HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဥရောပတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် နေတိုးအဖွဲ့အကြီးအကဲ ပြောကြား

ဝါဆော၊ မတ် ၉ - နေတိုး(NATO)အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျင်စ်စတိုတင်ဘတ်က ဥရောပနိုင်ငံ များသည် နေတိုးအဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးတွင် တိုးတက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားလိုက်ကြောင်း ဆင်ဟွာသတင်းက မတ် ၉ ရက်တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌက ခေါင်းဆောင်မှုနေရာတွင် အမျိုးသမီးများ ပိုမိုရရှိလာစေရန် တိုက်တွန်းပြောကြား

ကုလသမဂ္ဂ၊ မတ် ၉ - အမျိုးသမီးများသည် ယခုအ ထိ ကမ္ဘာတစ်ဝန်းလုံးတွင် ခေါင်း ဆောင်နေရာရရှိမှု ဦးရေနည်းပါး နေသေးကြောင်း၊ ဤအခြေအနေ ကို ပြောင်းလဲရန်အချိန်သို့ ရောက် ပြီဖြစ်ကြောင်း ကုလသမဂ္ဂအထွေ ထွေညီလာခံဥက္ကဋ္ဌ မာရီယာဖာနန် ဒါအက်စ်ပီနိုဆာက ပြောကြားလိုက် ကြောင်း ဆင်ဟွာသတင်းက မတ် ၉ ရက်တွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ယာယီရပ်ဆိုင်းထားသည့် KNU နှင့် RCSS တို့ မကြာမီ ပြန်လည်ပါဝင်လာတော့မည်ဟုဆို

ရန်ကုန်၊ မတ် ၉ - KNU နှင့် RCSS တို့အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရန် ယာယီရပ်ဆိုင်းထားသည့် ထုတ်ပြန်ချက်များကို ပြန်လည်မရုပ်သိမ်းရ သေးသော်လည်း မကြာမီပြန်လည် ပါဝင်လာရန်ရှိကြောင်း PNLO ဥက္ကဋ္ဌ ခွန်ဥက္ကာက ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ရှစ်ဦးကို ကန့်ကွက်သူမရှိ လွှတ်တော် အတည်ပြု

နေပြည်တော်၊ မတ် ၈

နိုင်ငံ တော်သမ္မတထံမှပေးပို့ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှစ်ဦးအဖြစ်ခန့်အပ် တာဝန်ပေးလိုသည့် ပုဂ္ဂိုလ်များအား လွှတ်တော်က ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုခဲ့သည်။ မတ်လ ၅ရက် ပြည်ထောင်စုလွှတ်တော်စည်းအဝေးတွင် နိုင်ငံ တော်သမ္မတထံမှပေးပို့သည့် ပြည် ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ်ခန့်အပ်တာဝန်ပေး လိုသည့် ပုဂ္ဂိုလ်ရှစ်ဦးစာရင်းကို ကြေညာခဲ့သည်။ ၎င်းတို့မှာ ဦးညွှန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမြင့်ဆွေ နှင့် ဦးဆွေတင့်လွင်တို့ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဝိုင်းလိမ်နေကြကြောင်း ရှေ့နေတစ်ဦး၏ တင်ပြချက် သိရှိပြီးသားဟု ဒေါ်စု တုံ့ပြန်

မုံရွာ၊ မတ် ၈ 

ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးကဝိုင်းလိမ်နေ ကြကြောင်း ရှေ့နေတစ်ဦး၏တင် ပြမှုအပေါ်သိရှိပြီးသားပါဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ မတ် ၈ ရက် စစ်ကိုင်းတိုင်း၊ မုံ ရွာမြို့၊ မြို့တော်ခန်းမတွင် ဒေသခံများနှင့်တွေ့ဆုံစဉ် မုံရွာခရိုင်ရှေ့နေအသင်းမှ တရားလွှတ်တော်ရှေ့ နေဦးတင်ကိုက ဒေါ်အောင်ဆန်း စုကြည်ကို အားလုံးဝိုင်းလိမ်နေကြ ကြောင်း တင်ပြမှုအပေါ်အထက် ပါအတိုင်းပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

လက်ပံတောင်းတောင်ပြဿနာ ယနေ့ထိပြေလည်မှုမရသည်မှာ မပြတ်ချင်သူများ ရှိနေခြင်းကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မုံရွာ၊ မတ် ၈-စစ်ကိုင်းတိုင်းဒေ သကြီး ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းကြေးနီစီမံကိန်း ပြဿနာယနေ့ထိရှည်လျားပြီး မပြီးပြတ်ခြင်းမှာ ကိစ္စမပြတ်ချင်သူများရှိနေခြင်းကြောင့်ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး ၃/၂ဝ၁၉၊ ဖွဲ့စည်းပုံ အခန်း(၁) ပုဒ်မ(၁၃)ခုခန့်ဆွေးနွေးပြီး တပ်မတော်သားအစုအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှပြင်ဆင်ချက်တင်ပြခြင်းမရှိဟုဆို

နေပြည်တော်၊ မတ်၇-၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ-ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး ၃/၂ဝ၁၉ ကို ယနေ့မွန်းလွဲပိုင်း တွင်ပြည်ထောင်စုလွှတ်တော်ရုံး (ီ)တွင်ကျင်းပပြုလုပ်ခဲ့ရာ ဖွဲ့ စည်းပုံအခြေခံဥပဒေ-၂ဝဝ၈ အ ခန်း(၁)ပုဒ်မ(၁၄)ခုခန့် ဆွေးနွေးခဲ့ ကြပြီး တပ်မတော်သားအစုအဖွဲ့ နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပြင်ဆင် ချက်တင်ပြခြင်းမရှိကြောင်းသိရှိ ရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြေပြဿနာကိုင်တွယ်မှု လွန်စွာအားနည်းနေသေး၊ ဥပဒေနှင့်မညီမှုကို အရေးမယူဘဲ ဝေစုယူနေသမျှ မြေယာကဏ္ဍတိုးတက်မှု နှောင့်နှေးနေဦးမည်

နေပြည်တော်၊ မတ် ၇ - မြေနှင့် သက်ဆိုင်သည့် ပြဿနာများကိုကိုင်တွယ်မှုမှာ လွန်စွာအားနည်းနေ ဆဲဖြစ်ပြီး ဥပဒေနှင့်မညီသော ကိစ္စရပ်များအား အရေးမယူဘဲ ဝေစုယူနေသည့် ကာလပတ်လုံး မြေယာကဏ္ဍတိုးတက်မှု နှောင့်နှေး နေဦးမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထု မေကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...