နေပြည်တော် ဇန်နဝါရီ ၁၅

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ပြန်လည်လက်ခံရေးစခန်းများတွင် စနစ်တကျ စိစစ်လက်ခံပြီးသူများအား ယာယီထားရှိမည့် လှဖိုးခေါင် ကြားစခန်းစခန်းပြင်ဆင်နေမှု အခြေအနေအား ဇန်နဝါရီ ၁၄ ရက်တွင် သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှုစဉ် လှဖိုးခေါင်စခန်း ပြင်ဆင်နေမှု အခြေအနေ၊UEHRD ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများက သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြသည်များကို ဖော်ပြလိုက်ပါသည်။

နေပြည်တော် ၊ ဇန်န၀ါရီ ၁၅

မြန်မာနိုင်ငံ၏ အနာဂတ်အတွက်များစွာ အကျိုးဖြစ်ထွန်းစေမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာကို ရေးဆွဲသွားမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က  ပြောခဲ့သည်။ “ နောင်နှစ်ပေါင်းများစွာအတွက် ကျွန်တော်တို့တိုင်းပြည်မှာ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားမူဝါဒတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်ဖို့ မဟာဗျူဟာကို ဒီနေ့ ရေးဆွဲကြမှာ ဖြစ်ပါတယ်၊ မဟာဗျူဟာဟာ ဒီတိုင်းပြည်ကြီးရဲ့ အနာဂတ်မျိုးဆက်သစ်အတွက် တိုးတက်ကြီးပွားမှု သာယာဝပြောမှု ရရှိစေဖို့အတွက် အရေးကြီးတဲ့အချက်ကို အကောင်အထည်ဖော် ရေးဆွဲကြမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့  နံနက် ပြုလုပ်ခဲ့သော ပညာရပ်ဆိုင်ရာ Sensitization Workshop တွင် ကော်မရှင် ဥက္ကဌက ပြောခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှစ်လေးလုံးပါတီကို နာမည်ကြောင့်သက်သက်ကန့်ကွက်ခြင်းမျိုးဟုတ်၊ မဟုတ် သံသယရှိကြောင်း ဦးကိုကို ကြီးက ပြောသည်။

ဇန်နဝါရီ ၁၄ ရက် နိုင်ငံ ရေးပါတီဖြစ်မြောက်ရေးကော်မတီ(ရန်ကုန်တိုင်းဒေသကြီး) ရုံးခန်းဖွင့်ပွဲအခမ်းအနားအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပါတီဖြစ် မြောက်ရေးဗဟိုကော်မတီတာဝန်ခံဦးကိုကိုကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ထားသည့်ပါတီများအနက် ''၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ''နှင့် ''၈၈ မျိုးဆက်ဒီမို ကရေစီပါတီ''ဟူ၍ ၈၈ ကို အခြေခံသည့်ပါတီနှစ်ခုရှိရာ ရှစ်လေးလုံးနာမည်ကို ကန့်ကွက်ပါက အဆိုပါ ပါတီများကိုလည်း ကန့်ကွက်သင့် ကြောင်း ဦးကိုကိုကြီးကဆိုသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မွန်အမျိုးသားကိုယ်စားပြုပါတီတစ်ရပ် ပေါ်ထွန်းလာရေး ခြောက်လအတွင်း အကောင်အထည်ဖော်ရန် မွန်နိုင်ငံ ရေးညီလာခံမှ ဆုံးဖြတ်လိုက်ကြောင်းသိရသည်။ မွန်နိုင်ငံရေးကိစ္စများကို အ ဖြေရှာရန်နှင့် မွန်ကိုယ်စားပြုပါတီတစ်ရပ်ဖြစ်ထွန်းလာစေရန် မွန်ပါတီများ ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ မှ ဦးဆောင်ကာ မွန်အမျိုးသားညီလာခံတစ်ရပ်ကို ဇန်နဝါရီ ၁၃ နှင့် ၁၄ ရက်တို့တွင် မော်လမြိုင်မြို့ ၌ကျင်းပခဲ့ပြီး အထက်ပါအတိုင်း ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဝန်ကြီးချုပ်နုတ်ထွက်ပေးရေးကို ဒီချုပ်ရပ်ကျေး ပါတီဝင်များဦးဆောင်၍ လူအင်အား ၁၅ဝ ကျော်ဖြင့် ပဲခူးမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။  ဆန္ဒပြတောင်းဆိုသူများသည် ဇန်နဝါရီ ၁၄ ရက်က နံနက်ပိုင်းတွင် ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားစခန်းမှ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့သို့လည်း ကောင်း၊ ယင်းမှတစ်ဆင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့အထိ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄

(၂၁) ရာစုပင်လုံတတိယအစည်းအဝေး မနှောင့်နှေးစေရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အမြန်ဆုံးညှိနှိုင်းအဖြေရှာသင့်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီD(UPDJC)ဒုတိယဥက္ကဋ္ဌ ဦးသုဝေက တိုက်တွန်းပြောကြားလိုက်သည်။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်းအဝေးကို ဆက်လက်ပြုလုပ်သွားမည်ဟု အပစ်ရပ်ရှစ်ဖွဲ့၏ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST)က ကြေညာထားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃

၂ဝ၁၇- ၂ဝ၁၈ ခုနှစ် ပြည်ထောင်စုလွှတ် တော် ဖွံ့ဖြိုးရေးရန်ပုံငွေကို မမှန်မကန်ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးအားအရေးယူပေးရန် ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ပြည် ထောင်စုလွှတ်တော်သို့ တိုင်ကြားထားကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၃-အိန္ဒိယနိုင်ငံ မှကမ်းရိုးတန်းစောင့် စစ်သင်္ဘော နှစ်စင်းသည် ယခုလ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ ချစ်ကြည်ရေးခရီးစဉ် အဖြစ်လာရောက်မည်ဖြစ်ကြောင်း သိရသည်။

Page 1 of 45