HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အမျိုးသားရေး စကားလုံး ပေါပေါလောလော ဖြစ်လာ၊ မျိုးချစ်ဆိုသူတို့ တရားရင်ဆိုင် ထောင်ကျခဲ့ပါက နိုင်/ကျဉ်းဟု သတ်မှတ်မည် မဟုတ်ဟုဆို  

ရန်ကုန်၊ ဇွန် ၁၁

'အမျိုးသားရေး' စကားလုံး ပေါပေါလောလာ ဖြစ်လာနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင် ကော်မတီဝင် ဦးတင်မောင်ဦးက ပြောကြားလိုက်သည်။ အမျိုးသားရေးဟူသည် တိုင်း ပြည်ကောင်းကျိုးအတွက် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်ချက်များကိုသာ ခေါ်ဆိုသင့်ကြောင်း ဦးတင်မောင်ဦးက ဒီမိုကရေစီတူဒေးသို့ ဇွန် ၁၁ ရက်တွင် ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ကိုယ်စားလှယ်အဖြစ် တရားဝင် ရုပ်သိမ်းခံရပြီးပါက ၂ဝ၂ဝ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်တော့မည်ဟု ပြည်ခိုင်ဖြိုး တိုင်းအမတ် ဆို  

ရန်ကုန်၊ ဇွန် ၁၁

ကိုယ်စားလှယ်အဖြစ် တရားဝင်ရုပ်သိမ်းခံရပြီးပါက ၂ဝ၂ဝ ရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တော့မည်ဟု ရွေးကောက်ပွဲ အငြင်းပွားမှုရှုံးနိမ့်ထားသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးနေမျိုးအောင်ကပြောသည်။  ဇွန် ၁၁ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးသို့ တက်ရောက်လာစဉ် မီဒီယာများ၏ မေးမြန်း မှုကို ၎င်းင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ ခြင်းဖြစ်သည်။ ''ဦးနေမျိုးအောင်ကို လွှတ်တော်ကိုယ်ားလှယ်အဖြစ်က ရုပ်သိမ်းပြီဆိုရင် ကျွန် တော် ကိုယ့်ရဲ့နယ်မြေမှာ ကိုယ့်ပြည်သူတွေ နဲ့ နောင် ၂ဝ၂ဝ အတွက် ကြိုတင်ပြင်ဆင် စည်းရုံးမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ပဲရှိပါ တယ်''ဟု ၎င်းင်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မမှန်ကန်သော နည်းလမ်းများဖြင့် ပြည်သူကို အကျိုးယုတ်စေမည့် လုပ်ငန်းများဆောင်ရွက်ပါက ယှဉ်ပြိုင်မှုဥပဒေဖြင့် တားမြစ်မည်

ရန်ကုန်၊ ဇွန် ၁ဝ 

ဈေးကွက်အ တွင်း မမှန်ကန်သောနည်းလမ်း များဖြင့် အများပြည်သူကိုအကျိုး ယုတ်စေမည့် လုပ်ငန်းများဆောင် ရွက်ပါက ယှဉ်ပြိုင်မှုဥပဒေဖြင့် တားမြစ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဒုတိယ ဥက္ကဋ္ဌဦးသန်းမောင်ကပြောသည်။ ဇွန် ၁ဝ ရက်က နေပြည် တော်ရှိ သင်္ဂဟဟိုတယ်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မိတ်ဆက်ပွဲအခမ်းအနားတွင် ပြော ခြင်းဖြစ်ပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ၂ဝ၁၈ ခုနှစ်အောက် တိုဘာလမှစတင်၍ အတွေ့အကြုံ ရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ ဥပဒေပညာရှင်များဖြင့် အစိုးရ ပိုင်းမှ ခြောက်ဦး၊ ပုဂ္ဂလိကပိုင်းမှ ငါးဦး စုစုပေါင်း ၁၁ ဦး ဖြင့်ဖွဲ့ စည်းထားခြင်းဖြစ်ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

မည်သည့် အခြေအနေတွင်မဆို အပြစ်မဲ့ ပြည်သူများ မထိခိုက်အောင် ဆောင်ရွက်ကြရန် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနကို လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း  

ရန်ကုန်၊ ဇွန် ၁ဝ

မည်သည့်အ ခြေအနေတွင်မဆို အပြစ်မဲ့ပြည်သူများ မထိခိုက်အောင် ဆောင်ရွက်ကြရန် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနကို လူ့အခွင့်အ ရေးကော်မရှင်ကတိုက်တွန်းပြောဆိုလိုက်ကြောင်း သိရသည်။ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာဖြစ်စဉ်ကိုလူ့အခွင့်အရေး ကော်မရှင်က ယခုနှစ်မေလကုန်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ ဇွန် ၁ဝ ရက်တွင် အကြံပြုစာပေးပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဦးဝီရသူကို ထောက်ခံသူများ ထောင်နှင့်ချီပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ ချီတက် ဆုတောင်း  

