတာ သိပါရစေ။

ဖြေ - အဲဒါကတော့ ဒီလိုရှိတယ်။ အခြေ အနေတွေက ဘယ်လိုပြောင်းလဲဦးမယ်ဆို တာကတော့ မသိသေးဘူး။ ဒီတစ်နှစ်၊ နှစ် နှစ်အတွင်းမှာကို ပြောင်းလဲသွားနိုင်တာ မျိုး ရှိတယ်လေနော်။ အဲဒီအပေါ်မှာမူတည် ပြီးတော့ ရွေးကောက်ပွဲဆိုတာကလည်း ပြောင်းလဲသွားနိုင်တာရှိမှာပေါ့။

 

မေး - ပါတီငယ်တွေရဲ့အခြေအနေဟာ ငွေကြေးဓနအင်အားအရရော၊ ပါတီဝင်အင် အားအရပါ ပါတီကြီးတွေထက် ချို့တဲ့နေ ကြတာဆိုတော့ ၂ဝ၂ဝ မတိုင်ခင်မှာ တူ ရာပါတီတွေစုစည်းပြီး တစ်ပါတီတည်း လုပ်ဆောင်သွားဖို့ရော အစီအစဉ်ရှိလား။

ဖြေ - ငွေကြေးအင်အားအရရော၊ ပါတီဝင်အင်အားအရပါ ပါတီကြီးတွေထက် ချို့တဲ့တာကတော့ ဟုတ်တာပေါ့။ အဲဒါ က ခုနကပြောသလိုပဲ ဝိုင်းလုပ်နေကြတာ ပေါ့။ ပြည်မမှာရှိတဲ့ ပါတီလေးတွေရော၊ တိုင်းရင်းသားပါတီတွေရော အကုန်ဆွေးနွေး ပြီး စုနေကြတာပဲ။ စုနေကြတယ်ဆိုတာက ဒီလိုပေါ့။ စောစောက ခင်ဗျားပြောသလိုပဲ ရန်ပုံငွေအခက်အခဲက အကုန်လုံးမှာရှိ ကြတာပေါ့။ ကိုယ်ကိုယ်တိုင် ရွေးကောက် ပွဲဝင်ဖို့အတွက် ရွေးကောက်ပွဲစရိတ်တောင် မတတ်နိုင်ကြတဲ့သူတွေဆိုတော့ လူထုကို စည်းရုံးဖို့ဆိုတာက ခက်တာပေါ့။

 

မေး - NLD ပါတီ အာဏာရပြီးနောက် မှာ ပါတီငယ်အချို့နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ အကြားမှာ ဆုံတွေ့မှုတွေနဲ့ အလုပ်တူညီ ညွတ်ရေးတွေလုပ်ခဲ့ကြတာကို တွေ့ရပါ တယ်။ ဒီလို အလုပ်တူညီညွတ်ရေးရဲ့ လား ရာက ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဟာမိတ် ဖွဲ့စည်းရေး အတွက်လား။

ဖြေ - ကျွန်တော်တို့ အခုပေါင်းလုပ်နေတာ က မဟာမိတ်ဖွဲ့ဖို့ မဟုတ်ဘူးခင်ဗျ။ ဒီ Issue  ဟာ မှားရင်မှားတယ်၊ မှန်ရင် မှန် တယ် စသည်ဖြင့် Issue  အပေါ်မူတည်ပြီး တိုင်းပြည်ရဲ့ဒီမိုကရေစီရေးကို တည့်မတ် အောင် ဝိုင်းလုပ်ကြတဲ့သဘောပဲ။

 

မေး - ပြည်ခိုင်ဖြိုးဟာ ၂ဝ၂ဝ မှာ မဟာ မိတ်ဖွဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့အတွက် ကမ်း လှမ်းတာမျိုးရော ရှိလား။

ဖြေ - မဟာမိတ်ဖွဲ့ဖို့ ကျွန်တော်တို့နဲ့ တော့ ကမ်းလှမ်းလာတာမျိုးတော့ မရှိသေး ဘူး။ ကျွန်တော်တို့ အခုပူးပေါင်းလုပ်နေ တာပဲ။ ပူးပေါင်းလုပ်နေတယ်ဆိုတာက Issue  အပေါ်မှာမူတည်ပြီး လုပ်ဆောင် တာ။ NLD နဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် တူညီတဲ့ Issue တွေကိုတော့ ပူး ပေါင်းပြီးလုပ်သွားမှာပဲ။ ကျွန်တော်တို့ရဲ့ သဘောထားကတော့ အဲဒါပဲ။ ဘယ်သူနဲ့ မဟာမိတ်လုပ်မယ်ဆိုတာကတော့ မလုပ် သေးပါဘူး။

 

မေး - ပါတီငယ်တွေစုစည်းပြီး ရွေးကောက် ပွဲရလဒ်ဆိုးတွေအပေါ် ပြန်လည်သုံးသပ် ကြဖို့ရော အစီအစဉ်ရှိ၊ မရှိ။

ဖြေ - ပါတီတိုင်းမှာကတော့ ရွေးကောက် ပွဲရလဒ်တွေကို ပြန်သုံးသပ်တာကတော့ ရှိတယ်။ ဒီလိုပြန်သုံးသပ်တဲ့နေရာမှာ တစ် ပါတီချင်းစီ သုံးသပ်ကြတာမျိုးရှိသလို ပါတီ တွေစုစည်းပြီး သုံးသပ်ကြတာလည်း ရှိပါ တယ်။ ဒါကတော့ ထုံးစံပဲလေ။

 

မေး - လက်ရှိအတိုင်းဆိုရင် ၂ဝ၂ဝ အလွန် ကာလတွေမှာ ပါတီငယ်တွေ တော်တော်လေး လျော့သွားနိုင်တယ်လို့ ယူဆပါသလား။

ဖြေ - ဒါကတော့ တဖြည်းဖြည်းနဲ့ ဒီလို ချည်းပဲလေ။ ကမ္ဘာ့နိုင်ငံရေးမှာတော့ ဒီလိုပဲ ကြိုးစားကြတာပဲ။ ပါတီအသေးလေး တွေကလည်း သူတို့ရဲ့ တက်ြ<ွကတဲ့လှုပ်ရှား မှုတွေကြောင့် ပါတီကြီးတွေဖြစ်သွားနိုင်တာပဲလေ။ ထုံးစံကတော့ နောက်ဆုံးမှာ နိုင်ငံရေးပါတီ အနေနဲ့ နှစ်ပါတီ၊ သုံးပါတီ၊ လေးပါတီစသည်ဖြင့် ဒီလောက်ပဲကျန် တော့မှာလေ။ တဖြည်းဖြည်းတော့ လျော့ သွားမှာပေါ့။

သူရိန်မိုး - မေးမြန်းသည်

#democracytoday

Rate this item
(0 votes)
back to top