HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများ ထိုင်းတပ်မတော်မှ ထုတ်ပယ်မည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ထုတ်ဖော်ပြောဆို

မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများ ထိုင်းတပ်မတော်မှ ထုတ်ပယ်မည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ထုတ်ဖော်ပြောဆို

ဘန်ကောက်၊ နိုဝင်ဘာ ၆

ထိုင်းတပ်မတော်အကြီးအ ကဲဖြစ်သော ဗိုလ်ချုပ်ကြီးအပီရတ် ကွန်ဆွန်ပွန်က ပြည်တွင်းစစ်ဆင် ရေးအထူးအဖွဲ့ရုံးမှ မူးယစ်ဆေး ဝါးများနှင့်ပတ်သက်သည့်အရာရှိ များအား ရာထူးမှထုတ်ပယ်ခြင်း ပြုလုပ်မည်ဟု နိုဝင်ဘာ ၆ ရက် က ထိုင်းနိုင်ငံ ၇၇ ပြည်နယ်ပြည် တွင်းစစ်ဆင်ရေး အထူးအဖွဲ့များ အစည်းအဝေးတွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

မူးယစ်ဆေးဝါးကိစ္စရပ်များ အား တပ်ရင်း၊ တပ်ဖွဲ့များတွင် အထူးဂရုစိုက်ကြပ်မတ်နေသော် လည်း အချို့သောအရာရှိများသည် မူးယစ်ဆေးဝါးများနှင့်ပတ်သက် ခြင်း၊ သုံးစွဲခြင်းများရှိနေကြောင်း၊ ယင်းသို့သော အရာရှိများကို တပ် ဖွဲ့များမှ အမြန်ဆုံးထုတ်ပယ်ပစ် မည်ဟူ၍လည်း ထုတ်ဖော်ပြော ကြားလိုက်သည်။ ပြည်တွင်းစစ် ဆင်ရေးအဖွဲ့သည် အထူးသဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအ တွင်း အဓိကကျသော တပ်ဖွဲ့များဖြစ် နေ၍လည်း ပိုမိုတာဝန်ရှိကြောင်း ဟူ၍လည်း ထုတ်ဖော်ပြောကြား လိုက်သည်။


အမေရိကန်ကာကွယ်ရေး ဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ်တာနာသစ်ဆာဝန်ဆောင်က ထိုင်းနိုင်ငံတွင်းရှိ လက်နက်ကိုင် သောင်းကျန်းသူများသည် အိမ်နီး ချင်းနိုင်ငံနှင့် နယ်စပ်များတွင် မူး ယစ်ဆေးဝါးထုတ်လုပ်နေရာ ထိုင်း စစ်အရာရှိများသည် တစ်ဖတ်နိုင် ငံတွင် တာဝန်ရှိသလိုလို မိမိတို့နှင့် မဆိုင်သလိုလို လျစ်လျူရှုနေကြ ကြောင်းလည်း ထုတ်ဖော်ပြောဆို လိုက်သည်။ လက်နက်ကိုင်သောင်း ကျန်းသူများသည် မူးယစ်ဆေးဝါး မှရရှိသော ငွေများဖြင့် လက်နက် များဝယ်ယူကာ တိုက်ခိုက်နေကြ သည်ဟူ၍လည်း ထုတ်ဖော်ပြော ဆိုလိုက်သည်။


ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များ အနေနှင့် အာဏာပိုင်အဖွဲ့အစည်း များနှင့်လက်တွဲကာ မူးယစ်ဆေးဝါး စီးဆင်းနေမှုရပ်တန့်အောင် ထိထိ ရောက်ရောက်ဆောင်ရွက်ကြရမည် ဟုလည်း ထုတ်ဖော်ပြောဆိုလိုက် သည်။

Ref:Bangkok Post

#democracytoday

Rate this item
(0 votes)
back to top