M Bwe

M Bwe

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

အမေရိကန် နာမည်ကြီးမော်ဒယ် ဘယ်လာဟားဒစ်အား နောက်ယောင်ခံနှောင့်ယှက်သူတစ်ဦးကို နယူးယောက်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် E Online သတင်းကဆိုသည်။ အသက် (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဘယ်လာဟား ဒစ်ကို နောက်ယောင်ခံ နှောင့်ယှက်ခဲ့ကြောင်း၊ ၎င်းကို တိုက်ခန်းရှေ့ တွင်တွေ့ရသဖြင့် ဘယ်လာဟားဒစ်က ရဲကို ဖုန်းဆက်ပြီးတိုင်ကြား ခဲ့ရာ ရဲက လာဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

Catastophe  ရုပ်ရှင်ဖြင့် နာမည်ကြီးခဲ့သော မင်းသားရော့ဘ်လာနေးက မိမိ၏နှစ်နှစ်အရွယ် သားဖြစ်သူ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဟု ပြောကြားကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် AP သတင်းကဆိုသည်။ မိမိ၏သားသည် ဥာဏ်ကောင်းပြီး အလွန်ချစ်စရာကောင်း သော ''လူဆိုး''လေးတစ်ဦးဖြစ်ကြောင်း ရော့ဘ်ဒီလာနေးက ဖေ့စ်ဘွတ်ခ်တွင် ပြောကြားသည်။

ချီကာဂို၊ ဖေဖော်ဝါရီ ၁ဝ

အမေရိကန်ပြည်ထောင်စု အ နောက်အလယ်ပိုင်းဒေသတွင် ဆောင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။ မုန်တိုင်းကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကိုလည်း ရပ်ဆိုင်းထားလိုက်ရကြောင်း အေပီသတင်းက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ဖော်ပြခဲ့သည်။

ဂျကာတာ၊ ဖေဖော်ဝါရီ ၁ဝ

အင်ဒိုနီးရှားရေတပ်သည် ဖေဖော်ဝါရီ ၁ဝ ရက်ကပြောကြား ခဲ့သည်မှာ ကမ်းလွန်ပင်လယ်ပြင်၌ ငါးဖမ်းသင်္ဘောတစ်စင်းမှ မီသိုင်းဖက်တာမင်း မူးယစ်ဆေးဝါးအခဲတစ်တန်ကို ဖမ်းဆီးလိုက်ရမိလိုက်ကြောင်း CNA သတင်းက ဖော်ပြခဲ့သည်။  ဒေသခံသတင်းများက အဆိုပါမူးယစ်ဆေးဝါးများကို ဆန်အိတ်များကြား၌ ဝှက်ယူလာပြီးသင်္ဘောမှာ MV sunrise Glory  အမည်ဖြင့် စင်ကာပူနိုင်ငံအလံကို လွှင့်ထူထား ကြောင်း၊ သင်္ဘောသားများမှာ ထိုင်ဝမ်နိုင်ငံသားများဖြစ်ကြသည် ဟုဆိုသည်။

ဆိုးလ်၊ ပြုံချမ်း၊ ဖေဖော်ဝါရီ ၁ဝ

အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်သည် ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲတွင် မြောက်ကိုရီးယားအမည်ခံခေါင်းဆောင်နှင့် မတွေ့ဆုံရန်အတွက် ဖွင့်ပွဲအခမ်းအနားသို့ ခဏတာသာ တက်ရောက်ခဲ့ကြောင်း၊ မြောက်ကိုရီးယားကိုယ်စားလှယ်များလည်း အဆိုပါအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြလိုက်သည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနှင့် ဖေဖော်ဝါရီ ၉ ရက်က အိမ်ဖြူတော်တွင်တွေ့ဆုံကာ ဒေသတွင်းရေးရာများဖြစ် သော မော်လ်ဒိုက်နိုင်ငံရေး၊ အာဖဂန်နစ္စတန်တိုက်ခိုက်မှုများ၊ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ရေးရာများအား ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန် ပြောဆိုလိုက်သည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၉

