• About Us
  • Advertise
  • Careers
  • Contact Us
Friday, December 6, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

မောင်တောမြို့၌ သွားလာမှု အဆင်ပြေစေရေး အတွက် သုံးဘီးဆိုင်ကယ် အစီးရေ ၄၃ဝ ခန့်ထိ များပြားလာ

by M Bwe
June 12, 2019
in Regional
1 min read
0
0
SHARES
18
VIEWS
Share on FacebookShare on Twitter

RelatedPosts

မိုးခေါင်၍ သဖန်းဆိပ်ဆည် ရေခန်းကာပေါ်လာသော ကျွန်းလှမြို့ဟောင်းသို့ ဒေသခံများ သွားရောက်လည်ပတ်

August 30, 2019

ပြိုကျသည့် ကျောက်မီးသွေးတွင်း အတွင်းပိုင်းတွင် မြေပြိုကျမှုများဖြစ်ပေါ်နေ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရ

August 30, 2019

မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငါးကန်ဧက ၇၈၀ ကျော်ရေကြီးနစ်မြုပ်၊ ကျပ်သိန်းပေါင်း ၂၈၀ဝ ခန့်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့

August 30, 2019

မလတ်တောင်ကဲ့သို့ တောင်ပြိုမှုမဖြစ်စေရန် ကျောက်မိုင်းတူးဖော်သည့်နေရာများကို စစ်ဆေးနေ

August 28, 2019

မောင်တော မတ် ၁၆

အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီး နောက်ပိုင်း မောင်တောမြို့သို့ မန္တလးဘက်မှ ဝင်ရောက်လာသော သုံးဘီးဆိုင်ကယ်အစီးရေသည် ၂ဝ ဝန်းကျင်ခန့်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အစီးရေ ၄၃ဝ ခန့်အထိများပြားလာကာ ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုမှုများလာ ခြင်းကြောင့် ပိုမိုအဆင်ပြေလာကြောင်း သိရသည်။

” သုံးဘီးမောင်းတာ ခြောက်လ လောက်ရှိပါပြီ၊ အငှားမောင်းတာပါ၊ တစ်နေ့ကို အုံနာကြေး ငွေကျပ် ၁၂ဝဝဝ ပေးပြီး ကိုယ့်အတွက် ငွေကျပ် ၁ဝဝဝဝ ဝန်းကျင်လောက်တော့ ကျန်ပါတယ်၊ ပုံမှန်မရှိပါဘူး၊ မောင်တောမြို့တွင်း သွားရလာရတာ အဆင်ပြေတော့ ခရီး သည်တွေ အစီးများပါတယ်၊ သွားရလာရတာလည်း အဆင်ပြေတယ်လို့ ပြောကြတယ်၊ တချို့ဆို ဖုန်းနဲ့ဆက်ပြီးတော့ ခေါ်တာတွေ ရှိတယ်၊ ပုံမှန်တစ်စီးကို လေးယောက်ပဲတင်တယ်၊ လူများရင် တော့ ခြောက်ယောက်တင်တယ်၊ မောင်တောမြို့တွင်းဆိုရင်တစ်ဦးကို ငွေကျပ် ၅ဝဝ ၊ မြို့ပြင်သုံးမိုင်၊ လေးမိုင် တို့သွားရင်ငွေကျပ် ၁ဝဝဝ တောင်းပါတယ်၊ ကုန်ပစ္စည်းတွေပါရင်တော့ ပစ္စည်းဖိုးမယူပါဘူး၊ သုံးဘီးဆိုင်ကယ် မောင်းတဲ့ သူအများစုဟာ အငှားမောင်းတဲ့သူတွေများပါတယ်၊ ကိုယ်ပိုင်ဆိုရင်တော့ ဆွဲရတာပိုအဆင်ပြေမယ်၊ အုံနာကြေးပေးစရာ မလိုတော့ရတဲ့ပိုက်ဆံက ကိုယ့်အတွက်ချည်းပဲပေါ့၊ အရင်က သုံးဘီးနည်းတုန်းကဆို တစ်နေ့ကို ငွေကျပ် ၇ဝဝဝဝ၊ ၈ဝဝဝဝ ဝန်းကျင်လောက်ရတယ်၊ အခု နောက်ပိုင်း စီးရေများလာတော့ ဝင်ငွေ တော့နည်းသွားတယ်၊ ဒါပေမယ့် အဆင် ပြေပါတယ်”ဟု သုံးဘီးဆိုင်ကယ်အငှား မောင်းနှင်သူ မောင်ဝိုင်းက ပြောသည်။

