HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

နိုင်ငံ ပိုမိုကောင်းမွန်လာစေရန် မဏ္ဍိုင်လေးရပ် ညီညီညွတ်ညွတ်ကြိုးပမ်းရေး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်း  

ရန်ကုန် ၊ ဇွန် ၁၄

နိုင်ငံပိုမို ကောင်းမွန်လာသည့် အဆင့်တစ် ခုရောက်ရှိလာစေရန် မဏ္ဍိုင်လေးရပ် ညီညီညွတ်ညွတ် ကြိုးပမ်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းလိုက် သည်။ ရန်ကုန်မြို့၊ Pullman Hotel တွင် ဇွန် ၁၄ ရက်က ကျင်းပပြုလုပ် သော မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေး နွေးပွဲ အဖွင့်အမှာစကား ပြောကြား ရာတွင် ၎င်းင်းကတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲ

ရန်ကုန်၊ ဇွန် ၁၃ - ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်ဘဏ္ဍာနှစ်ရသုံး ခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)နှင့်ပတ် သက်ပြီး စီမံဘဏ္ဍာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စား လှယ်အချို့ ကြားသဘောထားကွဲလွဲခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယားသံအမတ်ကြီး ပြည်ခိုင်ဖြိုးတာဝန်ရှိသူများနှင့် နေပြည်တော်၌တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၁၃ - ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယားနိုင်ငံ သံ အမတ်ကြီးဦးဆောင်သောအဖွဲ့ တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေခြင်းမှာ အဖွဲ့အသီးသီးမှ မူများကို အသေဆုပ်ကိုင်ထားကြခြင်းကြောင့်ဟုဆို

ရန်ကုန်၊ ဇွန် ၁၃- ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့နေခြင်းမှာ အဖွဲ့အသီးသီးမှ မူများကို အသေဆုပ်ကိုင်ထားကြခြင်းကြောင့်ဟု EAO အစုအဖွဲ့မှ စိုင်းငင်းက ပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

အစိုးရတစ်ရပ် အနေနှင့် ပရမ်းပတာ လုပ်ဆောင်ခြင်း မရှိဟု ကယားပြည်နယ် ဝန်ကြီးချုပ်ပြော

ရန်ကုန်

အစိုးရတစ်ရပ်အနေနှင့် ပြည်နယ် တိုးတက်ရေး၊ ခရီးသွားလာရေးကဏ္ဍ အပါ အဝင် အခြားကဏ္ဍများစွာတို့တွင် ပရမ်းပတာ လုပ်ဆောင်ခြင်းမရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဦးအယ်လ်ဖောင်းရှို က ဆိုသည်။ ဝန်ကြီးချုပ်သည် ၂ဝ၁၉ ခုနှစ် စတုတ္ထ အကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့် ခရီးသွားလုပ်ငန်းညီလာခံ(NCCT 2019) တွင် ထို့ကဲ့သို့ပြောခြင်းဖြစ်သည်။ ''မိမိတို့ပြည်နယ် ဒေသခံတိုင်းရင်းသား တွေရဲ့ အကျိုးအတွက် အကောင်းဆုံးဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ မိမိတို့ပြည်နယ်မှာ ထိလွယ်ရှလွယ်တဲ့အခြေအနေတွေရှိပြီး ယင်း အချက်များအတွက် ကူညီဆောင်ရွက်ပေးရန် လာရောက်ဆောင်ရွက်နေသူတွေ ရှိပါတယ်။ အစိုးရတစ်ရပ်အနေနဲ့ ပရမ်းပတာလုပ်ဆောင် ခြင်း မရှိပါဘူး။ ပြောင်းလဲနေတဲ့ခေတ်ကာလ နဲ့ ချိန်ထိုးပြီး ယနေ့အချိန်အခါတွင် အကောင်း ဆုံး ဆောင်ရွက်နိုင်ပါတယ်''ဟု ယင်းကဆို သည်။

ဆက်လက်ဖတ်ရှုရန် ...

တိုင်းနှင့်ပြည်နယ်များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းတော့မည်ဖြစ်၍ ဝန်ထမ်းများ လုပ်ထုံး လုပ်နည်းနှင့်အညီလုပ်ရန် သတိပေး  

ရန်ကုန်

တိုင်းဒေသကြီးများတွင် အဂတိလိုက် စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း တော့မည်ဖြစ်သည့်အတွက် ဝန်ထမ်းများ လုပ် ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ရန် အရေး ကြီးကြောင်း တနင်္သာရီတိုင်းဒေသကြီး အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်ကျော်က တိုက်တွန်း ထားသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ နယ် စုပေါင်းရုံးခန်းမ၌ တနင်္သာရီတိုင်းဒေသ ကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီး မှူးကျင်းပသည့် ဘဏ္ဍာရေးနှင့်ငွေစာရင်းလုပ် ငန်းမွမ်းမံသင်တန်းတွင် ၎င်းင်းက ထိုကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းနိုင်ငံတွင် ကျင်းပမည့် PPCN အစည်းအဝေး တားမြစ်ခံရခြင်းသည် နားလည်မှုလွဲခြင်းဖြစ်ပြီး ယုံကြည်မှုများ ထိခိုက်နိုင်ဟုဆို  

ရန်ကုန်

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် PPCN အစည်းအဝေးကို ထိုင်းနိုင်ငံတွင် ကျင်းပ ရန် ပြင်ဆင်ချိန် တားမြစ်ခံရခြင်းသည် နားလည် မှုလွဲခြင်းဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ယုံကြည်မှုများ ထိခိုက်နိုင် ကြောင်း PNLO  အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့် ထွန်းက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။ ယခုလ ၈ ရက်မှ ၁ဝ ရက်အထိ ထိုင်းနိုင်ငံ တွင် ကျင်းပမည့် PPCN အစည်းအဝေးသည် မြန်မာစစ်သံမှူးမှတစ်ဆင့် ထိုင်းထောက်လှမ်း ရေးဌာနကို တားမြစ်ခြင်းကြောင့် အဆိုပါအ စည်းအဝေးကို မလုပ်ဆောင်ဖြစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဦးဝီရသူကို ဖမ်းမိခြင်းမရှိသဖြင့် အမှုကို မျက်ကွယ်တွင် စစ်ဆေးတော့မည်  

ရန်ကုန်၊ ဇွန် ၁၁

ဦးဝီရသူကို ဖမ်းမိခြင်းမရှိ၍ အမှုအား ၎င်းင်းမျက်ကွယ်တွင် စစ်ဆေးတော့မည်ဖြစ် ကြောင်း အနောက်ပိုင်းခရိုင် တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမင်းသန့်က ပြောသည်။ ''ဖမ်းမမိတဲ့အကြောင်း ပြန်သွင်းလာပါတယ်။ သူရဲ့မျက်ကွယ် မှာ အမှုကို ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမယ်လို့ အမိန့်ချ ပြီးတော့ တရားလိုကိုစစ်ဖို့ ချိန်း ဆိုထားတယ်''ဟု ၎င်းင်းက ဇွန် ၁၁ ရက်တွင် မီဒီယာများ၏ မေးမြန်း မှုကို ဖြေကြားသည်။ မျက်ကွယ်စစ်ဆေးမှုအဖြစ် ဇွန် ၁၈ ရက်တွင် တရားလို ရန်ကုန် အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကိုစတင် စစ်ဆေးတော့မည်ဖြစ်ကြောင်း ၎င်းင်း က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...