မန္တလေး ၊ ဇွန် ၂၈
ကြက်နှင့် ကြက်ထွက်ပစ္စည်းများတွင် ပဋိဇီဝ ဆေးယဉ်ပါးမှု သုတေသနကို ဇူလိုင်လတွင် မန္တလေးတိုင်းဒေသကြီး အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန် ၂၉ ရက် နံနက် ၉ နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့ နယ် Perfect Hotel ၌ ကျင်းပသည့် ကြက်နှင့် ကြက်ထွက်ပစ္စည်း များတွင် ပဋိဇီဝဆေးယဉ်ပါးမှုသုတေ သနလုပ်ငန်းဆိုင်ရာ ဟောပြောဆွေး နွေးပွဲမှ သိရသည်။
”တိရစ္ဆာန်တွေ နေမကောင်း ဖြစ်တဲ့အခါ ဆေးတိုက်ကြတယ်။ ရောဂါလက္ခဏာတွေ သက်သာလာရင် ဆေးဆက်မတိုက်ဘဲ ရပ်ပစ်လိုက် ကြတယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါမှာ ဆေးယဉ်ပါးမှုဆိုတာက ဖြစ်လာတယ်။ ဆေးယဉ်ပါးမှုဖြစ်လာတဲ့အခါ မလိုလားအပ်တဲ့ ဘက်တီးရီးယားပိုးတွေပါလာတယ်။ အဲဒီအခါ ကျွန်တော်တို့မှာ အစာအဆိပ်သင့်တဲ့ရောဂါ၊ ဝမ်းပျက်ဝမ်း လျှောရောဂါ ဒါမျိုးတွေဖြစ်စေတတ်တဲ့အတွက်ကြောင့် လူတွေ မှာလည်း အန္တရာယ်ရှိပါတယ်။ အဲဒါကြောင့် ကြက်နှင့် ကြက်ထွက် ပစ္စည်းတွေမှာ ပဋိဇီဝဆေးယဉ်ပါး မှုလျှော့ချနိုင်ဖို့ ဆောင်ရွက်တာဖြစ်သလို ကျန်တဲ့အခြားအသားတွေကိုလည်း ဆက်လက်ဆောင်ရွက်သွား မှာပါ”ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သိန်းနိုင်က ပြောသည်။
ဆွေးနွေးပွဲသို့ မန္တလေးတိုင်း ဒေသကြီး အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေးစီမံချက်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများတက် ရောက်ဆွေးနွေးခဲ့ကြပြီး သုတေသနကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ခုနစ်မြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။
AXE
#democracytoday
Discussion about this post