HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ARSA အကြမ်းဖက်အဖွဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင် လူသစ်စုဆောင်းနေ၊ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်လာနိုင်ဟု ICG သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၇

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ညစ်ပတ်စုတ်ချာသောဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်အဖွဲ့သည် လူသစ်များစုဆောင်းနေပြီး မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်း နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က ဒီဇင်ဘာ ၇ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး နိုင်ငံ တော်အတိုင်ပင်ခံရုံးမှ ညွှန်ကြားရေးမှူးချုပ်က အကြမ်းဖက်အဖွဲ့အနေဖြင့် အချိန်မရွေးတိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေးကိစ္စကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဘင်္ဂလားဒေ့ရှ်ဘက် ရွှေ့ပြောင်းခိုလှုံနေသူများ ပြန်လာနိုင်ရန် လဝက က ပုံစံများပို့ထား၊ ဆန္ဒရှိမှ ပြန်လာနိုင်ပြီး အတင်းပြန်လာပါဟုလည်း ခေါ်၍ မရဟု ပြည်ထောင်စုဝန်ကြီး ပြော

နေပြည်တော်၊ ဒီဇင်ဘာ ၇

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရွှေ့ပြောင်း ခိုလှုံနေသူများအနေဖြင့် ပြန်လာနိုင်အောင် လဝကက ပုံစံများပို့ ထားကြောင်း၊ ဆန္ဒရှိမှ ပြန်လာလို့ ရကြောင်း၊ အတင်းသွားဟုပြောမရ၊ အတင်းပြန်လာပါဟုလည်း ခေါ်မရ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ ဒီဇင်ဘာ ၇ ရက်က နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနရုံးတွင် ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ပြည်ထောင်စုအဆင့်စီမံကိန်းအား သံတမန် များနှင့် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများသို့ ရှင်းလင်းပွဲအပြီး မီဒီယာများ နှင့်တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကျင်းပရန် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ် တိုက်တွန်း

နေပြည်တော်၊ ဒီဇင်ဘာ ၆

 

ဒေသအလိုက်၊ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ကျင်းပနိုင်ရန် အလေးအနက် တိုက်တွန်းကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ် (CSFoP) က နိုင်ငံငြိမ်းချမ်းရေးတာဝန်ရှိပုဂ္ဂိုလ်များထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ကြောင်းသိရသည်။ (၁၇) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် (CSFoP) ကို ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိကျင်းပခဲ့ပြီး ဆွေးနွေး ပွဲအပြီး ဒီဇင်ဘာ ၆ ရက်၌ ရန်ကုန် မြို့  Orchid Hotel တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ အိတ်ဖွင့်ပေးစာနှင့် ပတ်သက်ပြီး အရေးဆိုတင် ပြခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဒဂုံဆိပ်ကမ်း အလုပ်သမား သပိတ် ကိုးရက်ကျော်သည်အထိ ပြေလည်မှု မရရှိသေး

ရန်ကုန်

 

နိုဝင်ဘာ ၂၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဒဂုံဆိပ်ကမ်းအလုပ်သမားသပိတ်မှာ ကိုးရက်ကျော်သည်အထိ အလုပ်သမားများဘက်မှ တောင်းဆိုထားသည့်အချက်များအား အလုပ်ရှင်များဘက်မှ သဘောတူညီမှုမရှိသေးကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။ အဆို ပါ သပိတ်စခန်းမှာ အမှတ် (၁၃၇/ခ)၊ မက္ခရာမင်းသားကြီးလမ်း၊ စက်မှုဇုန် (၁)၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံရှေ့တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှစ်ဦးအား လက်ခံတွေ့ဆုံ

ရန်ကုန်

 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး၊ ပြင်သစ်သံအမတ်ကြီးတို့နှင့် ဒီဇင်ဘာ ၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်စတင်

နေပြည်တော်၊ ဒီဇင်ဘာ ၅-ရန် ကုန်တိုင်းဒေသကြီး အရပ်ဘက်အ ဖွဲ့အစည်းများဖိုရမ်ကို စတင်ကျင်း ပနေပြီး ကဏ္ဍအစုံဆွေးနွေးမည် ဖြစ်ကာ စာတမ်းအဖြစ် UPDJC သို့တင်သွင်းမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အရပ်ဘက်အဖွဲ့အစည်း များဖိုရမ်ဖြစ်မြောက်ရေးကော် မတီဝင်မဥမ္မာက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်နေဟုပြောသော ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရသူကို လာရောက်ဖြေရှင်းရန်ကော်မရှင်အကြောင်းကြား

ရန်ကုန်၊ ဒီဇင်ဘာ ၅- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဘက်လိုက်နေသည်ဟုပြောသော ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အား လာရောက်ဖြေရှင်းရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အကြောင်းကြားထားကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘင်းမ်စတက်အဖွဲ့အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၅- နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဘင်းမ်စတက်အတွင်းရေး မှူးချုပ် H.E. Mr. M Shahidul Islam နှင့်အဖွဲ့အား ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန် ...