HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးမည်

ဝါရှင်တန်၊ မတ် ၉

အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ ဆုံဆွေးနွေးရန် မတ် ၈ ရက်က ပြောကြားလိုက်ပြီး ယင်းသည် မြောက်ကိုရီးယား နျူကလီးယား လက်နက်များကိစ္စ သမိုင်းဝင်အဆင့်မြင့် ဆွေးနွေးပွဲကြီးတစ်ရပ် ဖြစ်လာလိမ့်မည်ဟု မတ် ၉ ရက် သတင်းများအရ သိရသည်။ သို့သော် တွေ့ဆုံဆွေးနွေးမည့် နေရာနှင့် ရက်များကို မသတ်မှတ်ရသေးဟု အိမ်ဖြူတော်က အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဦးကိုနီ၏ နောက်စေ့ကို သေနတ်ဖြင့် ချိန်ထားပုံ တင်သူကို မေးမြန်းမည်ဟု အောင်ဝင်းထွန်း၏ ရှေ့နေဆို

ရန်ကုန်၊ မတ် ၉

ဦးကိုနီ၏နောက်စေ့ကို သေနတ်ဖြင့် ချိန်ရွယ်ထားသည့်ပုံမှာ စီစီတီဗွီမှတ်တမ်းများမှ မဟုတ်သည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်ပြီး လာမည့် ရုံးချိန်းများ၌ စီအိုင်ဒီအမှုစစ်အရာရှိအား မေးမြန်းသွားမည်ဟု အောင်ဝင်းထွန်း၏ရှေ့နေ ဦးအောင်ခိုင်က ပြောသည်။ ''သေနတ်ကျည်ထွက်သွားပြီးတဲ့အချိန်လဲသွားပြီ။ ဘယ်လိုလုပ်ချိန်တဲ့ပုံပေါ်မှာလဲ။ မပစ်ခင်ကတည်းက ကြည်လင်းနောက်က တစ် ယောက်ယောက်ပါလို့ပဲ။ စောင့်ကြည့်ပြီးဓာတ်ပုံရိုက်တာပဲ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး CID က အမှု စစ်အရာရှိလာရင် မေးရမှာပဲ။ ဒီဓာတ်ပုံက ဘယ်ကထွက်တဲ့ပုံလဲ၊ ဖေ့စ်ဘွတ်ခ်ကဆိုရင် ဘယ်အကောင့်က တင်တာလဲ။ အကောင့်အစစ်လား၊ အတုလား။ အဲ့ဒါကောပေါ် ပေါက်မှုရှိသလား။ CID က ဘယ် လောက်ထိအောင် ဖော်ထုတ်ထားသလဲ။ မေးရမယ်။ အဲ့ဒီပုံက သိပ်အရေးကြီးတယ်''ဟု ဦးအောင်ခိုင်က မီဒီယာများသို့ ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒီမိုကရေစီ အနှစ်သာရ ပြောင်းသွားမည် စိုးသဖြင့် ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်ခြင်းဖြစ်၊ ရိုးရိုးသားသား ဆန္ဒပြသူတွေအတွက် ပြဿနာမရှိဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌပြော

ရန်ကုန်၊ မတ် ၉

ဒီမိုကရေစီ အနှစ်သာရ ပြောင်းသွားမည်စိုးသဖြင့် ငြိမ်းစုစီဥပဒေကို ပြင်ဆင် ခြင်းဖြစ်ကာ လွတ်လပ်စွာထုတ် ဖော်၊ ဆန္ဒပြခွင့်၊ ပြောဆိုခွင့်ကို ပိတ်ပင်ခြင်းမဟုတ်ကြောင်း၊ ရိုးရိုးသားသား ဆန္ဒပြသူများအတွက် ပြဿနာမရှိကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တရားဥပဒေ စိုးမိုးရေးကို ရန်ကုန် တိုင်းဒေသကြီး အစိုးရ အကောင်အထည် ဖော်ရာတွင် ကတိပေးထားသည့် အတိုင်း လက်တွေ့မကျဟု တိုင်းလွှတ်တော် အမတ် ဝေဖန်

