• About Us
  • Advertise
  • Careers
  • Contact Us
Friday, December 6, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ NCA တွင် အမြန်ဆုံး ပါဝင် လက်မှတ်ထိုးနိုင်ရေး aဆာင်ရွက်မည်

by M Bwe
June 13, 2019
in Political
1 min read
0
0
SHARES
8
VIEWS
Share on FacebookShare on Twitter

RelatedPosts

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019

ရန်ကုန်၊ ဧပြီ ၂၇

ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် အမြန်ဆုံးပါ ဝင် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းရေး ကော်မရှင်နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP  ၏ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေးကော်မတီတို့သည်ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် နှစ်ရက်တာ တရားဝင်ဆွေးနွေးမှုအပြီး ဧပြီ ၂၇ ရက်က ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ KNPP အနေဖြင့် NCA တွင် အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုး နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပြီး ပါဝင်မရေးထိုးနိုင်မီ ရေ တိုကာလတွင် အချက်သုံးချက်ကို ဆောင်ရွက်သွားရန်လည်း နှစ်ဖက် အကြား သဘောတူညီခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ ပထမအချက်မှာ Local Monitoring Team and JMC ကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့များသွားလာမှု၊ ဆက် သွယ်မှု ပြည်နယ်အဆင့်တွင် ညှိ နှိုင်းရေးကိစ္စ၊ ပြည်နယ်အစိုးရနှင့်  KNPP အကြားနှစ်ဖက် သဘော တူညီထားသည့်အတိုင်း ပုံမှန်တွေ့ ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ပြည် နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စ၊ ပြည်နယ်အဆင့်တွင်လည်းကောင်း၊ ပြည် ထောင်စုအဆင့်တွင်လည်းကောင်း၊ နှစ်ဖက်ညှိနှိုင်းသဘောတူထား သော ဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်ရန်ဖြစ်သည်။တတိယအချက်မှာ တပ်ပိုင်း ဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ဆွေး နွေးရာတွင် တိုးတက်မှုများရရှိခဲ့ပြီး နှစ်ဖက်ညှိနှိုင်းသဘောတူညီသည့် အတိုင်း ဆက်လက်ဆောင်ရွက်ရန် တို့ဖြစ်သည်။ အထက်ဖော်ပြပါ အချက်များကို နှစ်ဖက်ညှိနှိုင်းဆွေး နွေးသဘောတူညီမှုရှိခဲ့သဖြင့် KNPP အနေဖြင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ရန် သဘောတူညီခဲ့ဟု ထုတ်ပြန် ကြေညာကြောင်း ပါရှိသည်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက” ဆွေးနွေး ခြင်းညှိနှိုင်းခြင်းသည် အကျိုးရလဒ်က ဘာရှိလဲဆိုတော့ နံပါတ်တစ် အဖြေထွက်လာတယ်ဆိုတဲ့ နှစ်ဖက် ဆုံးဖြတ်ချက်က မင်္ဂလာတစ်ပါးပါ ပဲ။ ဒုတိယတစ်ခုက ဒါကိုစောင့် ကြည့်နေကြတဲ့ ပြည်သူတွေ။ အထူး သဖြင့် ကယားပြည်နယ်မှာရှိတဲ့ ပြည်သူတွေ။ သူတို့အတွက် လက် ဆောင်ကောင်းပေးနိုင်တာ။ သတင်း ကောင်းပါးနိုင်တာပါပဲ”ဟု ဆွေး နွေးပွဲအပြီး နိဂုံးချုပ်အမှာစကား ပြောသည်။ ယခုအဖြေကို နှစ်ဖက်ခေါင်း ဆောင်များက ဝမ်းသာအားရရှိကြ မည်မှာ မြေကြီးလက်ခတ် လွဲမည် မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေးမတိုင်မီ KNPP အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစား ပေးစေလိုကြောင်း ဒေါက်တာတင် မျိုးဝင်းက ပြောကြားခဲ့ကြောင်း သိ ရသည်။

”ကျွန်တော်ရဲ့မျှော်လင့်ချက်တစ်ခု၊ တောင်းဆိုချက်တစ်ခုက ဘာလဲဆိုတော့ မေလနောက်ဆုံး ပတ်မှာလုပ်မယ့် တတိယအကြိမ် ပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးညီလာခံမှာ ဒီကညီနောင်တွေက လက်မှတ်ရေးထိုးနိုင်မယ့် အခြေ အနေတစ်ခုကို ဖန်တီးပေးနိုင်မယ် ဆိုရင် တကယ့်သမိုင်းဝင်ပါပဲ။ ညီလာခံမစခင်မှာ နှစ်ဖက်ခေါင်း ဆောင်တွေ စကားပြောပြီး လက် မှတ်ထိုးသွားနိုင်ရင် တကယ့်ကို သမိုင်းဝင်တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီက ညီနောင်ခေါင်းဆောင်များကို တိုက် တွန်းချင်တာက ဖြစ်နိုင်ရင် ဝိုင်း ဝန်းပြီးကြိုးစားပေးပါ” ဟု ဒေါက် တာတင်မျိုးဝင်းက ပြောသည်။