ရန်ကုန်၊ ဇွန် ၁ဝ 

ဖမ်းဝရမ်းထုတ်ထားသည့် ဦးဝီရသူ ဘေးကင်းရေးအပါအဝင် အချက်ရှစ်ချက်ကို ထောက်ခံသူ များ ထောင်ချီပြီး စီတန်းလှည့်လည်ချီတက်ကာ မေတ္တာပို့သ ဆုတောင်းခဲ့ကြကြောင်းသိရသည်။ ဇွန် ၁ဝ ရက် မွန်းလွဲပိုင်းတွင် ဦးဝီရသူကို ထောက်ခံသူ သံဃာနှင့် လူပုဂ္ဂိုလ် လူအင်အား ထောင် ချီက ဗဟန်းမြို့နယ် ရွှေတိဂုံ အရှေ့ဘက်မုခ်ကြေးသွန်းဘုရား ကြီးရှေ့၌စုရပ်ပြီး ဆူး လေဘုရားလမ်းအ တိုင်းသပြေပန်းခက် ကိုင်၍လမ်းလျှောက် ချီတက်ကာ မေတ္တာ ပို့ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရန်ကုန် မြို့တော်ခန်းမရှေ့ တွင် ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပို့ဆု တောင်းခြင်းများပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စေတနာကို လက်တွေ့ဖော်နိုင်သည့် အရည်အချင်းက ပိုအဓိကကျဟု သူရဦးရွှေမန်း ဆို  

ဝေါ၊ ဇွန် ၉

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ရာတွင် စေတနာရှိကြသည့်တိုင် စေတနာကို လက်တွေ့ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းက ပိုအဓိကကျကြောင်း သူရဦးရွှေမန်းက ပြောကြားလိုက်သည်။  ဇွန် ၉ ရက် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၏ လူထုတွေ့ဆုံပွဲ၌ ၎င်းင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီက သတင်းထုတ်ပြန်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဒီချုပ်ပါတီဝင်များ အစိုးရကို မဝေဖန်ရဲသဖြင့် အခြားပါတီများက ထောက်ပြရန် လိုအပ်ဟုဆို

မော်လမြိုင်၊ ဇွန် ၉

ဒီချုပ်ပါတီ ဝင်များက ၎င်းင်းတို့အစိုးရကို မဝေဖန်ရဲသည့်အတွက် အခြားပါတီများက ထောက်ပြရန် လိုအပ်ကြောင်း ပြည်သူ့ပါတီမော်လမြိုင်မြို့နယ် အလုပ်မှုအဆောင်အဖွဲ့ ဖြစ်မြောက် ရေး ကော်မတီနာယက ဦးထွန်း နောင်ကပြောသည်။ ဇွန် ၉ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကျင်းပသည့် ပြည်သူ့ပါတီ(ဗဟို)နှင့် မော်လမြိုင် မြို့နယ် ပြည်သူ့ပါတီ ဖြစ်မြောက် ရေးကော်မတီတို့ တွေ့ဆုံပွဲ၌ ၎င်းင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အစိုးရပိုင်း၌ ဝန်ကြီးအပြောင်းအလဲများ၊ နုတ်ထွက်မှုများရှိနေပြီး ယင်းမှာ အမှားများရှိနေ၍ဖြစ် ကြောင်း၊ ယင်းအမှားကို အာဏာရပါတီမှ မဝေဖန်ရဲကြောင်း ၎င်းင်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အနေဖြင့် မွန်တိုင်းရင်းသား အများစုနေထိုင်ရာ မြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟုဆို  

မော်လမြိုင်၊ ဇွန် ၉

 ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီအနေ ဖြင့် မွန်တိုင်းရင်းသား အများစုနေထိုင်ရာ မြို့နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ မွန်တိုင်းရင်းသား လူနည်းစုများနှင့် အခြားတိုင်းရင်းသားများ ရောနှောနေထိုင်ရာ မြို့နယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၈ ရက်တွင် ပြောသည်။ ဇွန် ၈ ရက် မွန်းလွဲ ၁၂ နာရီ ခွဲက မော်လမြိုင်မြို့ ဈေးကြိုဖက် ခင်းရပ် ရာမည ဟိုတယ်ခန်းမ၌ ကျင်းပသော ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီနှင့် မွန်ပြည်နယ် ရှိ မြို့မိမြို့ဖများတွေ့ဆုံပွဲတွင် သူရ ဦးရွှေမန်းက ယင်းသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...