ရန်ကုန်၊ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သည် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်ရာတွင် ကတိပေးထားသည့်အတိုင်း လက်တွေ့မကျဟု တိုင်းလွှတ်တော်အမတ်က ဝေဖန်လိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

အခွန်ဝန် ထမ်းများတွင် မပြုပြင်ဘဲ အကျင့်ဆိုးများ ရှိနေဆဲ ဝန်ထမ်းများ ရှိနေ၊ ပြုပြင်မရက ထုတ်ပယ်မည်ဟု ဒုဝန်ကြီးပြော

ရန်ကုန်၊ မတ် ၈

အခွန်ဝန်ထမ်းများတွင်ပြုပြင်ပြီး ကြိုးစားနေသော ဝန်ထမ်းများအများအပြားရှိသကဲ့သို့ မပြုပြင်ဘဲ အကျင့်ဆိုးများရှိနေဆဲ ဝန်ထမ်းများလည်းရှိနေဆဲဖြစ် ကြောင်း ပြုပြင်မရပါကထုတ်ပယ်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနဒုတိယဝန်ကြီးဦးမောင် မောင်ဝင်းကပြောသည်။ မတ် ၈ ရက်ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဘဏ္ဍာနှစ်ပထမခြောက်လပတ် အခွန်ကောက်ခံရရှိမှု အခြေအ နေအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက်နှင့်သဘော ထားမှတ်ချက်အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဝန်ကြီးဌာနများက ပြန်လည်ရှင်းလင်းရာ ယင်းသို့ပြောခြင်းဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...

ဥပဒေမဲ့လုပ်ရပ်များကို စည်းရုံး ပညာပေး၍ မရပါက ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဟု ဒုတိယ သမ္မတပြော

ရန်ကုန်၊ မတ် ၈

စက်ရုံ၊ အလုပ်ရုံများရှေ့တွင် အလုပ်အကိုင်လုပ်ကိုင်မရအောင် ပိတ်ဆို့ထားသည့် ဥပဒေမဲ့လုပ်ရပ်များကို စည်းရုံးပ ညာပေးမှုများလုပ်ဆောင်၍မရပါက ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ(၁)၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက မတ် ၇ ရက်က သတိ ပေးပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မရှင်နှင့် KNPP တို့ အလွတ်သဘော တွေ့ဆုံမှုတွင် UNFC အဆိုပြုချက် အချို့နှင့် နှစ်ဖက်တရားဝင် တွေ့ဆုံနိုင်ရန် ဆွေးနွေး

ရန်ကုန်

ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မရှင် (Peace Commission)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ အလွတ်သဘော တွေ့ဆုံမှုတွင် UNFC ၏ အဆိုပြုချက်ရှစ်ချက်မှ အချို့ကို ဆွေးနွေးခဲ့ပြီး နှစ်ဖက်တရားဝင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားရေးအတွက် ဆွေးနွေးခဲ့ကြောင်း KNPP  မှ မတ် ၇ ရက်တွင် ထုတ်ပြန်သည်။ 

ဆက်လက်ဖတ်ရှုရန် ...

အစိုးရသက်တမ်း နှစ်နှစ်ကာလအတွင်း အလုပ်သမားဆန္ဒပြမှု များနှင့်ပတ်သက်၍ အင်အားသုံး ဖြေရှင်းခဲ့ခြင်းမျိုး မရှိခဲ့ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြော

ရန်ကုန်

အစိုးရသစ်တက်လာသည့် နှစ်နှစ်တာကာလအတွင်း အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ပြီး အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု များနှင့်ပတ်သက်၍ အင်အားသုံးဖြေရှင်းခဲ့သည့်အခြေအနေမျိုး မရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...