စစ်ကိုင်း၊ ဇွန် ၅
စစ်ကိုင်း တိုင်းဒေသကြီးအတွင်း လာ ရောက်ရင်းနှီးမြှုပ်နှံကြမည့် စီမံကိန်း၊ အလုပ်ရုံနှင့်စက်ရုံများ လေထုနှင့် ပတ်ဝန်းကျင်ညစ် ညမ်းမှု မဖြစ်စေရေးအတွက် နည်းပညာများ အသုံးပြုကာ တာဝန်ယူမှုများကို သေချာစိစစ် ကြပ်မတ်ပြီးမှသာ ခွင့်ပြုသွား မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင် က ပြောကြားသည်။ ဇွန် ၅ တွင် ကျရောက် သော ကမ္ဘာ့ပတ်ဝန့်ကျင်ထိန်း သိမ်းရေးနေ့ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်က ယင်းကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။
”တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စက် မှုဇုန်နဲ့ သတ္တုတွင်းစီမံကိန်းတွေ လည်း လေထုညစ်ညမ်းမှုကို အတတ်နိုင်ဆုံး လျှော့ချတဲ့ အစိမ်းရောင်းနည်းပညာတွေ အစားထိုးသုံးရမှာပါ ”ဟု ၎င်းင်း ကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုဖြစ်သော ဆား လင်းကြီးမြို့နယ်ရှိ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း မှသုံးသော အက်စစ်ငွေ့များ လေထုအတွင်း ပျံ့နှံ့၍ သီးနှံ စိုက်ခင်းများပျက်သည်ဟုဆို ကာ ဒေသခံများက နိုင်ငံတော် သမ္မတ၏ မုံရွာခရီးစဉ်တွင် တိုင်ကြားမှု ပြုလုပ်ခဲ့ကြသည်။
ယင်းကြောင့် တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကွင်း ဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ ရာ ကြေးနီစီမံကိန်းအနီးရှိ ကျောက်ဖြူတိုင်ရွာအနီး၌ လေထုတိုင်းတာရာ ဆာလ်ဖာ ဒိုင်အောက်ဆိုက်များနေပြီး ဆာလဖျူရစ် အက်စစ်ဓာတ် နှင့် ဆက်နွှယ်နေသည်ကိုတွေ့ ရကြောင်း တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးက ပြောဆိုသည်။
အခမ်းအနားတွင် ရွှေဘို၊ မုံရွာနှင့် ထီးချိုင့်မြို့တို့မှ ရေဆိုး သန့်စင်မှုစနစ် တပ်ဆင်လုပ် ဆောင်သော စက်ရုံလေးရုံ၊ ထင်းအသုံးပြုမှု ရပ်ဆိုင်းပြီး Waste to Energy စနစ်သုံး သော ကျောက္ကာရေနံချက်ဖိုမှ လုပ်ငန်းရှင်တစ်ဦးနှင့် ပတ် ဝန်းကျင်ထိန်းသိမ်းရေးကို လိုက်နာသော အစိုးရကျောင်း ကိုးကျောင်းနှင့် ကိုယ်ပိုင် ကျောင်းသုံးကျောင်းတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုချီးမြှင့်လွှာပေးအပ်ခဲ့ ကြောင်း သိရသည်။
KTS
#democracytoday
Discussion about this post