HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

၂ဝဝ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူ၏အခန်းကဏ္ဍက အရေးကြီးဆုံးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ရန်ကုန်၊ မတ် ၇-၂ဝဝ၈ ဖွဲ့စည်း ပုံပြင်ဆင်ရေးသည် ပြည်သူ၏အခန်းကဏ္ဍက အရေးကြီးဆုံးဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်တိုက်ပွဲ ဘယ်ကို ဦးတည်နေသလဲ

ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့(AA)နှင့် တပ်မတော်ကြား

တိုက်ပွဲများဖြစ်ပွားလာသည်မှာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကနေ ယနေ့ထိတိုင်ပင်ဖြစ်သည်။ ထိုတိုက်ပွဲများသည် မတူညီသောအမြင်သဘောထားများကြောင့် ပိုမိုပြင်းထန်လာနေပြီး တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာသလို လူထုအကြား အကြောက်တရားကိုလည်း ဖြစ်ပေါ် စေလျက် တစ်ဦးနှင့်တစ်ဦးကြား သံသယများ ဖြင့် နေထိုင်နေကြရသည်ကို မြင်တွေ့လာရသည်။ AA ကမူ ရခိုင်လက်နက်ကိုင်ဖြစ်သည့်အလျောက် ရခိုင်ပြည်နယ်မှာ အခြေစိုက်ခွင့်ရှိကြောင်း ရပ်တည်ချက်ကိုကိုင်စွဲ၍ ကချင် ပြည်နယ်၊ လိုင်ဇာဒေသရှိ AA တပ်ဖွဲ့ဝင်များ အား ရခိုင်ပြည်နယ်သို့ သွားရောက်နေရာယူ အခြေစိုက်စေသည်။ တပ်မတော်ဘက်ကမူ လုံခြုံရေးဘက်ကကြည့်ပြီး စစ်ပွဲမရှိသည့်ဒေသမှာ စစ်မျက်နှာအသစ် ဖြစ်ပေါ်လာနိုင်သည့်အတွက် မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမှ အခြေစိုက်ခွင့်မပြုလိုခြင်းကြောင့် AA ကို ဟန့် တား၍ တိုက်ခိုက်နေသည်။

ဆက်လက်ဖတ်ရှုရန် ...

ဝေဝါးရှုပ်ထွေးနေဆဲ စည်ပင်ဥပဒေနှင့် ရွေးကောက်ပွဲ  

ရန်ကုန်

အချန်ကာလအနေနှင့် နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကြာမြင့်စွာ ပြည်သူများလိုလားလျက်ရှိနေသည့် ပြည်သူများကိုယ်တိုင် ရွေးချယ်တင်မြှောက်မည့် ရန်ကုန်မြို့တော်စည်ပင် သာယာ ရွေးကောက်ပွဲမှာ မကြာမီကာလတွင် ပြုလုပ်ကျင်းပတော့မည်ဖြစ်သည်။ အတိအကျ ဆိုရသော် လာမည့် ၂ဝ၁၉ ခုနှစ် မတ် ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် ပြုလုပ်ကြမည်ဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၂ဝ ရွေးကောက်ပွဲတွင် အသက် (၁၈) ပြည့်ပြီးသူ ဦးရေ ငါးသန်းခန့် တိုးလာမည်ဟု မျှော်မှန်းကာ ဥပဒေနှင့်အညီ လွတ်လပ်မျှတရန် အများယုံကြည်လက်ခံပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဖြစ်စေရန် ဦးတည်ဟု ကော်မရှင် ဆို  

နေပြည်တော်၊ မတ် ၆

လာမည့် ၂ဝ၂ဝရွေးကောက်ပွဲတွင် အသက် (၁၈)နှစ် ပြည့်ပြီးသူဦးရေ ငါးသန်းခန့် တိုးလာမည်ဟု မျှော်မှန်းထားကာ ဥပဒေနှင့်အညီ လွတ်လပ်မျှတ ရန်အများယုံကြည်လက်ခံပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ဖြစ်စေရန် ဦးတည်ချက်နှင့်အညီ ၂ဝ၁၉-၂ဝ၂၂ မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

