HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၉ဝ ၏ နုတ်ထွက်စာမှာ ဥပဒေနှင့် မညီသည့်အတွက် နုတ်ထွက်ခွင့် မပေးဟုဆို  

မြောက်ဦး၊ မတ် ၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျေး ရွာအုပ်ချုပ်ရေးမှူး ၉ဝ ၏ နုတ်ထွက်စာမှာ ဥပဒေနှင့်မညီ၍ နုတ် ထွက်ခွင့်ပေးမည်မဟုတ်ဟု ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောသည်။ မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၉ဝ နုတ်ထွက် စာတင်လိုက်ခြင်းနှင့်ပတ်သက်ပြီး မတ် ၂ ရက်တွင် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်ကို ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါအ တိုင်းဖြေဆိုခြင်းဖြစ်သည်။ ''အခုက အကုန်စုပြုံပြီးတော့ စာတစ်ကြောင်းနဲ့ နုတ်ထွက် ခွင့်တင်သည်ဆိုပြီးတော့ အဲဒါလေးနဲ့ ဘာအကြောင်းအရာမှ မပါ ဘဲ အောက်ကနေ စုပြုံလက်မှတ်ရေးထိုးပြီးတော့ စာတစ်ကြောင်း တည်းနဲ့ တင်ထားတဲ့ဟာကျတော့ သူတို့ရဲ့သဘောဆန္ဒတွေအား လုံးမဟုတ်နိုင်ဘူးလို့ ကျွန်တော်တို့က သုံးသပ်တယ်'ဟု ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ခြေဥပြင်ဆင်ရေး ထောက်ခံပွဲ နှစ်ခုမှ လက်မှတ်ရှစ်သောင်းကျော် ရရှိ

ရန်ကုန်၊ မတ် ၂

ရန်ကုန်မြို့တွင် ဒုတိယအကြိမ်ပြုလုပ်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲအပြီးတွင် ထောက်ခံ လက်မှတ်ရေးထိုးမှု ရှစ်သောင်း ကျော်ရရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြင်ဆင်ရေးနှင့် ပြည် ထောင်စုလွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူး ပေါင်းကော်မတီကို ထောက်ခံသည့် လူထုဆန္ဒထုတ်ဖော်ပွဲကို မတ် ၂ ရက်က ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့နေ ပြည်သူများထံမှ ဒုတိယအကြိမ် မြောက် လက်မှတ်များကောက်ယူ ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ခိုင်ဖြိုးကို လူမှုကွန်ရက်မှ တိုက်ခိုက်နေသည့် အဖွဲ့အစည်းရှိသည်ဟုပြောဆိုခြင်းမှာ NLD ပါတီကို ဆိုလိုခြင်း မဟုတ်ဟုဆို

ရန်ကုန်၊ မတ် ၁ 

ပြည်ခိုင်ဖြိုးကို လူမှုကွန်ရက်မှတိုက်ခိုက်နေသည့် အဖွဲ့အစည်းရှိသည်ဟုပြောဆိုခြင်းမှာ NLD ပါတီဟု ဆိုလိုခြင်းမဟုတ် ကြောင်း ယင်းပါတီပြောခွင့်ရဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ရုံးချုပ်၌ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းတို့ပါတီ၏ သဘောထားရပ်တည်ချက် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို လူမှုကွန်ရက်မှနေ၍ တိုက်ခိုက်နေသောအဖွဲ့အစည်းရှိကြောင်း ပြောကြားခဲ့မှုနှင့် ပတ်သက် ၍ ဒီမိုကရေစီတူဒေးကမေးမြန်းရာ အထက်ပါအတိုင်း ၎င်းက ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရာတွင် အထောက်အကူ ပြုရေးအတွက် အမေရိကန်ပြည်ထောင်စုက ပစ္စည်းကိရိယာ အကူအညီပေးအပ်

ရန်ကုန်၊ မတ် ၁

မြန်မာနိုင်ငံ တစ်ဝန်းနှင့် ဒေသတွင်းရှိ လူမှုအ သိုက်အဝန်းများကို ထိခိုက်စေ သော မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကို တိုက်ဖျက်ရာတွင် အထောက် အကူဖြစ်စေရေး ပစ္စည်းကိရိယာ အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့ (ဒီအီးဒီ)သို့ အမေရိကန်ပြည် ထောင်စုက ကူညီပံ့ပိုးခဲ့ကြောင်းသိ ရသည်။

ဆက်လက်ဖတ်ရှုရန် ...

