M Bwe

M Bwe

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၁ 

မကြာသေးမီကမှ လက်ထပ်ထိမ်းမြားခဲ့ကြသော ဂျွန်စတားမို့စ်နှင့် ကိတ်လင်းမတ်ဟုခ်ျတို့သည် ဒစ်စနေးလန်းအပန်းဖြေဥယျာဉ်သို့ ပျားရည်ဆမ်းခရီး ထွက်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး စတင်တွေ့ဆုံချစ်ကြိုက်ခဲ့သည်မှာ ဒစ္စနေးလန်း ဖြစ်သောကြောင့် တစ်ကျော့ပြန် ထပ်မံသွားရောက်ရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် E Online သတင်းကဆိုသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁

တရုတ်နိုင်ငံ ပေကျင်းရဲတပ်ဖွဲ့သည် ဇီဒန်းခရိုင် Jay City Mall  ကုန်တိုက်တွင် ဓားကိုင်ရမ်းကားခဲ့၍ အနည်းဆုံး လူတစ်ဦးဒဏ်ရာရရှိသွားခဲ့ခြင်းအတွက် တရားခံဖြစ်သူအား ဖေဖော်ဝါရီ ၁၁ ရက်နေ့က လက်ပူးလက်ကြပ်ဖမ်းဆီးလိုက်သည်ဟု သတင်းများအရ သိရှိရသည်။ သို့သော် ဓားဖြင့်တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသူ ဦးရေအတိအကျအား ရဲတပ်ဖွဲ့က ထုတ်ဖော်မပြောခဲ့ချေ။ 

ဆိုးလ်(ပိုဟန်)၊ ဖေဖော်ဝါရီ ၁၁

ပြင်းအား ၄ဒသမ၆ မဂ္ဂနီကျူရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု တောင်ကိုရီးယားနိုင်ငံ ပိုဟန်မြို့အရှေ့တောင်ဘက်တွင် ဖေဖော်ဝါရီလ ၁၁ရက် နံနက် ၅းဝ၃နာရီက လှုပ်ခတ်သွားခဲ့၍ လူပေါင်း ၂၂ဦး ထိခိုက်ဒဏ်ရာများ အနည်းငယ်စီရရှိခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁

ဖေဖော်ဝါရီ ၁ဝ ရက်တွင် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများက စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ရာတွင် ခြောက်ဦးသေဆုံးခဲ့ပြီး နောက် အိန္ဒိယတပ်မတော်က စစ်သွေးကြွများကို လိုက်လံရှာဖွေတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွလေးဦးသေဆုံးခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးသတင်းများက အတည်ပြုပြောကြားခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြဋ္ဌာန်းမည့် ပြည်ထောင်စုအခွန်ဥပဒေကို လက်တွေ့လုပ်ငန်းဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအကြား အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံတော်မှ အခွန်ကောက်ခံရန်ဥပဒေပြဋ္ဌာန်းပြီးမှ ၎င်းဥပဒေပေါ်တွင် အငြင်းပွားနေမှုများမရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာအခွန်ဦးစီးဌာနများမှာဦးစီးသော အခွန်ကိစ္စ ရပ်များဆိုင်ရာဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

နယူးမက္ကဆီကို၊ ဖေဖော်ဝါရီ ၁ဝ

ကျူးဘားနွယ်ဖွား အမေရိကန်အဆိုတော်၊ တေးရေးဆရာမက မီလာကာဘယ်လိုသည် မက္ကဆီကိုနိုင်ငံ ကမ်းခြေတစ်ခုတွင် ချစ်သူနှင့်အတူ အပန်းဖြေခဲ့ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် E Online  သတင်းကဆိုသည်။ '' Havana ''သီချင်းဖြင့် နာမည်ကြီးခဲ့သော ကမီလာကာဘယ်လိုနှင့် ချစ်သူ မက်သရူးဟတ်ဆီတို့ ကမ်းခြေတွင် ပြုံးပျော်နေသည်ကို ဓာတ်ပုံထဲတွင် တွေ့ရသည်။ မက်သရူးဟတ်ဆီသည် နာမည်ကြီး စာရေးဆရာတစ်ဦးဖြစ်သည်။ ၎င်းသည် Cosmopolitan မဂ္ဂဇင်းတွင် ဘဝနေထိုင်နည်း ဆောင်းပါးများ ပင်တိုင် ရေးသားလျက်ရှိသည်။

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

အမေရိကန် နာမည်ကြီးမော်ဒယ် ဘယ်လာဟားဒစ်အား နောက်ယောင်ခံနှောင့်ယှက်သူတစ်ဦးကို နယူးယောက်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် E Online သတင်းကဆိုသည်။ အသက် (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဘယ်လာဟား ဒစ်ကို နောက်ယောင်ခံ နှောင့်ယှက်ခဲ့ကြောင်း၊ ၎င်းကို တိုက်ခန်းရှေ့ တွင်တွေ့ရသဖြင့် ဘယ်လာဟားဒစ်က ရဲကို ဖုန်းဆက်ပြီးတိုင်ကြား ခဲ့ရာ ရဲက လာဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

Catastophe  ရုပ်ရှင်ဖြင့် နာမည်ကြီးခဲ့သော မင်းသားရော့ဘ်လာနေးက မိမိ၏နှစ်နှစ်အရွယ် သားဖြစ်သူ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဟု ပြောကြားကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် AP သတင်းကဆိုသည်။ မိမိ၏သားသည် ဥာဏ်ကောင်းပြီး အလွန်ချစ်စရာကောင်း သော ''လူဆိုး''လေးတစ်ဦးဖြစ်ကြောင်း ရော့ဘ်ဒီလာနေးက ဖေ့စ်ဘွတ်ခ်တွင် ပြောကြားသည်။

ချီကာဂို၊ ဖေဖော်ဝါရီ ၁ဝ

အမေရိကန်ပြည်ထောင်စု အ နောက်အလယ်ပိုင်းဒေသတွင် ဆောင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။ မုန်တိုင်းကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကိုလည်း ရပ်ဆိုင်းထားလိုက်ရကြောင်း အေပီသတင်းက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ဖော်ပြခဲ့သည်။

ဂျကာတာ၊ ဖေဖော်ဝါရီ ၁ဝ

အင်ဒိုနီးရှားရေတပ်သည် ဖေဖော်ဝါရီ ၁ဝ ရက်ကပြောကြား ခဲ့သည်မှာ ကမ်းလွန်ပင်လယ်ပြင်၌ ငါးဖမ်းသင်္ဘောတစ်စင်းမှ မီသိုင်းဖက်တာမင်း မူးယစ်ဆေးဝါးအခဲတစ်တန်ကို ဖမ်းဆီးလိုက်ရမိလိုက်ကြောင်း CNA သတင်းက ဖော်ပြခဲ့သည်။  ဒေသခံသတင်းများက အဆိုပါမူးယစ်ဆေးဝါးများကို ဆန်အိတ်များကြား၌ ဝှက်ယူလာပြီးသင်္ဘောမှာ MV sunrise Glory  အမည်ဖြင့် စင်ကာပူနိုင်ငံအလံကို လွှင့်ထူထား ကြောင်း၊ သင်္ဘောသားများမှာ ထိုင်ဝမ်နိုင်ငံသားများဖြစ်ကြသည် ဟုဆိုသည်။

Page 6 of 79