ရန်ကုန်၊ ဩဂုတ် ၁၃- ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုတွင် ရေ ဘေးသင့်ပြည်သူ ခုနစ်သောင်း ကိုးထောင်ကျော် ရေဘေးရှောင် စခန်း ၁ဝဝ ကျော်၌ ခိုလှုံနေရ ကြောင်းနှင့် အခက်အခဲအနေဖြင့် လှေလုံလောက်မှုမရှိကြောင်း သိ ရသည်။
ရေဘေးသင့်ဒေသများဖြစ် သော မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် လူဦးရေခု နစ်သောင်းကိုးထောင်ကျော်ရှိ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါက်တာဖြူလဲ့လဲ့ထွန်း ထံမှသိရသည်။
“”မွန်ပြည်နယ်မှာ လူဦးရေက ၃၄၈ဝဝ ကျော်၊ ပဲခူးတိုင်းဒေသ ကြီးမှာ လူဦးရေကျတော့ ၂၃၁ဝဝ ကျော်ရှိတယ်။ ကရင်ပြည်နယ် ကျတော့ လူဦးရေ ၁၈၈ဝဝ ကျော်၊ တနင်္သာရီတိုင်းဒေသကြီးမှာ လူဦး ရေက ၂၄၇၉ ဦးကျော်ရှိပါတယ်””ဟု ၄င်းကပြောသည်။
မွန်ပြည်နယ် ရေဘေးသင့် နေသည့် ဒေသများတွင် လှေများ မလုံလောက်သဖြင့် ရေကြီးနေ သည့်နေရာများတွင် နေထိုင်နေ ကြသော ပြည်သူများထံသို့ စားနပ် ရိက္ခာများ သွားရောက်ပေးပို့ရန် ခက်ခဲနေကြောင်း မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဒေါက် တာအောင်နိုင်ဦး က ပြောသည်။
“”မွန်ပြည်နယ်မှာတော့ လော လောဆယ်အခက်အခဲကတော့ လှေလုံလောက်မှုမရှိတာ။ ယာယီ ရေဘေးရှောင်စခန်းမှာ နေထိုင်တဲ့ သူတွေရှိသလို ရေကြီးနေတဲ့နေ ရာတွေမှာရှိတဲ့ အိမ်တွေမှာနေ ထိုင်နေတဲ့သူတွေလည်းရှိပါတယ်။ သူတို့ကိုစားနပ် ရိက္ခာတွေ သွားပေး ဖို့က ရေလွှမ်းနေတော့လှေနဲ့ပဲ သွားပေးရမှာ။ လှေတွေကမရှိတော့ သွားပေးဖို့မလွယ်ဘူး။ လှေတွေ မရှိတော့ လာလှူတဲ့ သူတွေရော၊ ဒီမှာရှိနေတဲ့သူတွေပါ သွားလာ ရလည်း အရမ်းခက်ခဲနေပါတယ်””ဟု ဒေါက်တာအောင်နိုင်ဦးက ဒီမိုကရေစီတူဒေး သို့ပြောသည်။
မွန်ပြည်နယ်သည် ရေကြီး ခြင်း၊ တောင်ပြိုခြင်းများကြောင့် ရေဘေးရှောင်ဒုက္ခသည် အများ ဆုံးဒေသတစ်ခုဖြစ်ပြီး ယာယီ ရေဘေးရှောင်စခန်း ၁၁၉ ခုဖွင့် ကာ လူဦးရေသုံးသောင်းလေးထောင် ကျော်ကို ကူညီထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
“မွန်ပြည်နယ်မှာ အိမ်ထောင် စုက ၈၁ဝဝ ကျော်၊ လူဦးရေက ၃၄၈ဝဝ ကျော်ရှိပါတယ်။ ယာယီ ရေဘေးရှောင်နေရာ ၁၁၉ ခု လောက်ရှိတယ်။ ပေါင်မြို့နယ် မြေပြိုတာက သေဆုံးသူတွေများ တယ်””ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါက်တာ ဖြူလဲ့လဲ့ထွန်းက ပြောသည်။
ရေးမြို့တွင် လူဦးရေခြောက် ထောင်ကျော် ရေဘေးရှောင်ကယ် ဆယ်ရေးစခန်းတွင် ခိုလှုံနေရ ကြောင်း ရေကျသွားပြီဖြစ်သော် လည်း ကယ်ဆယ်ရေးစခန်းမှ ပြန်သွားနိုင်သူ နည်းပါးကြောင်း သိရသည်။
“ရေးမြို့မှာတော့ ကယ် ဆယ်ကူညီထောက်ပံ့ရေးတွေက တော့လာနေကြတယ်။ လာနေကြ တဲ့အပေါ် မြို့နယ်က မြို့နယ်ရေ ဘေးကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးဌာနတွေမှာ လာ ရောက်ခိုလှုံနေကြတဲ့လူ ခြောက် ထောင်ကျော်ကို စားဝတ်နေရေး အတွက်ကို ဆောင်ရွက်ပေးနေ တယ်။ မြို့တွေမှာနေနေတဲ့ ဒေသ ခံမြို့နေ ပြည်သူတွေရှိတယ်။
