M Bwe

M Bwe

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၅

အလှမင်းသမီး ကိုင်လီဂျန်နာသည် လက်တွဲဖော် ထရာဗစ်စကော့နှင့် ရရှိခဲ့သည့် ရင်သွေးလေးကို ပြီးခဲ့သည့် ဖေ ဖော်ဝါရီ ၁ ရက်တွင် မွေးဖွားခဲ့ပြီဟုသိရသည်။ 'Keeping Up With The Kardashians' စတား ကိုင်လီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ၎င်း၏ အင်စတာဂရမ်အကောင့်၌ သမီးမိန်းကလေးကို မွေးဖွားခဲ့ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၅

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ GOT7 သည် လာမည့်မတ်လတွင် အယ်လ်ဘမ်အသစ်တစ်ချပ်ကို ဖြန့်ချိမည်ဖြစ်ကြောင်း ၎င်းတို့၏ စီမံ ခန့်ခွဲရေးကုမ္ပဏီက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားလိုက်သည်။ အဖွဲ့ဝင် ခုနစ်ဦးပါဝင်သောအဖွဲ့က လာမည့် ဖေဖော်ဝါရီ ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် ဆိုးလ် တက္ကသိုလ်၌ ပြုလုပ်မည့် ပရိသတ်တွေ့ဆုံပွဲများအတွက် အစီအစဉ်ကိုလည်း ထုတ်ပြန်လိုက်ကြောင်း JYP အင်တာတိန်းမန့်က ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၅

အမေရိကန်အဆိုတော် ဂျက်စတင်တင်းဘာလိတ်သည် Super Bowl (အမေရိကန်ဘောလုံး နောက်ဆုံးဗိုလ်လုပွဲ) အားလပ်ချိန် ဖျော်ဖြေမှုအတွက် အငြင်းပွားစရာကိစ္စများ ဖြစ်ပေါ်ခဲ့သော်လည်း အံ့သြလောက်ဖွယ်ဖျော်ဖြေမှုကို တင်ဆက်နိုင်ခဲ့သည်။ အသက် (၃၇)နှစ်အရွယ် အဆိုတော် ဂျက်စတင်သည် ဖေဖော်ဝါရီ ၄ ရက်တွင် U.S. Bank Stadium ၌ ပြုလုပ်ခဲ့သည့်ပွဲတွင် ၎င်း၏ နာမည်ကျော်သီချင်းများကို ဖျော်ဖြေခဲ့သည်။

မင်နီပိုးလစ်၊ ဖေဖော်ဝါရီ ၎

အမေရိကန်ဖွတ်ဘောရာသီ၏ နောက်ဆုံးဗိုလ်လုပွဲ ဆူပါဘောင်းတွင် ဂျက်စတင်တင်ဘာဘလိတ်နှင့်အတူ တွဲဖက်သီဆိုဖျော် ဖြေမည်မဟုတ်ဟု ဂျက်နက်ဂျက်ဆင်က ပြောကြားလိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက် AP သတင်းကဆိုသည်။ ''မနက်ဖြန် ဆူပါဘောင်းမှာ ကျွန်မဖျော် ဖြေမလား၊ မဖျော်ဖြေဘူးလားဆိုတဲ့ ကောလာ ဟလသတင်းတွေ အဆုံးသတ်ရအောင်၊ ကျွန်မ ဖျော်ဖြေမှာမဟုတ်ဘူး''ဟု ဂျက်ဆင်က ကြေညာချက်ထုတ်ပြန်သည်။ ''အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးနဲ့ အမြန်ဆုံး ပြန်တွေ့ဖို့ မျှော်လင့်နေပါတယ်''ဟု ၎င်းကဆိုသည်။

ကဘူးလ်၊ ဖေဖော်ဝါရီ ၎

အာဖဂန်နစ္စတန်နိုင်ငံသမ္မတ အက်ရှ်ရက်ဖ်ဂါနီသည် ငြိမ်းချမ်း ရေးကိုလိုလားသော စစ်သွေးကြွများအား ဆွေးနွေးပွဲတံခါးဖွင့်ထားမည်ဖြစ်ပြီး ကဘူးလ်မြို့အား မကြာ သေးမီက အကြမ်းဖက်တိုက်ခိုက်ခဲ့သော စစ်သွေးကြွများနှင့် တွေ့ ဆုံဆွေးနွေးမည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက် သမ္မတရုံးသတင်းများအရသိရသည်။

