HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အကြောင်းအရာ အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် မြိတ်မြို့၌ စတင်ကျင်းပ

အကြောင်းအရာ အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် မြိတ်မြို့၌ စတင်ကျင်းပ

မြိတ်၊ နိုဝင်ဘာ ၁၈

အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(အကြို)အရပ် ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်း ရေးဖိုရမ်ကို နိုဝင်ဘာ ၁၈ ရက်မှ ၂ဝ ရက်အထိ တနင်္သာရီတိုင်းဒေ သကြီး မြိတ်မြို့ ကျောက်ဖျာကျေး ရွာ၊ ကျွဲကူး ကျောက်ဖျာတံတား ထိပ်ရှိ ဓမ္မိကာရာမပညာဒါနဘုန်း တော်ကြီးကျောင်း၌ ကျင်းပနေ ကြောင်း သိရသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့ သောင်းခရိုင်အတွင်းရှိ မြို့နယ်များမှ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင် နေကြသော အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂ဝဝ ကျော်ခန့်တက်ရောက်ဆွေးနွေး ကြမည်ဖြစ်သည်။


''ပြီးခဲ့တဲ့ ဖိုရမ်တွေတုန်းက တက်ရောက်တဲ့သူတွေအနေနဲ့ ပေးထားတဲ့ခေါင်းစဉ်အလိုက် စာတမ်းတွေ့ပြုစုကြရတယ်။ UPDJC က ချမှတ်ထားတဲ့ ခေါင်းစဉ်တွေ ဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှု ရေး၊ စီးပွားရေးနဲ့ သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ကဏ္ဍတွေရှိပါတယ်။ အဲဒီကဏ္ဍတွေအထဲကမှ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ဖက်ဒရယ်ဆိုင်ရာ မူဝါဒအကြံပြုစာတမ်း၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါ ဒအကြံပြုစာတမ်းတွေကိုဆွေးနွေး ပြီး ဒီစာတမ်းနှစ်စောင်ကိုလာမယ့် (၂၁) ရာစုပင်လုံစတုတ္ထအ ကြိမ်အစည်းအဝေးကို တင်သွင်းသွားမှာဖြစ်ပါတယ်။ အခုဒီတတိယအကြိမ်မှာ မွန်၊ ကရင်၊ ဆလုံတိုင်းရင်းသားကိုယ်စားလှယ် တွေကိုဖိတ်ခေါ်နိုင်ခဲ့ပြီး ပူးပေါင်း ပါဝင်ဆွေးနွေးလျက်ရှိပါတယ်''ဟု တနင်္သာရီတိုင်းဒေသကြီး အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်း ရေးဖိုရမ်ဖြစ်မြောက်ရေးဦးဆောင် ကော်မတီမှ ကိုကျော်နိုင်ကပြောသည်။


ယခုကျင်းပသည့် ဖိုရမ်မှ ထွက်ပေါ်လာသော ဖက်ဒရယ်ဆိုင်ရာမူဝါဒအကြံပြုချက်စာတမ်းနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒရေးရာအကြံ ပြုစာတမ်းနှစ်စောင်ကို လာမည့် (၂၁)ရာစုပင်လုံစတုတ္ထအကြိမ်အစည်းအဝေးသို့ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

MN

#democracytoday

Rate this item
(0 votes)
back to top