အဲဒီ လူတွေအတွက် ကယ်ဆယ်ရေး အတွက်ကျတော့ အပြင်ကလာ တဲ့ ပရဟိတအဖွဲ့တွေနဲ့ စီအက်စ် အိုတွေကပေါင်းပြီးတော့ အဲဒီ အောက်ဘက်ကအပိုင်းတွေကို အဲဒီ ပရဟိတအဖွဲ့တွေ လှူချင်တဲ့နေ ရာတွေကို အရောက်ပို့ပေးနေပါ တယ်။ ရေကတော့ ကျသွားပါပြီ။ နှစ်ပိုင်းရှိတယ်။ အခုဟာက ကယ် ဆယ်ရေးစခန်းမှာနေတဲ့သူတွေ က ဧည့်သည်တွေဖြစ်တယ်။ အခြား ကနေလာရောက်လုပ်ကိုင် စား သောက်နေကြသူတွေ။မြို့ခံ တွေကတော့ အနည်းစုပဲရှိပါတယ်။ မြို့ခံအများစုကတော့ သူတို့ဆွေ မျိုးသားချင်းတွေရဲ့အိမ်မှာနေကြ တယ်””ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကပြော သည်။
ရေးမြို့တွင် ရေများကျသွား ပြီဖြစ်သော်လည်း နုန်းများကျန်ရစ် ခဲ့သဖြင့် နေအိမ်များတွင်ဖယ်ရှား ရှင်းလင်းရေးကို ခက်ခက်ခဲခဲလုပ် ဆောင်နေရကြောင်း သိရသည်။
ဆက်လက်၍ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခက်အခဲ များကို မွန်ပြည်နယ်ဒုတိယလွှတ် တော်ဥက္ကဋ္ဌ ဒေါက်တာအောင် နိုင်ဦးက””အဓိကကတော့ ပေါင်မြို့ နယ် ဘက်အခြမ်းကများတယ်။ တောင်ပြိုလို့သေတာကလည်း လူဦးရေ ၆၀ နီးပါးလောက်ရှိ တယ်။ တစ်ဖက်မှာလည်း ယာဉ် တွေ ကားတွေဆုံးရှုံးတာရှိတယ်။ အဲဒီအပြင် အိမ်တွေအဆောက် အအုံတွေ ပျက်စီးတာရှိတယ်။ မော်လမြိုင်မှာလည်း ရေကြီးလို့ အိမ်တွေပျက်စီးတယ်။ အချို့ဆို ကားတွေ၊ ဆိုင်ကယ်တွေရေထဲ မှာ စုံးစုံးမြုပ်ပြီး ပျက်စီးတာရှိ တယ်။ ချောင်းဆုံကတော့လည်း တောင်ပြိုလို့ အိမ်ခြောက်လုံး လောက်ပြိုတယ်။ အဲဒီမတိုင်မီ လေပြင်းတိုက်ခတ်လို့ပြိုကျ ပျက်စီး တာတွေရှိတယ်။ နောက်ဒီဒေသ မှာ တောင်ကျရေတွေကြောင့် တစ်ရွာလုံးနစ်မြုပ်သွားတာတွေ ရှိတယ်။ အခု ကျွန်တော်က ကျိုက် မရောရောက်နေတယ်။ တော်တော် များ များရေနစ်မြုပ်မှုတွေဖြစ်နေ တယ်။ ဆက်သွယ်ရေးလမ်းကြောင်း တွေ ပြတ်တာဖြစ်တယ်။ မော် တော်ယာဉ်နဲ့ လုံးဝသွားလို့မရလို့ လှေနဲ့ပဲသွားရတယ်။ လှေနဲ့ပဲ သွားနေရတော့ လှေမလုံလောက် လို့ သွားလာရခက်ခဲနေတာတွေ ဖြစ်နေတယ်။ ရေကြီးနေတော့ စားဖို့သောက်ဖို့ ချက်ပြုတ်ရခက် နေတယ်””ဟု ပြောကြားခဲ့သည်။
ရေနစ်မြုပ်ရာဒေသကို လူမှု ပရဟိတအဖွဲ့များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အလှူရှင်များက လှူဒါန်းလျက်ရှိကြောင်းနှင့် ရေဘေး သင့်ဒေသမှ ပြည်သူများအတွက် စားနပ်ရိက္ခာများ လှူဒါန်းရာတွင် ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံး နိုင်သော အစားအသောက် များ လှူဒါန်းသင့်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတွင် ရေ ဘေးရှောင်ပြည်သူ နှစ်သောင်း သုံးထောင်ကျော်ရှိပြီး ရေဘေး ရှောင်စခန်း ခုနစ်နေရာတွင်နေ ထိုင်လျက်ရှိကြောင်း သိရသည်။
“”ပဲခူးတိုင်းဒေသကြီးမှာဆို ရင် အိမ်ထောင်စုက ၄၇၆၀ ကျော် ရှိတယ်။ လူဦးရေကျတော့ ၂၃၁ဝဝ ကျော်ရှိတယ်။ ရေဘေးရှောင်နေ ရာတွေက ခုနစ်နေရာလောက်မှာ ပြောင်းရွှေ့နေထိုင်တယ်”” ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနညွှန်ကြားရေးမှူးကပြော သည်။
ကရင်ပြည်နယ်တွင် အိမ် ထောင်စုက ၃၉ဝဝ ကျော်၊ လူဦးရေ ၁၈၈ဝဝ ကျော်သည် ယာယီရေ ဘေးရှောင်နေရာ ၃၆ ခု၌ ခိုလှုံနေ ရကြောင်းနှင့် စားနပ်ရိက္ခာများ လိုအပ်ကြောင်းဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် လည်း ရေဘေးသင့်ပြည်သူအိမ် ထောင်စုဝင် ၅၅၀၊ လူဦးရေက ၂၄၇၉ ဦးကျော်ရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ သိရသည်။
TTHL
#Democracytoday