မင်းသမီး နာတာလီယာပို့တ်မန်းက အခြားမင်းသမီးများနှင့် စကား ကတောက်ကဆတ် ဖြစ်လေ့မရှိဘဲ အတူတူအလုပ်တွဲလုပ်ပါက အမျိုးသမီးများမှာ ပိုမိုအင်အားခိုင်မာလာကြောင်း ဝန်ခံပြောကြားလိုက်သည်။ အသက် (၃၆)နှစ်အရွယ် မင်းသမီးက ဟောလိဝုဒ်တွင် အမျိုးသမီးများအပေါ် ဆက်ဆံမှုအကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ ပြီး ဟောလိဝုဒ်နာမည်ကျော် ရုပ်ရှင်များတွင် အဓိကသရုပ်ဆောင်အ ဖြစ်ပါဝင်ရန် အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ရန်ဖြစ်မနေသင့်ကြောင်းလည်း ပြောဆိုလိုက်သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၉

ကေပေါ့ပ်အဆိုတော် ဘတ်ဂျီယောင်း၏ခင်ပွန်း၊ မင်းသားဂျောင်ဆော့ဝန်သည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံလိုက်ရပြီး မူးယစ်ဆေးသုံးစွဲမှုစွဲချက် ဖြင့် စစ်ဆေးခံနေရကြောင်းသိရသည်။ ဖေ ဖော်ဝါရီ ၉ ရက်တွင် ဆိုးလ် မက်ထရိုပိုလီတန် ရဲအေဂျင်စီက သြစတေးလျမှ ကိုရီးယားသို့ပြန်လာချိန် အင်ချွန်းလေဆိပ်၌ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် မူးယစ်ဆေးသုံးစွဲမှု စွဲချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း အတည်ပြုခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၉

စိတ်ကူးယဉ် ဒရာမာရုပ်ရှင်ဖြစ်သော "Along With the Gods: The Two Worlds" ရုပ်ရှင်သည် တောင်ကိုရီးယားနိုင်ငံတွင် ဒုတိယလူကြည့်အ များဆုံး ရုပ်ရှင်ဖြစ်လာခဲ့ကြောင်းသိရသည်။ ကိုရီးယားရုပ်ရှင်ကောင်စီမှ ထုတ် ပြန်သော ရုံဝင်ငွေစာရင်းအရ ပရိသတ်များအကြား လူကြိုက်များခဲ့သော ယင်းရုပ်ရှင်သည် ရုံတင်ပြသအပြီး ၅၁ ရက်မြောက်ဖြစ်သော ဖေဖော်ဝါရီ ၈ ရက် ညနေ ၆ နာရီတွင် စုစုပေါင်း လာရောက်ကြည့်ရှုသူ ၁၄၂၅၉၃၉၄ ဦးအထိ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉

ချက္ကရီမင်းဆက် ထိုင်းဘုရင်များက အမေရိကန်သမ္မတများအား ပေးခဲ့သောလက်ဆောင်များကို လာမည့်မတ်လမှစ၍ ဘုရင်မသီရိ ခေတ်၏ဝတ်လဲတော်များ ပြတိုက်တွင်ခင်းကျင်းပြသမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက် ဘန်ကောက် ပို့စ်သတင်းကဆိုသည်။ မတ် ၂၁ ရက်မှ ဇွန် ၃ဝ ရက်အထိကျင်းပမည့် အဆိုပါပြပွဲတွင် အဋ္ဌမမြောက်ရာမဘုရင်က အမေရိကန်သမ္မတ ဖရန်ကလင် ရုစဗဲ့ကိုပေးခဲ့သော ရွှေစီးကရက်ဘူးလည်းပါဝင်မည်။ ပြသမည့် ပစ္စည်းအများစုမှာ အများပြည်သူကို တစ်ကြိမ်မှမပြသဖူးသည့် ပစ္စည်းများဖြစ်ကြသည်။

Page 5 of 77