ဘာလင်၊ ဖေဖော်ဝါရီ ၎

မြောက်ကိုရီးယားသည် ဒုံးကျည်အစိတ်အပိုင်းများရရှိရန် ဘာလင်မြို့ရှိ ၎င်းတို့၏သံရုံးကို အသုံးချလျက်ရှိသည်ဟု ဂျာမနီ ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ (BfV) အကြီးအကဲက စွပ်စွဲ ပြောကြားကြောင်း ဖေဖော်ဝါရီ ၄ ရက်ရိုက်တာသတင်းကဆိုသည်။ ဂျာမနီအခြေစိုက် NDR ရုပ်သံတွင် ဖေဖော်ဝါရီ ၅ ရက်၌ ထုတ်လွှင့်မည့်အင်တာဗျူး၌ BfV အကြီးအကဲ ဟန်းစ်ဂျော့မာအက်ဆင်က ''အဲဒီသံရုံးကနေပြီး အစိတ်အပိုင်းတွေရဖို့လုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချထားတယ်။ အဓိကကတော့ ဒုံးကျည်အစိတ်အပိုင်းတွေပါ။ တစ်ခါတလေမှာတော့ နျူကလီးယား ပစ္စည်းတွေလည်းပါတယ်''ဟု ပြောသည်။

ဒါကာ၊ ဖေဖော်ဝါရီ ၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် လေထုညစ်ညမ်းမှု များပြားနေပြီး ကမ္ဘာ ပေါ်၌ အဆိုးရွားဆုံး လေထုညစ်ညမ်းမှု မြို့ဖြစ်နေသည်ဟု ဖေဖော်ဝါရီ ၄ ရက် သတင်းများအရသိရှိရသည်။ အမေရိကန်လေထု အညွှန်းကိန်း တိုင်းတာရေးအဖွဲ့က ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီအချိန်က သတင်းထုတ် ပြန်ခဲ့ပြီး ဒါကာမြို့သည် အမှတ် ၂၄၂ မှတ်ရရှိပြီး လေထုညစ်ညမ်းမှု အဆိုးရွား ဆုံးအဖြစ် တွေ့ရှိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၎


မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မှုခင်းကျဆင်းရေး၊ မှုခင်းမဖြစ်ပွားစေရေးနှင့် ပြည်သူများ စိတ်ချမ်းမြေ့စွာနေထိုင်သွားလာနိုင်ရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့သည် ညစဉ်ပိတ်ဆို့ရှာဖွေ စစ်ဆေးရေးများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘန်ကောက်၊ ဖေဖော်ဝါရီ ၃

 

ထိုင်းအစိုးရသည် ကမ္ဘာလှည့် ခရီးသွားလာရေးလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပြီး ယင်းသည်တစ်နှစ်လျှင် ၉-၁ဝ ရာခိုင် နှုန်းလာမည့်ငါးနှစ်မှခြောက်နှစ်အတွင်း တိုးတက်စေရန် ရည်ရွယ်ထားသည်ဟု ထိုင်းခရီးသွားလာရေး နှင့်အားကစားဝန်ကြီးဌာနမှ ဝီရာဆက်ကိုဆူရတ်က ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုင်းခရီးသွားလုပ်ငန်းသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်နှစ်အတွင်း ဖွံ့ဖြိုးတိုး တက်လာကာ အောက်ခြေလူတန်း စားများအတွက်လည်း ဝင်ငွေကောင်း မွန်စေခဲ့သည်ဟုလည်းသိရှိရသည်။  ''အစိုးရရဲ့ခရီးသွားလာမှု လုပ်ငန်းအပေါ်ထားရှိတဲ့ အဓိကရည် မှန်းချက်ကတော့ အောက်ခြေလူ တန်းစားများအနေနဲ့ ဝင်ငွေကောင်းမွန်စွာရရှိပြီး နိုင်ငံချောင်လည်စေ ဖို့ပါပဲ''ဟု ဝီရာဆက်ကိုဆူရတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဖေဖော်ဝါရီ ၂ ရက်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးထံသို့ တယ်လီဖုန်းဖြင့် ကိုရီးယားကျွန်းဆွယ် အခြေအ နေနှင့် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်စခန်း ပြောင်းရွှေ့ရေးတို့ကို ပြောကြားခဲ့ကြကြောင်း ဆင်ဟွာသတင်းက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြလိုက်သည်။ အိမ်ဖြူတော်၏ ကြေညာချက်၌ဖော်ပြရာတွင် ထရန့်နှင့် အာဘေးတို့သည် အိုကီနာဝါရှိ အမေရိကန် မရိမ်းတပ်စခန်း ရွှေ့ ပြောင်းရေးနှင့် ဂျပန်၏ဒုံးကျည် ကာကွယ်ရေးစွမ်းရည်နှင့် ဒုံးကျည်ကာကွယ်ရေးစနစ် တိုးချဲ့သွားရန် ကိစ္စလည်း ပါဝင်သည်ဟု ဖော်ပြခဲ့သည်။

Page 9 of 77