HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ညောင်ဦးမြို့နယ်၌ ချုံနွယ်များ ရှင်းလင်းရာမှ တွေ့ရှိခဲ့သည့် ရှေးဟောင်း စေတီတော်များ ပြန်လည်ပြုပြင်ရန် အလှူရှင်များ လိုအပ်နေ

ညောင်ဦး၊ ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြောင်ကျေးရွာနှင့် လယ်ကန်ကျေးရွာကြား၌ ဒေသခံများက ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရာ အေဒီ ၁၃ ရာစုခန့်က တည်ထားခဲ့သည့် ရွှေပုံသာရှေးဟောင်းစေတီတော် ၁၁ ဆူနှင့် ရှေးဟောင်းဘုရားစေတီ နှစ်ဆူကို တူးဖော်တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ၏ ခွင့်ပြု ချက်ဖြင့် ပြန်လည်ပြုပြင်မွမ်းမံနေရာတွင် အလှူငွေများ လိုအပ်နေ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်းမြို့နယ်တွင် သက်ငယ် မုဒိမ်းနှင့် လုယက်မှုများ များပြားလာသောကြောင့် ရဲကင်းများချ၍ ကျေးရွာများ၌ မှုခင်းကျဆင်းရေး ဟောပြောပွဲများ လစဉ် ကျင်းပသွားမည်

စစ်ကိုင်း၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုများနှင့် လုယက်မှုများ များပြားလာသောကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လစဉ်ကွင်းဆင်းဟောပြောသွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

တာချီလိတ် မြို့နယ်တွင် တရားမဝင် လက်နက် ကိုင်ဆောင်သူကို ပစ္စတို တစ်လက်နှင့်အတူ ဖမ်းဆီးရမိ  

တာချီလိတ်၊ ဇွန် ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာချီလိတ်-ကျိုင်းတုံသွား ပြည်ထောင်စုကားလမ်းမကြီး၌ တရားမဝင်လက်နက်ကိုင်ဆောင်သူကို ပစ္စတိုတစ်လက်နှင့်အတူ ဖမ်းဆီးရမိ ကြောင်း ဟောင်လိတ် ရဲစခန်းမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေး တောင်တော် ရင်ပြင်တော်ပေါ်၌ လုံခြုံရေးပိုင်း စောင့်ကြည့်ရန် CCTV ကင်မရာများကို အဆင့်မြှင့်တင် တိုးချဲ့ တပ်ဆင်  

မန္တလေး၊ ဇွန် ၂ဝ

မန္တလေးတောင် တော်ပေါ်သို့လာရောက်ကြသော ပြည်တွင်းဘုရားဖူးခရီးသည်များနှင့် နိုင်ငံခြားသားခရီးသည်များ လုံခြုံရေးပိုင်းအတွက် ဆုတောင်း ပြည့်ဘုရားရင်ပြင်တော်ဝန်းကျင်တွင် CCTV ကင်မရာများကို အဆင့်မြှင့်တင်တိုးချဲ့တပ်ဆင်ပေးထားပြီး ညအချိန်ဒုစရိုက်မှုများမဖြစ်ပွားစေရေးအတွက်လည်း တောင်တက်တောင်ဆင်းကားလမ်းတစ် လျှောက်သို့ ပုံမှန်ကင်းလှည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေး တိုင်းဒေသကြီးတွင် ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဖွဲ့စည်းရန် ဆွေးနွေး

မကွေး၊ ဇွန် ၂ဝ

မကွေးတိုင်းဒေသကြီးတွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းဖွဲ့စည်းရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၂ဝ ရက် နံနက်ပိုင်းက မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ ယခုအခါ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ တွင်ဖွဲ့စည်းခဲ့ပြီး ယနေ့တွင် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်ဖွဲ့စည်းရန် တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြပြီး အဆိုပါအသင်းများတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေး မဟာအောင်မြေမြို့နယ် မဟာအရှေ့ရပ်ကွက်တွင် ဒစ်ဂျစ်တယ်ရေမီတာ အလုံး ၁ဝဝဝ ခန့် အခမဲ့ တပ်ဆင်ပေးနေ  

မန္တလေး၊ ဇွန် ၂ဝ

မန္တလေးမဟာ အောင်မြေမြို့နယ် မဟာအရှေ့ရပ်ကွက်တွင် ဇွန် ၁၈ ရက်မှစတင်၍ အော်တိုဒစ်ဂျစ်တယ်ရေမီတာအလုံး ၁ဝဝဝ ခန့်ကို တပ်ဆင်ပေးလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။ '' AMR မီတာတွေကို စမ်းသပ်တဲ့အနေနဲ့ အခမဲ့တပ်ပေးသွားမှာပါ။ ရပ်ကွက်တစ်ခုကိုရွေးချယ်ထားပါတယ်။ အဲဒီရပ်ကွက်မှာတစ် အိမ်မှ မကျန်အောင် တပ်ဆင်ပေးသွားမှာပါ။ AMR မီတာအလုံးတစ် ထောင်အခမဲ့တပ်ပေးဖို့လျာထားပါတယ်။ လာမယ့်နှစ်မှာလည်း တိုးချဲ့တပ်ဆင်ပေးနိုင်ဖို့ စီစဉ်နေပါတယ်''ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဇွန် ၁၉ ရက်တွင် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

တာချီလိတ်မြို့ ပြည်တော်သာဈေး၌ ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်

တာချီလိတ်၊ ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ပြည်တော်သာပုဂ္ဂလိကဈေးရှိ ထမင်းဆိုင်တစ်ဆိုင်၌ ရေခဲသေတ္တာ အပူလွန်ကဲရာမှ ပျံကျဈေးဆိုင် ငါးဆိုင်ကို မီးကူးစက်လောင်းကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျိုင်းလပ်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကွန်ကရစ်တံတား ချဉ်းကပ်လမ်း ပျက်စီး၊ ယာဉ်သွားလာရေး အခက်အခဲဖြစ်နေ

ကျိုင်းလပ်၊ ဇွန် ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့ တာလေ-ကျိုင်းလတ်သွားလမ်း ကျိုင်းလပ်မြို့၌ ဇွန် ၁၉ ရက် နံနက် ၂ နာရီခန့်က မိုးအဆက်မ ပြတ်ရွာသွန်းမှုကြောင့် ချောင်းရေ မြင့်တက်ကာ ကွန်ကရစ်တံတား ချဉ်းကပ်လမ်း ရေတိုက်စားသဖြင့် လမ်းသားများပျက်စီးသွား၍ ယာဉ်များသွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...