နာတာရှည် အရှုပ်အထွေးများကို ဖြေရှင်းရန် အမျိုးသား မြေဥပဒေပြဋ္ဌာန်းပေးရန် အဆို လွှတ်တော်အတည်ပြု

နေပြည်တော်၊ မတ် ၁ 

နာတာရှည် ရောဂါကဲ့သို့ဖြစ်ပေါ်နေသော အရှုပ်အထွေး များကိုဖြေရှင်းရန် အမျိုးသားမြေဥပဒေ  (National Land Law)ရေးဆွဲပြဋ္ဌာန်း ပေးရန်အဆိုကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုအား မတ်လ ၁ ရက် အမျိုးသားလွှတ်တော်အစည်းအဝေး က အတည်ပြုလိုက်သည်။ ယင်းအဆိုနှင့်ပတ်သက်ပြီး မဲခွဲဆုံး ဖြတ်ရာ ထောက်ခံမဲများသည့်အတွက် လွှတ်တော်၌ အတည်ပြုကြောင်း ဆုံးဖြတ် သည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၂ဝ မတိုင်ခင် အခြေခံဥပဒေထဲက ဘာတွေပြင်နိုင်မလဲ

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ အနိုင်ရသွားပြီးကတည်းက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အသံတိတ်သွားခဲ့ပါတယ်။ အခု အာဏာရအင်န်အယ်လ်ဒီပါတီအဖြစ် သုံးနှစ် ကြာပြီးမှ အင်န်အယ်ဒီ ပါတီလွှတ်တော်ကိုယ် စားလှယ်အများအပြားနဲ့ ကြီးစိုးမှုရထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအသံ ပြန်ထွက်လာပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယနဲ့မြန်မာ ဘာတွေ'ကွာ'သလဲ

နိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ် နီးချင်းနိုင်ငံများဖြစ်သည့်အတွက်မစိမ်းလှပါ။ နိုင်ငံအတွင်းမှာလည်း နှစ်နိုင်ငံအတွင်း ကူးလူးဆက်ဆံနေသောလူမျိုးများ အပါအဝင် မတူညီသောလူမျိုးစုများ စုပေါင်း နေထိုင်လျက်ရှိသည်။ အလားတူ နှစ်နိုင်ငံစလုံး အတွင်းမှာ မတူညီသောသဘောထားကွဲလွဲမှု များကနေ လက်နက် ကိုင်တော်လှန်မှုများဖြင့် ရင်ဆိုင်နေကြရပြီး ထိုပြဿနာများကို ဖြေရှင်း ဆောင်ရွက်နေရခြင်းကလည်း တူညီနေပြန်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံသို့ ကျွန်တော် ရောက်ရှိခဲ့စဉ်မှာ မြင်တွေ့ခဲ့ရသည့်အခြေအနေများနှင့် မေးမြန်း သိရှိခဲ့ရသော အခြေအနေများ ကို ပြန်လည်ဝေမျှလိုပါသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်ပြည်နယ်ကို လာလည်နော့

လာကပေါ်- ပြီးခဲ့တဲ့ရက်ပိုင်းက ငပလီကမ်းခြေ မြို့မှာ ရခိုင်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ဆို တာ လုပ်သွားတယ်နော်။ အောင် မြင်မှု ဘယ်လောက်ရသလဲ။

ဆက်လက်ဖတ်ရှုရန် ...