HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နိုင်ငံတော် ကာကွယ်ရေးအတွက် ရေငုပ်သင်္ဘောတပ်ဖွဲ့တစ်ခု၊ ရေငုပ်သင်္ဘောတစ်စင်း ပိုင်ဆိုင်နိုင်ရန် လေ့လာမှုများပြုလုပ်နေ  

နေပြည်တော်၊ ဇွန် ၂

နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းတစ်ခု၊ လက်နက်တစ်ခုဖြစ်သော ရေငုပ်သင်္ဘောတပ်ဖွဲ့တစ်ခု၊ ရေငုပ်သ င်္ဘောတစ်စင်းပိုင်ဆိုင်နိုင်အောင် ရေငုပ်သင်္ဘောဆိုင်ရာသင်တန်း ရေငုပ်သင်္ဘောဆိုင်ရာလေ့လာမှုများလုပ်ဆောင်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။ ဇွန် ၂ ရက်က တပ်မတော်စစ်သမိုင်းပြတိုက်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့်ငြိမ်းချမ်း ရေးဆိုင်ရာ တပ်မတော်၏သတင်း စာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံတွင် ရေငုပ်သင်္ဘောလုပ်နေသည်ဆို သည့် သတင်းနှင့်ပတ်သက်ပြီး သတင်းမီဒီယာ၏မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

'ဝ' ၏ စင်ပြိုင် တပ်မတော် သဘောမျိုး ဆောင်ရွက်မှုကို တပ်မတော်က အစွမ်းကုန် သည်းခံထားရ ဟုဆို  

ရန်ကုန်၊ ဇွန် ၂

''ဝ''၏ စင်ပြိုင် တပ်မတော်သဘောမျိုးဆောင်ရွက်မှုကို တပ်မတော်အနေနှင့် အစွမ်းကုန်သည်းခံထားရကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်စိုးနိုင်ဦးကပြော ကြားလိုက်သည်။ ဇွန် ၂ ရက် နေပြည်တော်စစ် သမိုင်းပြတိုက်တွင်ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ မကြာမီတွင်ကျင်းပမည့်မိုင်းလားအဖွဲ့၏ ငြိမ်းချမ်းရေး နှစ်သုံးဆယ်ပြည့်အခမ်းအနားသို့ တပ်မ တော်နှင့် ပြည်ထောင်စုအစိုးရ တာဝန်ရှိသူများကို ဖိတ်ကြားမည်ဟု သတင်းများထွက်ပေါ်နေခြင်းအပေါ် အမှန်တကယ်ဖိတ်ကြား လာပါက တက်ရောက်ရန် ရှိ၊ မရှိ သတင်းမီဒီယာမှ မေးမြန်းသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းင်းက အထက်ပါအတိုင်း ထည့်သွင်းဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းအား ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပေးရေး ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်  

ပွင့်ဖြူ၊ ဇွန် ၁

မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြုမဲဆန္ဒနယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းအား ကိုယ်စား လှယ်အဖြစ်မှ နုတ်ထွက်ပေးရေး အတွက် ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ ပေါင်း ၃ဝခန့်မှ ဒေသခံပြည်သူ ၁ဝဝဝ ကျော်ခန့်က ဇွန် ၁ ရက်က ပွင့်ဖြူမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သိရ သည်။ ဆန္ဒထုတ်ဖော်ရာတွင် ပွင့် ဖြူမြို့ ပြည်လုံးချမ်းဘုရားကွင်းမှ မြို့ပတ်လမ်း၊ သန့်စင်လမ်း၊ ဗိုလ် ချုပ်လမ်းတို့တွင် ပြည်သူများက လှည့်လည်၍ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌနေရာအပါအဝင် ပါတီခေါင်းဆောင်များအား အသစ်ပြန်ရွေးချယ်

စစ်တွေ၊ ဇွန် ၁

ရခိုင်အင်အားကြီး ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ ၏ဥက္ကဋ္ဌအပါအဝင် ပါတီခေါင်းဆောင် များအား အသစ်ပြန်လည်ရွေးချယ်လိုက် ပြီဖြစ်ကြောင်း သိရသည်။ ရခိုင်အမျိုးသားပါတီ၏ ဒုတိယ အကြိမ်ညီလာခံ နောက်ဆုံးနေ့ဖြစ်သည့် ဇွန် ၁ ရက်တွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက မဲစနစ်ဖြင့်ရွေးချယ် ခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံသို့ တရားဝင် ခရီးသွားရောက်ရန်နှင့် ဟန်ဂေရီနိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်ရန် နေပြည်တော်မှ ထွက်ခွာ

