M Bwe

M Bwe

တိုရွန်တို

အချိန်မတိုင်မီ မွေးဖွားသောကလေးများအား မိဘများ ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်းက ကလေးများ၏ ကျန်းမာရေးနှင့် ချမ်းသာသုခကို အထောက်အကူပြုစေနိုင်သည်ဟု လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်။ အချိန်မတိုင်မီ မွေးဖွားသောကလေးများအား ဆေးရုံဝန်ထမ်းများသာ ပြုစုစောင့်ရှောက်သည် ထက် မိဘများကိုယ်တိုင် ဂရုတစိုက် ပါဝင် စောင့်ရှောက်မှုကို သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့တွင် စမ်းသပ်မှုပြုခဲ့ကြသည်။

ဒမတ်စကတ်

လွန်ခဲ့သည့်ရက်သတ္တပတ်က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှားတိုက်ခိုက်ရေးသမားနှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။  သေဆုံးသူနှစ်ဦးမှာ ရုရှားလူမျိုးကြေး စားစစ်သားများဖြစ်ပြီး ဆီးရီးယားအစိုးရ လိုလားသောတပ်ဖွဲ့ကို ကျောထောက် နောက်ခံပြုနေသည့် ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုက ငှားရမ်းခဲ့သူများဖြစ် ကြောင်း သိရသည်။

ဂျေရုဆလင်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် စွပ်စွဲထားသည့် လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ စွဲချက်တင်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ မစ္စတာနေတန်ယာဟုသည် လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုတို့အတွက် စွဲချက်တင်ခံရလောက်သည့် အထောက်အထားရှိနေသည်ဟု သိရသည်။

ချန်ဒူ

တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ နိုင်ငံ၏ အနောက်တောင်ဘက် ဝေးလံခေါင်သီ သော နေရာဒေသမှ ဆင်းရဲသောမိသားစုများထံ တရုတ်သမ္မတ ရှီကျင့်ပင် သွားရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။ အဆိုပါအရပ် ဒေသမှာ မြေငလျင်ထိခိုက်ခံစားရသောအရပ် ဖြစ်ပြီး သမ္မတရှီက ငလျင်ထိခိုက်ခံစားရမှုကို လေ့လာစစ်ဆေးခြင်းလည်း ဖြစ်သည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၃

အဆိုတော်ကယ်တီပယ်ရီနှင့် မင်းသားအော်လန်ဒိုဘလွန်းတို့သည် လမ်းခွဲပြီး ၁၁ လအကြာတွင် ထပ်မံတွဲခုတ်နေကြကြောင်း သတင်းများထွက်ပေါ်လာသည်။ သတင်းအရင်းအမြစ်တစ်ခုက ''သူတို့ပြန်တွဲနေကြပါတယ်။ ကယ်တီက ဒီတစ်ယောက်တော့ အလုပ်ဖြစ်အောင် လုပ်ချင်နေတာပါ။ သူ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘလွန်းကိုတော့ သူ ဖြတ်လို့မရပါဘူး။ ကယ်တီက ဘလွန်းနဲ့ပတ်သက်လို့ တော်တော် လေးဂရုစိုက်ပါတယ်။ သူတို့ပြန်တွဲနေကြပါပြီ''ဟု The Sun Online သို့ ပြောကြားခဲ့သည်။

ကိုင်ရို၊ ဖေဖော်ဝါရီ ၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်၏ အရှေ့ အလယ်ပိုင်းခရီးစဉ် စတင်ထွက်ခွာခဲ့ရာ ပထမဆုံးနေရာအဖြစ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ဖေဖော်ဝါရီ ၁၂ ရက်က ရောက်ရှိခဲ့ပြီး နောက်ထပ်သွားမည့်နေရာများမှာ ဂျော်ဒန်၊ တူရကီ၊ လက်ဘနွန်နှင့် ကူဝိတ်တို့ဖြစ်ကြောင်း အီဂျစ်သတင်းဌာန MENA က ဖေဖော်ဝါရီ ၁၃ရက်က ဖော်ပြလိုက်ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ တီလာဆင်သည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမာရှောကရီ နှင့် တွေ့ဆုံမည်ဖြစ်ပြီး အီဂျစ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အရှေ့အလယ်ပိုင်း အဓိကပြဿနာများကို ပူးတွဲဖြေရှင်း ရေးကိစ္စများကို ဆွေးနွေးကြမည်ဖြစ်သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၃

တောင်ကိုရီးယားကနိုင်ငံ၏ အကြီးဆုံးနေစွမ်းအင်လုပ်ငန်းကို နိုင်ငံအနောက်ပိုင်း ကမ်းခြေတွင် ရေပေါ်လုပ်ငန်းအဖြစ် ထူထောင်မည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်မထိခိုက်သော စွမ်းအင်ထုတ်လုပ်မှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရပိုင်ကုမ္ပဏီ ကိုရီးယားဟိုက်ဒရိုနှင့် နျူကလီးယားပါဝါ (KHNP)က ပြောကြားလိုက်ကြောင်း Yonhap သတင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

မနီလာ၊ ဖေဖော်ဝါရီ ၁၃

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၃၃ သန်းတန်ဖိုးရှိသော ကနေဒါနိုင်ငံမှ လက်နက်များဝယ်ယူရန် သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီးနောက် တရုတ်၊ ရုရှား စသော အရှေ့တိုင်းမှ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများထံမှ ရဟတ်ယာဉ်များဝယ်ယူ နိုင်သည်ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂

ကေပေါ့ပ် အမျိုးသမီးတစ်ကိုယ်တော် အဆိုတော် BoA သည် လာမည့်သီတင်းပတ်တွင် အယ်လ်ဘမ်အသစ်တစ်ခုကို ဖြန့်ချိမည်ဖြစ်ကြောင်း ၎င်း၏ စီမံခန့်ခွဲရေး အေဂျင်စီက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ S.M. အင်တာတိန်းမန့်က BoA  ၏ "One Shot, Two Shot"  အယ်လ်ဘမ်ကို ဖေဖော်ဝါရီ ၂ဝ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် ဖြန့်ချိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂

ကိုရီးယားမင်းသမီး ကင်ဆိုရမ်သည် tvN ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်မည့် Mr. Sunshine ရုပ်သံဇာတ်လမ်းတွဲမှ ကျန်းမာရေးပြဿနာများကြောင့် နုတ်ထွက်မည်ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထွက်ပေါ်လာသော ကနဦးသတင်းများအရ မင်းသမီးကင်သည် စာရေးဆရာမကင်အွန်းဆော့၏ ဒရာမာမှ နုတ်ထွက်မည်ဟုဆိုသည်။ ထုတ်လုပ်ရေး ဝန်ထမ်းတစ်ဦးက ယင်းသတင်းကို အတည်ပြုခဲ့သည်။ ၎င်းက ''သူ့ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် သူရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားရမှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

Page 3 of 77