NCA အကောင်အထည် ဖော်နေမှု ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းမှ သွေဖည်နေဟုဆို

ရန်ကုန်

လက်ရှိလျှောက်လှမ်းနေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုလမ်းကြောင်းသည် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုလမ်းကြောင်းမှ သွေ ဖည်နေကြောင်း PPST အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစော မူတူးစေးဖိုးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပါတီကြီးနှစ်ခုကြား အာဏာ လွန်ဆွဲနေခြင်းမျိုးဖြစ်နေ၍ ပြည်သူလူထုအကျိုး ကြည့်ရန် လိုဟုဆို

ရန်ကုန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါတီကြီး နှစ်ခုအကြား အာဏာလွန်ဆွဲနေခြင်းမျိုးဖြစ်နေ၍ ပြည်သူလူထုအကျိုးကိုကြည့်၍ လုပ် ဆောင်သင့်ကြောင်း နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များက သုံးသပ်ကြသည်။ ယခုရက်ပိုင်းအတွင်း ကျင်းပပြုလုပ်သည့် လွှတ်တော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်နိုင်သည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်နိုင်ရေး အတွက် ဥပဒေမူကြမ်း တင်သွင်းရာတွင် အငြင်းပွားမှုများရှိခဲ့သည်။ အဆိုပါပုဒ်မကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၌သာ ပြင်ဆင်သင့်ကြောင်း ပြောဆို မှုများရှိသကဲ့သို့ ဥပဒေမူကြမ်းအဖြစ် လွှတ်တော်မှ တင်သွင်းဆွေးနွေးသင့်ကြောင်း ပြောဆို မှုများရှိခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီကို လူမှုကွန်ရက် စာမျက်နှာတွင် ညစ်ညမ်းစာသားများ ရေးတင်သူဟုဆိုသူကို ၆၆(ဃ)ဖြင့် အမှုဖွင့်

မန္တလေး၊ မတ် ၅

လူမှုကွန်ရက် စာမျက်နှာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီကို ညစ်ညမ်းစာသားများရေးတင် သူဟုဆိုသော အမျိုးသားတစ်ဦးကို မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မတ် ၄ ရက် ညနေပိုင်းကအမှုဖွင့်ခဲ့ကြောင်း အမှတ်(၃) ရဲစခန်းမှသိရသည်။ ''မနေ့ကမွန်းလွဲပိုင်းကမှ အမှုလာဖွင့်ထားတာပါ။ တရားခံကို ဖမ်းမိဖို့စုံစမ်းနေဆဲဖြစ်ပါတယ်''ဟု အမှတ်(၃)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်အရေး အစိုးရ ရပ်တည်ချက်နောက်ကသာ အစွဲကင်းစွာဖြင့် နိုင်ငံသားအားလုံး တစ်သံတည်းထွက်ပြီး လိုက်ကြရန် အကြံပြု

နေပြည်တော်၊ မတ် ၅

ရခိုင်အရေးနှင့်ပတ်သက်ပြီး အစိုးရရပ်တည်ချက်နောက်ကသာ အစွဲကင်းကင်းဖြင့် နိုင်ငံသားများအားလုံး တစ်သံတည်းထွက်ပြီး လိုက်ကြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာက အကြံပြုသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များအပေါ် နိုင်ငံတကာမှ ဖိအားများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့်ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ်အား အကျပ်အတည်းအတွင်း တွန်းပို့ပြီး နိုင်ငံ တော်ပြိုကွဲပျက်စီးရေး ထောင် ချောက်ဆင်ထားသည့် နိုင်ငံရေး Agenda ကို ဖော်ဆောင်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတော်၏နိုင်ငံသားအားလုံး ပါတီစွဲ၊ အယူဝါဒစွဲ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲကင်းကင်း ဖြင့် နိုင်ငံတော်အစိုးရ၏ ရပ်တည် ချက် နောက်ကသာလိုက်ပြီး တစ်သံတည်းထွက်ကြရန် အကြံပြုလို ကြောင်း အိမ်မဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...