နေပြည်တော်၊ ဇွန် ၁

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာအန်ဒရီးဘား ဘီးစ်၏ဖိတ်ကြားချက်အရ ချက် သမ္မတနိုင်ငံသို့ တရားဝင် ခရီးစဉ် သွားရောက်ရန်နှင့် ဟန်ဂေရီနိုင်ငံ သို့ အလုပ်သဘောခရီးစဉ်သွားရောက် ရန် ဇွန် ၁ရက် နံနက် ၈နာရီခွဲတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ဖြင့် နေပြည်တော်မှ ထွက်ခွာသွား သည်။

ဆက်လက်ဖတ်ရှုရန် ...

အင်းဒင်ကိစ္စ တပ်မတော်သား အရာရှိ(၇)ဦး လွတ်မြောက်မှုသည် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် မဟုတ်၊ တပ်မတော် အက်ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ဟု သမ္မတရုံးပြောခွင့်ရ ဆို  

နေပြည်တော်၊ မေ ၃၁

အင်းဒင်ကိစ္စ နှင့်ပတ်သတ်၍ တပ်မတော်သား အရာရှိခုနစ်ဦးသည် သမ္မတ၏လွတ် ငြိမ်းချမ်းသာခွင့်နှင့် လွတ်တာမဟုတ် ဘဲ တပ်မတော်အက်ဥပဒေအရ တပ် မတော် တရားစီရင်ရေးလုပ်ငန်းစဉ်အရ လုပ်ဆောင်သွားဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွန် ကြားရေးမှူချုပ် ဦးဇော်ဌေးမှပြော ကြားခဲ့သည်။ မေ ၃၁ရက် မွန်းလွဲပိုင်းက နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနတွင်ပြုလုပ်သည့် နိုင်ငံတ်ာအစိုးရ ၏ ပြည်သူအတွက် ဒုတိယတစ်နှစ် တာကာလအတွင်း ဆောင်ရွက်မှု များနှင့်ပတ်သက်၍ သတင်းစာရှင်း လင်းပွဲတွင် သတင်းထောက်များမှ ယင်းကိစ္စနှင့်ပတ်သက်၍ ယခင်ပြည် ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန များ သတင်းစာရှင်းလင်းပွဲတွင်ဖြေ ကြားချက်များ မရှင်းလင်းသည့်အ တွက် ထပ်မံမေးမြန်းမှုအပေါ်ပြန် လည်ဖြေကြားရာတွင် ယင်းသို့ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဖမ်းဝရမ်း အထုတ်ခံထားရသော ဦးဝီရသူအရေး လုပ်ထုံးလုပ်နည်း များအတိုင်း ဆက်လုပ်မည်ဟု သမ္မတရုံးပြောခွင့်ရ ဆို  

ရန်ကုန်၊ မေ ၃၁ 

ဖမ်းဝရမ်းထုတ်ခံထားသည့် ဦးဝီသူရ ကိစ္စနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများ အတိုင်းဆက်လုပ်သွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ မေ ၃၁ ရက် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် ဒုတိယတစ်နှစ် တာကာလအတွင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာ၏မေးမြန်းမှုများအပေါ် ၎င်းင်းကအထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဆိပ်ကမ်းမြို့နယ် ရွေးကောက်ပွဲ အငြင်းပွားမှု ရှုံးနိမ့်ခဲ့ခြင်း ပြည်ခိုင်ဖြိုး အယူခံတက်မည်  

ရန်ကုန်၊ မေ ၃၁

ဆိပ်ကမ်း မြို့နယ်ရွေးကောက်ပွဲအငြင်းပွားမှု ရှုံးနိမ့်ခဲ့သည့်အပေါ် အယူခံထပ်တက်မည်ဟု ပြည်ခိုင်ဖြိုးပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ ''အယူခံဝင်ဖို့ရှိတာပေါ့။ ဥပဒေနဲ့အညီဆက်လုပ်သွားမှာပေါ့'' ဟု ¤င်းက မေ ၃၁ ရက်တွင် ပြောသည်။ ပြီးခဲ့သည့် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၌ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲကာလ မဲဆွယ်လှုပ်ရှားမှု အချို့မှာ ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟုဆိုကာ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးသန်း ထိုက်အောင်က ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...