 

မောင်တောဒေသ၌ ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိ သတ်မှတ်ထားမှုကြောင့် သုံးဘီးဆိုင်ကယ် မောင်းနှင်သူများသည် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ မောင်းနှင်နေကြပြီး ယခုအချိန်အခါတွင် မောင်တောဒေသ၌ ခရီးသွားလာသူများ၊ ဈေးရောင်းဈေးဝယ်များ၊ အလုပ်သမား များဖြင့် စည်ကားနေကာ သုံးဘီးဆိုင် ကယ်မောင်းနှင်သူများ အဆင်ပြေနေကြ သောကြောင့် သုံးဘီးဆိုင်ကယ်အစီးရေ သည် များပြားလာကြောင်း သိရသည်။

 

” အခုနောက်ပိုင်း မောင်တောမှာ သုံးဘီးဆိုင်ကယ် အစီးရေတွေများပြားလာတော့ ခရီးသွားတဲ့သူတွေစီးရတာ အဆင်ပြေလာပါတယ်၊ အရင်ကဆိုင်ကယ်၊ ဆိုက်ကားနဲ့သွားရင် နေကလည်းပူ၊ သုံးဘီးဆိုင်ကယ်အစီး ရေကနည်းတော့ စောင့်ရတာ အချိန်ကြာသလို ဈေးနှုန်းကလည်း ပိုပေးရတာ တွေရှိတဲ့အတွက် ခရီးသွားသူတွေအတွက် သိပ်အဆင်မပြေဘူး၊ အခုချိန်မှာတော့ အစီးရေကလည်း များလာတယ်၊ ဈေးနှုန်းကလည်း ပုံမှန်ဖြစ်လာသလို အချိန်စောင့်ရမှုတွေလည်း သက်သာသွားပါတယ်၊ ပစ္စည်းအထုပ်အပိုးတွေ များရင် သယ်ယူရတာတော့ သိပ်အဆင်မပြေဘူး၊ ဒါကြောင့် ကုန်ပစ္စည်းတွေ အလွန်များနေရင် လိုင်းကားတွေနဲ့ပဲ သယ်ယူရပါတယ်၊ ပစ္စည်းနည်းနည်းနဲ့ လူပဲလိုက်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်”ဟု မောင်တောမြို့နေ ဈေးသည်တစ်ဦးက ပြောသည်။ မောင်တောဒေသ၌ ရောက်ရှိနေ သော သုံးဘီးဆိုင်ကယ်များသည် အိန္ဒိယနိုင်ငံထုတ် သုံးဘီးဆိုင်ကယ်များဖြစ်ပြီး မန္တလေးမြို့မှတစ်ဆင့် ရောင်းချပေးနေ ခြင်းဖြစ်ကာ ဈေးနှုန်းအားဖြင့် ငွေကျပ် ၄၂ သိန်းရှိပြီး ယင်းသုံးဘီးဆိုင်ကယ်များကို မောင်တောဒေသမှ ယာယီလိုင်စင်များ ထုတ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

MOI

Previous Post

မြောက်ကိုရီးယားနှင့် ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲအတွက် တောင်ကိုရီးယား ပြင်ဆင်

Next Post

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

M Bwe

Related Posts

Regional

မိုးခေါင်၍ သဖန်းဆိပ်ဆည် ရေခန်းကာပေါ်လာသော ကျွန်းလှမြို့ဟောင်းသို့ ဒေသခံများ သွားရောက်လည်ပတ်

