စစ်ကိုင်း၊ ဇန်နဝါရီ ၈
အာဆီယံ အမွေအနှစ်စာရင်းဝင် အလောင်း တော်ကဿပအမျိုးသားဥယျာဉ် နှင့်ဇလုံတောင်တို့တွင် ကေဘယ်ကား (ကောင်းကင်ကြိုးရထား)တပ်ဆင်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးပမ်းနေ ကြောင်းသိရသည်။ ကေဘယ်ကားတပ်ဆင်နိုင်မှု ရှိ၊ မရှိ ကွင်းဆင်းတိုင်းတာစစ်ဆေးနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် Kaung Thit Hein Construction Co.,Ltd နှင့် Jewel Golden Elephant Construction Co.,Ltd တို့ ဇန်နဝါရီ ၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သော စစ်ကိုင်းတိုင်းရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဌာနမှညွှန်ကြားရေးမှူး ဦးသန်း ဇော်ဦးက ”တိုင်းဒေသကြီးအစိုးရက ကေဘယ်ကားတပ်ဆင်ဖို့ဆန္ဒရှိတယ်။ တိုင်းအစိုးရနဲ့ပူးပေါင်း ဆောင်ရွက်တာ၊ ကုမ္ပဏီကလည်း စစ်ကိုင်းတိုင်းမှာလာရောက် ရင်းနှီး မြှုပ်နှံရင် ခွင့်ပြုဖို့ရှိပါတယ်”ဟု ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၈ ရက်ကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အနေဖြင့် ဒေသတွင်းခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နည်းပါးစေရန်၊ ဒေသခံပြည်သူများ အတွက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရန် ခရီးသွား ပြည်သူများသွားလာရေးလွယ်ကူ စေရန်ရည်ရွယ်ပြီး ကေဘယ်ကား တပ်ဆင်နိုင်ရန် ကြိုးပမ်းခြင်းဖြစ် ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့၏သတင်းထုတ်ပြန်ချက်တွင် ဖော် ပြပါရှိသည်။
ယင်းနှင့်ပတ်သက်ပြီး မုံရွာ- အလောင်းတော်ကဿပသို့ ဘုရားဖူးပို့ဆောင်ပေးနေသည့် မုံရွာမြို့ခံ ကားသမားကိုအောင်အောင်က ”အလောင်းတော်ကဿပက ပွင့်လင်းရာသီလေးလလောက်ပဲ သွားလို့ရတယ်။ ကေဘယ်ကားဖြစ်လာရင် ရာသီမရွေးသွားနိုင်မယ်။ လမ်းလည်း နှစ်တိုင်းပြင်စရာမလိုတော့ဘူး။ ဒါပေမဲ့ အဲဒီဘုရားဖူးရာသီကိုအမြှီပုပြေးဆွဲနေတဲ့ကားအသင်း တွေအတွက်လည်း ထည့်စဉ်းစားသင့်ပါတယ်”ဟု ကပြောသည်။ ယင်းမာပင်ခရိုင် အလောင်း တော်ကဿပလိုဏ်ဂူသို့ နှစ်စဉ် ဇန်နဝါရီလမှဧပြီလကုန်အထိ ဘုရားဖူးများ သိန်းချီလာရောက်ကြပြီး မုံရွာမှ အလောင်းတော်ကဿပ တောင်ခြေ ကပိုင်ရွာထိ ၂၅ မိုင်မှာ မြေပြန့်လမ်းဖြစ်ပြီး ယင်းမှတောင် ပေါ်စံကျောင်းအထိ ၂၁ မိုင်မှာ တောင်တက်တောင်ဆင်းမြေသား ယာယီလမ်းဖြစ်ပြီး တောတောင်ထူထပ်သောဒေသတစ်ခုဖြစ်သည်။
အလားတူ ကသာခရိုင် ဗန်း မောက်မြို့နယ်တွင်တည်ရှိသော ဇလုံတောင်မှာ လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ဘုရားဖူးလာရောက်မှုများ ပြားပြီး ခရီးစဉ်အသစ်တစ်ခုအ ဖြစ်ကာ ဇလုံတောင်သည် ဗန်း မောက်မြို့မှ ၁၅ မိုင်ဝေးပြီး တောင်တက်ဖြင့် တစ်နာရီခန့်တက်ရပြီး ယင်းဒေသသို့ ခရီးသွားတစ်သိန်းခန့်ဝင်ရောက်ကြောင်းဂေါပကအဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင်အလောင်းတော်ကဿပနှင့် ကသာခရိုင် ဗန်းမောက် မြို့နယ် ဇလုံတောင်နေရာတို့တွင် ကေဘယ်ကားတည်ဆောက်ရေး ကုမ္ပဏီများအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ၏ ဖိတ်ခေါ်မှု ကြောင့် လာရောက်ဆွေးနွေးခြင်း ဖြစ်ရာ အဆိုပါနေရာများတွင် ကေဘယ်ကားတပ်ဆင်နိုင်မည့်နေရာများဖြစ်မြောက်နိုင်စွမ်းအလား အလာရှိ၊ မရှိသိရှိနိုင်ရန်လက်တွေ့ ကွင်းဆင်းသုတေသနပြုလုပ်၍ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းကိုဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
KTS/DO
#democracytoday
Discussion about this post