• About Us
  • Advertise
  • Careers
  • Contact Us
Friday, December 13, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

မီတာခကို မသမာသောနည်းဖြင့် လျော့နည်းအောင်မပြုလုပ်စေရေး ကျောက်တံတားတွင် လုပ်ငန်းများအား အဓိကစစ်မည်

မသမာသောနည်းဖြင့် လျော့နည်း အောင်မပြုလုပ်နိုင်ရန် ကျောက် တံတားမြို့နယ်တွင် လုပ်ငန်းများ အား အဓိကစစ်ဆေးသွားမည်ဟု သိရသည်။

by YMG
July 1, 2019
in Regional
1 min read
0
91
SHARES
169
VIEWS
Share on FacebookShare on Twitter

RelatedPosts

မိုးခေါင်၍ သဖန်းဆိပ်ဆည် ရေခန်းကာပေါ်လာသော ကျွန်းလှမြို့ဟောင်းသို့ ဒေသခံများ သွားရောက်လည်ပတ်

August 30, 2019

ပြိုကျသည့် ကျောက်မီးသွေးတွင်း အတွင်းပိုင်းတွင် မြေပြိုကျမှုများဖြစ်ပေါ်နေ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရ

August 30, 2019

မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငါးကန်ဧက ၇၈၀ ကျော်ရေကြီးနစ်မြုပ်၊ ကျပ်သိန်းပေါင်း ၂၈၀ဝ ခန့်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့

August 30, 2019

မလတ်တောင်ကဲ့သို့ တောင်ပြိုမှုမဖြစ်စေရန် ကျောက်မိုင်းတူးဖော်သည့်နေရာများကို စစ်ဆေးနေ

August 28, 2019

ရန်ကုန်၊ ဇွန် ၃ဝ-လျှပ်စစ်မီတာခကို မသမာသောနည်းဖြင့် လျော့နည်း အောင်မပြုလုပ်နိုင်ရန် ကျောက် တံတားမြို့နယ်တွင် လုပ်ငန်းများ အား အဓိကစစ်ဆေးသွားမည်ဟု သိရသည်။

ကျောက်တံတား မြို့နယ်အ တွင်း လာမည့်အပတ်တွင် စစ် ဆေးရန်စီစဉ်နေပြီး လျှပ်စစ်ဌာနတာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် လျှပ်စစ်မီတာနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ ပူးပေါင်းကာ စိစစ်ခြင်းလုပ်ငန်း များလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ် ကြည်ပြာက ဒီမိုကရေစီတူဒေးသို့ ဇွန် ၃ဝ ရက်ကပြောသည်။

”ဘယ်သူ့ဘယ်သူမှ မထိ ခိုက်စေချင်ပေမယ့် မဟုတ်တာ တော့ မလုပ်စေချင်ဘူး။ အခု နောက်ပိုင်းဒဏ်ကြေးပိုတိုးလိုက် ရင် ယာဉ်ထိန်းရဲတွေပိုအဆင်ပြေ သွားတယ်ဆိုပြီး မြန်မာပြည်မှာ ပြောလေ့ပြောထရှိတယ်။ အဲဒီလို မျိုးဖြစ်မှာစိုးလို့ပါ။ အခုမီတာခ တွေပေးလိုက်တယ်၊ရိုးရိုးသားသား ပေးတဲ့သူတွေကတော့ နှစ်ဆတွေ သုံးဆတွေပေးနေရပြီးတော့ မရိုး သားတဲ့သူတွေက ခွင်တွေပိုဖန်ကြ မှာစိုးရိမ်တယ်။ နိုင်ငံတော်လည်း ပိုက်ဆံမရ၊ ပြီးတော့အခြေခံ ပြည် သူတွေလည်း နစ်နာ အဲဒီလိုဖြစ် မှာစိုးလို့ အဲဒါကိုပဲကာကွယ်ချင် တာပါ” ဟု ¤င်းကဆိုသည်။