လက်ရှိရရှိထားသည့် ပဏာမအပစ်အခတ်ရပ်စဲရေးကို ကျင့်သုံး ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း KNPP  ၏ ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်း ဆောင် ဦးဘီထူးကဆိုသည်။ ဦးဘီထူးက ”ကရင်နီအမျိုး သားတိုးတက်ရေးပါတီအနေနဲ့ ပြည် သူလူထု လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးခရီးကို တစိုက် မတ်မတ် လျှောက်လှမ်းနေပါတယ် ဆိုတာကို အသိပေးလိုပါတယ်။ နှစ် ရက်တာ ဆွေးနွေးပွဲအတွင်း နှစ် ဖက်ခေါင်းဆောင်များအကြား အ ပြန်အလှန်ဆွေးနွေးခဲ့ပြီး တိုးတက် မှုတွေရရှိခဲ့ပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။

YM

#democracytoday

Previous Post

ပြည်တွင်း လိင်လုပ်ငန်းနှင့် ရေလုပ်တို့ငန်းတွင် လူကုန်ကူးခံရမှုမြင့်တက်

Next Post

မသန်စွမ်းများ အကြမ်းဖက်ခံရပါက အွန်လိုင်းမှ တိုင်ကြားနိုင်ပြီ

M Bwe

Related Posts

Political

ကွမ်းလုံ-နားတီးတံတားကို မြောက်ပိုင်းသုံးဖွဲ့က မိုင်းခွဲဖျက်ဆီး နမ့်ပေါင်တိုက်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ပစ်ခတ်တိုက်ခိုက်ခံရ

August 30, 2019
Political

ဗစ်တိုးရီးယားကလေးငယ် ဓာတ်ပုံရွေးထုတ်ပြသည့် ဗီဒီယိုဖိုင်သုံးဖိုင်ကို ဥပဒေအရာရှိက သက်သေခံမဝင်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ဗီဒီယိုဖိုင်များကို တရားရုံးက လက်ခံ၊ စွပ်စွဲခံအောင်ကြီး အာမခံရရှိရေးကိုဆောင်ရွက်မည်ဟု ရှေ့နေဆို

August 30, 2019
Political

မန္တလေးမြို့ပေါ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်တွင် သေနတ်၊ ဓားများနှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

August 30, 2019
Political

လုပ်ငန်းပမာဏနှင့် တရားသူကြီးအင်အားမမျှတသဖြင့် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ရန်လိုဟု လွှတ်တော်အမတ်ဆို

August 28, 2019
Political

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲချက်ငါးချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေးမည်

August 28, 2019
Political

ကွတ်ခိုင်-မူဆယ်ကားလမ်းပေါ် ယာဉ်များပစ်ခတ်ခံရ၊ တွဲကားဘီးများပျက်စီးကာ ကန့်လန့်ခံနေသဖြင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်

August 28, 2019
Next Post

မသန်စွမ်းများ အကြမ်းဖက်ခံရပါက အွန်လိုင်းမှ တိုင်ကြားနိုင်ပြီ

Discussion about this post

Connect with us

ADVERTISEMENT

Recommended

Yangon Media Group

မိုဘိုင်းဖုန်းသုံးစွဲသူများ၏ အချက်အလက် ၄၆ သန်းပေါက်ကြားခဲ့သည်ဆိုသော ကိစ္စကို မလေးရှား စုံစ

2 years ago
Yangon Media Group

အမျိုးသားစာပေတစ်သက်တာဆုရ ဦးဝင်းမွန်(တက္ကသိုလ်ဝင်းမွန်) ကွယ်လွန်

2 years ago

သမီးလေးနဲ့ ဆက်ဆံရေးကောင်းလို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကိုခံခဲ့ရတဲ့ မင်းသမီး ရီဆီဝှစ်သာစပွ?

6 months ago

ပြည်တွင်းစစ် ဖြစ်လာသည်မှာ နှစ်ပေါင်း(၆ဝ) ကျော်လာပြီ၊ လူထုက တောင်းဆိုနေသည့် ငြိမ်းချမ်းရေးရ?

2 years ago

လိုပီတီဂူ ကို ထုတ်ပယ်ခဲ့ခြင်းကြောင့် စပိန်အသင်းတွင်း ပုန်ကန်မှု မရှိဟုဆို၊ အပြောင်းအလဲ အနည??

1 year ago

Popular News

  • မိုးကုတ်မြို့တွင် နိုင်ငံခြားသားများ ကျောက်မျက် ရောင်းဝယ်သယ်ယူရာ၌ အခက်အခဲများ ရှိနေ၊ GTC(Gem Trad

    0 shares
    Share 0 Tweet 0
  • အီရန်နျူကလီးယား ဘဘောတူညီချက်ကို နာက်ထပ် ရက်ပေါင်း ၁၂ဝ သာထောက်ခံတော့မည်ဟု ထရန့်ပြော

    0 shares
    Share 0 Tweet 0
  • ဝေဖန်မှုများကြောင့် စပိန်အသင်းမှ ပီကေး အနားယူမည် မဟုတ်

    0 shares
    Share 0 Tweet 0
  • ”အခုရိုက် အခုတင် ဇာတ်ကားတွေက များနေတော့ အရင်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေက နစ်နာကုန်တယ်” သက်မွန်ြ

    0 shares
    Share 0 Tweet 0
  • သမိုင်းမှန်များ ရေးသားရာတွင် နောက်ဆုံး တူးဖော်တွေ့ရှိထားသော စောလူးမင်းကျောက်စာနှင့် ကျော?

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.