ရန်ကုန်၊ ဩဂုတ် ၁၀ – ကျောက်ပန်းတောင်း-ညောင်ဦး ဗျတ္တပန်းဆက် ကားလမ်းပေါ်တွင် တောင်ကျချောင်းရေကျော်သဖြင့် ကားအစီး ရာချီပိတ်မိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ နဘူးတောကျေး ရွာ ကျောက်ပန်းတောင်း-ပုဂံ-ညောင်ဦးကားလမ်းပေါ် ဗျတ္တပန်းဆက် လမ်းအကျော်တွင် ဩဂုတ် ၁၀ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ မိုးသည်း ထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းကာ လမ်းပေါ်ရေ ကျော်သဖြင့် ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီ ကယ်ဆယ်မှုများပြုလုပ်နေကြောင်း ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့ထံ မှ စုံစမ်းသိရသည်။
ကားလမ်းပေါ် ရေကျော်မှုကြောင့် ကားအစီးရာချီပိတ်မိခဲ့ပြီး လမ်း ရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးခရိုင်မီးသတ် တပ်ဖွဲ့ထံမှ သိရသည်။
ညောင်ဦးခရိုင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ]]သွား ရောက်တဲ့အဖွဲ့တွေ ပြန်ရောက်မလာသေးဘူး။ လူတစ်ဦးမျောပါသွား တယ်သိရတယ်။ ကျောက်ပန်းတောင်း-ပုဂံ-ညောင်ဦးလမ်းပေါ် တောင်ကျရေကျော်တာ တော်တော်ဆိုးတယ်။ ကားတော်တော်များ များ ပိတ်မိတယ်။ ရာချီလောက်ရှိတယ်}}ဟု ဩဂုတ် ၁၀ ရက်ကပြောသည်။
အလားတူ ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်းကလည်း ညောင်ဦး မြို့နယ်၊ မြင်းခြံ-ညောင်ဦးကားလမ်း၊ တောင်ဇင်းဘက်ခြမ်း ကား လမ်းပေါ်တွင် တောင်ကျချောင်းရေများရေကျော်ခဲ့သည်။
WYHW/Democracytoday