သက်ဆိုင်ရာ ဆိုင်လုပ်ငန်း များ၏ ပြီးခဲ့သည့်လဆောင်ထား သော မီတာခများကို ကြည့်ရှုပြီး အမှန်တကယ်ကျသင့်သောနှုန်း နှင့်ကွာဟချက်ရှိမည်ဟု ယူဆ သောလုပ်ငန်းများကို ကျောက်တံ တားမြို့နယ် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းနှင့်အုပ်ချုပ် ရေးတာဝန်ရှိသူများ ပူးပေါင်းကာ ပြန်လည်စစ်ဆေးသွားမည်ဖြစ် ကြောင်းသိရသည်။

”လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ ပြည်သူတွေမနစ်နာရ အောင်ဆောင်တဲ့သူတွေက ဆောင် နေပြီး မဆောင်တဲ့သူတွေက မ ဆောင်တာမျိုးမဖြစ်ရအောင်ပါ။အခု မီတာခတွေတိုးလိုက်တော့ ဘာကိုစိတ်ပူရသလဲဆိုတော့ အ များကြီးမပေးချင်ကြတဲ့အခါမှာ စီးပွားရေးကျင့်ဝတ်မရှိတဲ့လုပ် ငန်းရှင်တွေကပဲ ဖြစ်ဖြစ်၊ အိမ်တွေ ကပဲဖြစ်ဖြစ် ဝန်ထမ်းနဲ့ပေါင်းပြီး တော့ မဟုတ်တာလုပ်မှာစိတ်ပူရ တယ်”ဟု ဒေါ်ကြည်ပြာကဆို သည်။

ကျောက်တံတားမြို့နယ်သာ မက မြို့နယ်တိုင်းလိုလိုမှ တချို့ သော လုပ်ငန်းကြီးငယ်များသည် မီတာခကို အမှန်အတိုင်းမဆောင် ကြကြောင်း သတင်းများထွက်ပေါ် နေသကဲ့သို့ လွှတ်တော်ကိုယ်စား လှယ်များထံ သတင်းပေးတိုင်ကြား မှုများလည်း လက်ခံရရှိကြောင်း ¤င်းကပြောသည်။

”အဲ့ဒီလိုစိစစ်လိုက်ရင် မီတာ ခတွေကို ဝန်ထမ်းနဲ့ပူးပေါင်း လျော့ အောင်လုပ်ထားတာလား။ ဒါမှ မဟုတ် သူတို့ဘာသာပြုပြင်ထား တာလားဆိုတာတွေလည်း သိရနိုင် မှာပါ။ အရင်က အဂတိမကင်းခဲ့ဖူးတဲ့ဝန်ထမ်းရှိမယ်ဆိုရင်လည်း အဂတိကိစ္စတွေ ဆက်လက်လုပ် ဆောင်တာမျိုးလျော့သွားအောင်၊ အရင်က အလွယ်နည်းလိုက်တဲ့ လုပ်ငန်းရှင်တွေရှိမယ်ဆိုလည်း အခု အများနည်းတူ မျှမျှတတဖြစ်စေ ဖို့ ရည်ရွယ်ပါတယ်”ဟု ¤င်းက ဆက်လက်ပြောသည်။

ယင်းသို့စစ်ဆေးမှုကို ပထမ ဆုံးအနေဖြင့် ပန်းဆိုးတန်းလမ်းမ ကြီးတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့နောက်လုပ်ငန်း များသော ၃၄ လမ်းနှင့်မဟာဗန္ဓုလပန်းခြံလမ်းတို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NT

#DemocracyToday

Tags: BusinessMeterMyanmarYangonYangon Goverment
Previous Post

ပူညံပူညံလုပ်လွန်းလို့ ခင်ပွန်းဖြစ်သူရဲ့ တရားဆွဲခံရတဲ့ ဗြိတိန်အမျိုးသမီး

Next Post

အစိုးရသက်တမ်းသုံးနှစ်အတွင်း ရန်ကုန်စည်ပင်လုပ်ဆောင်မှုများအနက် ဂုဏ်အယူရဆုံးလုပ်ဆောင်မှုမရှိသေးဟု မြို့တော်ဝန်ဆို

