HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီများ လှုပ်ရှားခွင့်ပြုမည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီများ လှုပ်ရှားခွင့်ပြုမည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု

ဘန်ကောက်၊ နိုဝင်ဘာ ၆

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန် အိုချာက၊ နိုင်ငံရေးပါတီများလှုပ် ရှားခွင့်ပိတ်ထားသည်ကို ဖယ်ရှား ပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဝန်ကြီးချုပ်ရွေးချယ်ရေးဆိုင်ရာ အော်ဂင်းနစ်လောရေးဆွဲအတည် ပြုပြီး နောက်လတွင် အသက်ဝင် ပြီးမှ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဘန်ကောက် ပို့စ်သတင်းစာက နိုဝင်ဘာ ၆ ရက် တွင် ဖော်ပြလိုက်သည်။

ဝန်ကြီးချုပ်ကပြောကြားရာ တွင် ရွေးကောက်ပွဲအတွက် နိုင်ငံ ရေးစည်းရုံးခွင့်နှင့် အခြားလှုပ်ရှား မှုများအတွက် အသေးစိတ်လုပ် ဆောင်သွားရန် မျှော်လင့်ထား ကြောင်း၊ သို့ရာတွင် အော်ဂင်းနစ် လောအတည်ပြုပြီးမှ ခွင့်ပြုနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အော်ဂင်းနစ်လော ၁ဝ ခုရှိ ရာ ဝန်ကြီးချုပ်ရွေးချယ်ရေး ဥပ ဒေမှာ နောက်ဆုံးဖြစ်ကြောင်း၊ အမျိုးသားဥပဒေပြု လွှတ်တော်ကရက် ၉ဝ ပြည့်မှ အတည်ပြုပေး မည်ဖြစ်ကြောင်း၊ ဤဥပဒေအား ဘုရင်ပြန်တမ်းတွင် ထည့်သွင်း ဖော်ပြခဲ့ရာ စက်တင်ဘာလက ပြီး ဆုံးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ဝ ရက်ကျော်လွန်ပါက အတည်ပြု သွားမည်ဖြစ်ကြောင်း ပရာယွတ် ကပြောကြားလိုက်သည်။


နိုင်ငံရေးပါတီများက နိုင်ငံ ရေးပိတ်ပင်မှုကို အမြန်ရုပ်သိမ်း စေလိုကြောင်း၊ သို့မှသာ ဖေဖော် ဝါရီ ၂၄ ရွေးကောက်ပွဲရက်မတိုင် မီ ကြိုတင်ပြင်ဆင်မှုများကို လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း ပြော ကြားခဲ့ကြသည်။ လက်ရှိတွင် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးအမျိုးသားကောင် စီ (NCPO) က လူငါးဦးထက်ပို၍ စုဝေးခွင့်နှင့် နိုင်ငံရေးမဲဆွယ်ခွင့် တို့ကို ပိတ်ပင်ထားဆဲဖြစ်သည်။ နိုင်ငံရေးပါတီများအား ခွင့်ပြု ချက်အနည်းငယ်ကိုသာ ပေးထား သေးသည်။ ပါတီအချင်းချင်း စွပ်စွဲပြောဆို မှုများပေါ်ပေါက်လာပါက အစိုးရ က ကြားမှပါဝင်မည်မဟုတ်ဟု ပရာယွတ်ကမေးခွန်းကိုဖြေကြား ရာ၌ ပြောကြားခဲ့သည်။


ပြည်သူများက ရွေးကောက် ပွဲကို အနီးကပ်စောင့်ကြည့်နိုင် ကြောင်း၊ ¤င်းတို့မှာ တရားသူကြီး များဖြစ်ကြသည်ဟုလည်း ပြော ကြားလိုက်သည်။ ရွေးကောက်ပွဲမဲဆွယ်ရာ၌ အကြမ်းဖက်မှုမဖြစ်စေရန် ဒုတိယ ဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆုဝန်က သက်ဆိုင်ရာအဖွဲ့များကို ညွှန်ကြား ထားကြောင်း ပြောကြားလိုက် သည်။ ရွေးကောက်ပွဲကို နိုင်ငံတကာ ကစိတ်ဝင်စားပြီးလေ့လာရန် ပြော ဆိုမှုများရှိကြောင်း ရွေးကောက် ပွဲကော်မရှင်ကဆိုသည်။

Ref; Bangkok Post

#democracytoday

Rate this item
(0 votes)
back to top