HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရိုဟင်ဂျာဆိုသူ လူငယ်တစ်ဦးကို မြန်မာလုံခြုံရေးဘက်မှ သေနတ်ဖြင့် ပစ်ခတ်ကြောင်း ရေးသားထားသည့် AFP သတင်း ဇာတ်လမ်းဆင် ဖော်ပြခြင်းဖြစ်ဟု ဒါကာရှိ မြန်မာသံရုံး ထုတ်ပြန်

ရိုဟင်ဂျာဆိုသူ လူငယ်တစ်ဦးကို  မြန်မာလုံခြုံရေးဘက်မှ  သေနတ်ဖြင့် ပစ်ခတ်ကြောင်း  ရေးသားထားသည့် AFP သတင်း ဇာတ်လမ်းဆင် ဖော်ပြခြင်းဖြစ်ဟု  ဒါကာရှိ မြန်မာသံရုံး ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၇

ရိုဟင်ဂျာ ဆိုသူလူငယ်တစ်ဦးကို မြန်မာနိုင်ငံ ရေမောင်ခလီ လုံခြုံရေးဘက်မှ သေနတ်ဖြင့် ပစ်ခတ်သည်ဟူ၍ ရေးသားထားသည့် AFP သတင်းမှာ ဇာတ် လမ်းဆင်ဖော်ပြခြင်းဖြစ်ကြောင်း ဒါကာရှိ မြန်မာသံရုံးကထုတ် ပြန်လိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့ထုတ် Daily Star သတင်း စာတွင် ''Rohingya teen injured in firing at border''  ခေါင်းစဉ်ဖြင့် အသက် ၁၅နှစ်အရွယ် Nurul Islam အမည်ရှိ ရိုဟင်ဂျာဆိုသူ လူငယ်တစ်ဦး နွားကျောင်းနေစဉ် မြန်မာနိုင်ငံ ရေမောင်ခလီလုံခြုံရေးစခန်းဘက်မှ သေနတ်ဖြင့် ၁၇ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ထိုလူငယ်၏ တံတောင်ဆစ်တွင် ဒဏ်ရာရရှိ သွားသည်ဟု ဘင်္ဂလားနယ်ခြားစောင့်တပ် (BGB) မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး Iqbal Ahmed က ပြောကြားခဲ့ကြောင်း AFP သတင်းဌာန၏သတင်းကို ထပ်ဆင့်ဖော်ပြခဲ့ကြောင်း ဒါကာမြို့ရှိ မြန်မာသံရုံးက နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာသံရုံး၊ ဒါကာမြို့အနေ ဖြင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဘက်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာနိုင်ငံဘက်မှ ပစ်ခတ်မှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်  (BGB) ဘက်မှ ကန့်ကွက် စာပေးပို့လာခြင်းလည်း မရှိကြောင်းနှင့် အဆိုပါသတင်း၌ဖော် ပြချက်မှာ သတင်းမှားသာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့ကြောင့် ရိုဟင်ဂျာဆိုသူ နွားကျောင်းသားလူငယ်အား မြန်မာဘက်မှ ပစ်ခတ်ခဲ့သည်ဟူ၍ Daily Star သတင်းစာ၌ ဖော်ပြခဲ့သည့် AFP သတင်းဆောင်းပါးမှာ လုံးဝမှားယွင်းပြီး အခြေအမြစ်မရှိကြောင်း၊ မကြာမီကာလအတွင်း မြန်မာနိုင်ငံဘက်မှ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာဒုက္ခသည်များအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်တော့မည်ဖြစ်သည့်အတွက် ထိုလုပ်ငန်းစဉ်နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်လိုခြင်း (သို့မဟုတ်) မိမိနေရပ်သို့ ပြန်လာရန် ဆန္ဒရှိနေသည့် နေရပ်စွန့်ခွာ ဒုက္ခသည်များအား လုံခြုံစိတ်ချဘေးကင်းသော အနေအထား မရှိသေးဟု အထင်မှားစေလိုခြင်းတို့ကြောင့် ယင်းကဲ့သို့ ရည် ရွယ်ချက်ရှိရှိ မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းဆင် ဖော်ပြခြင်း မျှသာဖြစ်ကြောင်း ဒါကာ၊ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင်ပါ ဝင်သည်။ 

HWA

#democracytoday

Rate this item
(0 votes)
back to top