YMG

Related Posts

Regional

မိုးခေါင်၍ သဖန်းဆိပ်ဆည် ရေခန်းကာပေါ်လာသော ကျွန်းလှမြို့ဟောင်းသို့ ဒေသခံများ သွားရောက်လည်ပတ်

August 30, 2019
Regional

ပြိုကျသည့် ကျောက်မီးသွေးတွင်း အတွင်းပိုင်းတွင် မြေပြိုကျမှုများဖြစ်ပေါ်နေ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရ

August 30, 2019
Regional

မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငါးကန်ဧက ၇၈၀ ကျော်ရေကြီးနစ်မြုပ်၊ ကျပ်သိန်းပေါင်း ၂၈၀ဝ ခန့်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့

August 30, 2019
Regional

မလတ်တောင်ကဲ့သို့ တောင်ပြိုမှုမဖြစ်စေရန် ကျောက်မိုင်းတူးဖော်သည့်နေရာများကို စစ်ဆေးနေ

August 28, 2019
Regional

ထိုင်းခရီးသွားများအား မြန်မာ-ထိုင်းနယ်စပ်မှ မြဝတီမြို့သို့သာမက ကော့ကရိတ်၊ ဘားအံနှင့်မော်လမြိုင်မြို့ထိပါ သွားလာခွင့်ပြုရန် လိုလားနေ

August 28, 2019
Regional

ထိုင်းနိုင်ငံဘက်မှအလိုရှိနေသည့် တရားခံပြေးအပါအဝင် ပြစ်ဒဏ်စေ့ ထိုင်းနိုင်ငံသားခုနစ်ဦးကို မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား၌ ပြည်နှင်လွှဲပြောင်း

August 28, 2019
Next Post
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ပြောကြားနေစဉ်။

အစိုးရသက်တမ်းသုံးနှစ်အတွင်း ရန်ကုန်စည်ပင်လုပ်ဆောင်မှုများအနက် ဂုဏ်အယူရဆုံးလုပ်ဆောင်မှုမရှိသေးဟု မြို့တော်ဝန်ဆို

Discussion about this post

Connect with us

ADVERTISEMENT

Recommended

ပန်းဇင်ကျေးရွာ၌ တောင်မြေများပြိုကျ၍ အဆောက်အအုံအချို့ ပြိုကျပျက်စီးနေစဉ်။  Photo - MN

ကျွန်းစုမြို့နယ် ပန်းဇင်ကျေးရွာ၌ တောင်မြေများပြိုကျ၍ ရုံး၊ ဝန်ထမ်း အိမ်ရာနှင့် လူနေအိမ်အချို့ ပြိုကျပျက်စီး၊ ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

4 months ago

ပြည်သူ စိတ်ဝင်စားမှုနည်းသည့် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ

1 year ago

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် OBOR ဖိုရမ်သို့ တက်ရောက်ရန် တရုတ်နိုင်င??

8 months ago
Yangon Media Group

“ဂီတလောကမှာ ဂုဏ်ရှိရှိနဲ့ ရပ်တည်ချင်တယ်” မြန်မာသံ အဆိုရှင် ပန်းအိဖြူ

2 years ago

မက္ကဆီကို စီးတီးတွင် မိုးသည်းထန်စွာ ရွာ၍ လူနှစ်ဦးသေ၊ နေအိမ် ၁၃၅ လုံးပျက်စီး

1 year ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    4 shares
    Share 4 Tweet 0
  • မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်း ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင်ဆရာ??

    0 shares
    Share 0 Tweet 0
  • မြင့်မြတ်၊ အိချောပိုတို့ ခေါင်းဆောင် ပါဝင်ထားသည့် ‘ကြေးကြီးတယ်’ ရုပ်ရှင်ဇာတ်ကား မကြာမီ ရုံတ

    6 shares
    Share 6 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.