HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ကြားဖြတ်ရွေးကောက်ပွဲ ကနဦးသုံးသပ်ချက် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ လာမည့် အပတ်တွင် တင်သွင်းဆွေးနွေးမည်ဟု ဒီချုပ်ပြောခွင့်ရ ဆို

ကြားဖြတ်ရွေးကောက်ပွဲ ကနဦးသုံးသပ်ချက် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ လာမည့် အပတ်တွင် တင်သွင်းဆွေးနွေးမည်ဟု ဒီချုပ်ပြောခွင့်ရ ဆို

ရန်ကုန်၊ နိုဝင်ဘာ ၇

ကြားဖြတ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကနဦးသုံးသပ်ချက်ကို ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ထံ လာမည့်အပတ်တွင် တင်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ဒီချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ပြောသည်။ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို လာမည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရလဒ်နှင့်ပတ်သက်ပြီး သုံးသပ် ဆွေးနွေးကာ သတင်းထုတ်ပြန်မှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက နိုဝင်ဘာ ၇ ရက်တွင်ပြောသည်။ ''ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက်အရ ထုတ်ပြန် သင့်တဲ့အချက်တွေကိုတော့ ထုတ် ပြန်ပေးသွားမယ်''ဟု ၎င်းက ဆက်လက်ပြောသည်။

ဒီမိုကရေစီစနစ်တွင် ပြည်သူ များ၏ နိုင်ငံရေးရေချိန်သည် အရေး ကြီးကြောင်း၊ ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်၏ အဓိကအသက် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ''မိမိတို့ရဲ့ဘဝ၊ မိမိတို့ရဲ့ နောင်လာနောက်သားတွေရဲ့ဘဝ တွေကို ရှေးရှုပြီးတော့ မှန်မှန် ကန်ကန်ရွေးချယ်မယ်ဆိုရင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ်ရှင်သန် ဖွံ့ဖြိုးပါလိမ့်မယ်''ဟု ၎င်းကပြောသည်။ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ဆောင်ရွက်မှုမှာ တရားမျှတမှုရှိသော်လည်း သတင်းအချက်အလက်ထုတ်ပြန်မှုနှောင့် နှေးခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု နည်းပါးခြင်းများကိုတွေ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။ ''ကော်မရှင်အဖွဲ့ဝင်တွေက အသစ်တွေဆိုတော့ လုပ်ငန်း ကျွမ်းကျင်မှုအားနည်းတာလည်း ပါပါမယ်''ဟု ၎င်းကဆိုသည်။


ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားလွှတ်တော် နေရာတွင် ပြည်ခိုင်ဖြိုးပါတီရရှိခဲ့သည့် ကြိုတင်မဲများနှင့်ပတ်သက်၍ ကချင်ဒီမိုကရက်တစ်ပါတီက ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်များကို မြို့ နယ်ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကြောင်း၊ အချက်အလက်များပြည့်စုံပါက ကန့်ကွက်သွားမည်ဖြစ်ကြောင်းက ပြောကြားထားသည်။ ယင်းနှင့်ပတ်သက်၍ အ ထောက်အထားခိုင်လုံပါက အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ကဆိုသည်။


''ကျွန်တော်တို့ပြောထားတာ တော့ အထောက်အထားခိုင်လုံမှကန့်ကွက်မှာ၊ အထောက်အထားမခိုင်လုံရင်မကန့်ကွက်ပါနဲ့လို့ပြောထားတယ်''ဟု ၎င်းက ပြောသည်။ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ခုနစ်နေရာဖြင့်အများဆုံးအနိုင်ရရှိခဲ့ပြီး၊ ပြည်ခိုင်ဖြိုးပါတီက သုံးနေရာ၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်က တစ် နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ပါတီက တစ်နေရာ၊ တစ်သီးပုဂ္ဂလ တစ်နေရာ အသီးသီးရရှိခဲ့ကြ သည်။

HWA

#democracytoday

Rate this item
(0 votes)
back to top