HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရခိုင်အရေးကိစ္စသည် ဒီမိုကရေစီ ကူးပြောင်းရေးအတွက် စိုးရိမ်စရာ အနေအထား ဖြစ်လာဟုဆို  

ရန်ကုန်

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားလျက်ရှိသည့်ကိစ္စရပ်များသည် ဒီမိုကရေစီကူးပြောင်း ရေးအရ စိုးရိမ်ရသည့်အနေအထားဖြစ်လာ ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးကဆိုသည်။ ယခင်ကာလများ၌ ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စတစ်ခုတည်းသာရှိသော်လည်း ယခုအခါ အခြားသောကိစ္စရပ်များပါ ကူးစက်လာသည့်အတွက် အနေအထားအသစ်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တစ်ဆို့မှုများ မရှိပါက NCA လမ်းကြောင်း အတိုင်း ရှေ့ဆက်ရန် အခက်အခဲ မရှိဟုဆို

ရန်ကုန်

တစ်ဆို့နေမှုများမရှိပါက NCA လမ်း ကြောင်းအတိုင်း ရှေ့ဆက်ရန်အခက်အခဲမရှိ ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင် ခေးက ဆိုသည်။ ယင်းမှာ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင် ခေးဦးဆောင်သည့်အဖွဲ့တို့ ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်ကို ပါတီပိုင်းဆိုင်ရာအရေးယူနိုင်ရန် ဒီချုပ်ဆက်လက်စစ်ဆေးမည်

ရန်ကုန်၊ မတ် ၁၁ - ဝန်ကြီးချုပ် ဟောင်းဒေါက်တာလဲ့လဲ့မော်ကို ပါတီပိုင်းဆိုင်ရာ အရေးယူနိုင်ရန် ဆက်လက် စစ်ဆေးသွားမည်ဖြစ် ကြောင်း၊ ပါတီဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အစိုးရအနေဖြင့် RCSS မှတောင်းဆိုသည့် ဖမ်းဆီးအကျဉ်းကျနေသည့်တပ်ဖွဲ့ဝင်များပြန်လည်လွှတ်ပေးရေး NRPC တွင် တင်ပြသွားပြီး စိစစ်ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်သမ္မတရုံးပြောခွင့်ရဆို

နေပြည်တော်၊ မတ် ၁၁ -အစိုးရအနေဖြင့် RCSS မှတောင်းဆိုသည့် ဖမ်းဆီးအကျဉ်းကျနေသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လည်လွှတ်ပေး ရေးအတွက် NRPC တွင် တင်ပြသွားပြီး စိစစ်ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

တနင်္သာရီဝန်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှုကို ဖိဖိစီးစီးကိုင်တွယ်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူဆို

ရန်ကုန်၊ မတ် ၁၁ - တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း အဂတိလိုက် စားမှုကို ဖိဖိစီးစီးကိုင်တွယ်သွားမည် ဖြစ်ပြီး သည်းခံခွင့်လွှတ်သည့် မူဝါဒမရှိ ကြောင်း နိုင်ငံတော်သမ္မတရုံး၏ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။ မတ် ၁၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် အစိုးရနှင့် RCSS တို့တွေ့ ဆုံပွဲအပြီး သတင်းမီဒီယာများနှင့်တွေ့ ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်၊ မတ်လ ၁ဝ

၁။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများကျူးလွန်ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၄-၂-၂ဝ၁၉ ရက်နေ့မှ ၆-၃-၂ဝ၁၉ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန် ကို AA က အင်အားအလုံးအရင်းဖြင့် စီးနင်းဝင်တိုက်၊ ရဲ ကိုးဦးကျဆုံးပြီး၊ နှစ်ဦးဒဏ်ရာရ၊ လက်နက် ၁၂ လက်ယူဆောင်သွား၊ တိုက်ခိုက်ခံရသည့် ယိုးတရုတ်ရဲကင်းစခန်းသည်  တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာနှင့် အဖြေလွှာများထိန်း

ရန်ကုန်၊ မတ် ၁ဝ - ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရဲကင်း စခန်းတစ်ခုကို AA လက်နက်ကိုင်အဖွဲ့က အင်အား ၁ဝဝ ခန့် ဖြင့် စီးနင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦးကျဆုံး ပြီး နှစ်ဦးဒဏ်ရာရကာ တစ်ဦးပျောက်ဆုံးနေသည့်အပြင် လက်နက် ၁၂ လက်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဒ်မ ၅၉(စ)လုံး ထိန်းသိမ်းကာကွယ်ရန် အမျိုးသားရေးလှုပ်ရှားသူ ၁ဝဝ ခန့်က မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၁ဝ- ပုဒ်မ ၅၉(စ) လုံး ထိန်းသိမ်းကာကွယ်ရန်အတွက် အမျိုးသားလှုပ်ရှားသူ ၁ဝဝ ဝန်း ကျင်ခန့်က ရန်ကုန်မြို့တွင် ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...