ပဲခူး၊ အောက်တိုဘာ ၁ဝ
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီး သစ်တောဝန်ကြီး နုတ်ထွက်ပေးရေးအတွက် ပြည်သူအင်အား ၅ဝ ခန့်သည် အောက်တိုဘာ ၁ဝ ရက်နံနက် ၁ဝ နာရီမှ စတင်၍ပဲခူးမြို့၌ ငြိမ်းချမ်းစွာစု ဝေးလှည့်လည်ဆန္ဒထုတ် ဖော်ခဲ့သည်။
”ဆန္ဒထုတ်ဖော်ရတဲ့ အဓိကအကြောင်းရင်းကတော့ အလုပ်မလုပ်တာပဲဗျ။ ဝန်ချုပ်ကြီးပဲဖြစ်ပါစေ၊ ညွန်ချုပ်ပဲဖြစ်ပါစေ နယ်မြေတစ်ခုကို ရောက်လာရင် ခြောက်လအတွင်းမှာတော့ ကျွန်တော်တို့ပြည်သူ တွေဘက်က စောင့်ကြည့်ပေးရမယ်။ နယ်မြေလေ့လာရအောင် ကျွန် တော်တို့ပြည်သူက စောင့်ကြည့် ပေးခဲ့တယ်။ ခုကျတော့ ၁၈ လရှိ ပြီး ၁၉ လထဲဝင်လာပြီ။ ဝန်ကြီးချုပ်မှာ လုပ်ပိုင်ခွင့်တွေအများကြီးရှိတယ်။ အများကြီးလည်း လုပ်ရတယ်။ ကျွန်တော်တို့လေ့လာတဲ့အခါမှာ ဝန်ကြီးချုပ်က ပြည်သူအတွက်တစ်ခုမှလုပ်ထားတာမရှိဘူး။ ကျွန် တော်တို့အဓိက လယ်သမားအရေးကို ကူညီဆောင်ရွက်နေတဲ့သူပါ။ အဓိကက အလုပ်လက်မဲ့ပြဿနာပဲ။ ဒီမိုကရေစီအစိုးရဆိုတာ သိက္ခာနဲ့အုပ်ချုပ်ရတာပါ။ ဒီတိုင်းဒေသကြီးအတွက် ဘာမှမလုပ်ပေးနိုင်ရင် နုတ်ထွက်ပေးပါ။ နိုင်ငံတကာမှာလည်း ဂုဏ်သိက္ခာနဲ့ပဲ အုပ်ချုပ်တာ ပါ”ဟု ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင် သူ ကိုထွန်းအောင်ကျော်က ပြေ ကြားသည်။
ဆန္ဒထုတ်ဖော်မှုများသည် ပဲခူးမြို့ မဇင်းတံတားထိပ်မှစတင်၍ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း နာရီစင်မှ သနပ်ပင်ကား လမ်းမအတိုင်းထိုမှရွှေမော်ဓော ဘုရားအနောက်ဘက်မုခ်မှ တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့အထိ ချီတက်ကာ ကြွေးကြော်သံများ ကြွေးကြော်၍ တောင်းဆိုချက်စာသားများပါ ဗီနိုင်းပိုစတာများ ကိုင် ဆောင်၍ ဆန္ဒထုတ်ဖော်ကြသည်။ ”ဆန္ဒပြတာကတော့ ပြလို့ရပါတယ်။ ဒီမိုကရေစီနည်းအရပဲ ဥပ ဒေနဲ့အညီ ပြတာပဲပြလို့ရပါတယ်။ တစ်ခုတော့ရှိတယ်။ ကျွန်တော်က သစ်တောဝန်ကြီးဆိုတော့ လယ် ယာမြေနဲ့ပတ်သက်ပြီး ဆန္ဒပြတာက တော့ လွဲနေတယ်တော့ထင်တယ်။ ကျွန်တော်က လယ်ယာမြေကော် မတီရော မြေစစ်မှာရောမပါဘဲ ပြတာကတော့ နည်းနည်းလေးတော့ လွဲနေတယ်ဗျာ”ဟု ပဲခူးတိုင်းဒေသ ကြီး သစ်တောရေးရာဝန်ကြီး ဦး ကျော်မင်းစံက ပြောကြားသည်။ ဆန္ဒထုတ်ဖော်သူများသည် အောက်တိုဘာ ၂ ရက်က ပဲခူးမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် အသိပေးစာတင်၍ ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
MMN
#democracytoday
Discussion about this post