August 30, 2019
Regional

ပြိုကျသည့် ကျောက်မီးသွေးတွင်း အတွင်းပိုင်းတွင် မြေပြိုကျမှုများဖြစ်ပေါ်နေ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရ

August 30, 2019
Regional

မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ငါးကန်ဧက ၇၈၀ ကျော်ရေကြီးနစ်မြုပ်၊ ကျပ်သိန်းပေါင်း ၂၈၀ဝ ခန့်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့

August 30, 2019
Regional

မလတ်တောင်ကဲ့သို့ တောင်ပြိုမှုမဖြစ်စေရန် ကျောက်မိုင်းတူးဖော်သည့်နေရာများကို စစ်ဆေးနေ

August 28, 2019
Regional

ထိုင်းခရီးသွားများအား မြန်မာ-ထိုင်းနယ်စပ်မှ မြဝတီမြို့သို့သာမက ကော့ကရိတ်၊ ဘားအံနှင့်မော်လမြိုင်မြို့ထိပါ သွားလာခွင့်ပြုရန် လိုလားနေ

August 28, 2019
Regional

ထိုင်းနိုင်ငံဘက်မှအလိုရှိနေသည့် တရားခံပြေးအပါအဝင် ပြစ်ဒဏ်စေ့ ထိုင်းနိုင်ငံသားခုနစ်ဦးကို မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား၌ ပြည်နှင်လွှဲပြောင်း

August 28, 2019
Next Post

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

Discussion about this post

Connect with us

ADVERTISEMENT

Recommended

ချင်းပြည်နယ်ရှိ ကော်ဖီစိုက် တောင်သူများသို့ ကော်ဖီ ပျိုးပင်ပေါက်များ အခမဲ့ ဖြန့်ဝေပေးသွား

1 year ago

အေဂျက်နှင့်ပွဲတွင် စီရော်နယ်ဒို ပါဝင်ကစားနိုင်ရန် အလီဂရီ ယုံကြည်

8 months ago

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နိုင်ငံ ၁၇ နိုင်ငံမှ ဝင်ရောက်ဖြေဆိုမည့် မြန်မာကျောင်းသား၊ ကျောင်??

1 year ago

ရာသီဥတုပူပြင်းခြင်းနှင့် တာပိန်မြစ်ရေ နည်းပါးလာသည့် အတွက် ဗန်းမော်ခရိုင်၌ မကြာခဏ မီးပြတ်ေ

6 months ago

လေးရက်ကြာလှူဒါန်းမည့် ဆဋ္ဌမအကြိမ်မြောက် ပဲအလှူတော်တွင် တောင်ရိုးသုံးရပ်မှ သံဃာတော်နှင့် သီလရှင်များအား စတင်လှူဒါန်း

4 months ago

Popular News

  • ဖားကန့်မြေစာပုံပြိုကျ ရေမဆေးကျောက်ရှာဖွေသူ ငါးဦးပျောက်ဆုံး

    0 shares
    Share 0 Tweet 0
  • ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ပါဝင်သော ‘ဧည့်သည်’ ရုပ်ရှင်ဇာတ်ကား မကြာမီရုံ?

    0 shares
    Share 0 Tweet 0
  • မြဝတီ-ကော့ကရိတ် အာရှလမ်းရှိ တောနော်ရေတံခွန်သို့ လာရောက်လည်ပတ်သူ အမျိုးသမီးနှစ်ဦး အမြင့်ေ

    0 shares
    Share 0 Tweet 0
  • မိုးကုတ်မြို့တွင် နိုင်ငံခြားသားများ ကျောက်မျက် ရောင်းဝယ်သယ်ယူရာ၌ အခက်အခဲများ ရှိနေ၊ GTC(Gem Trad

    0 shares
    Share 0 Tweet 0
  • အီရန်နျူကလီးယား ဘဘောတူညီချက်ကို နာက်ထပ် ရက်ပေါင်း ၁၂ဝ သာထောက်ခံတော့မည်ဟု ထရန့်ပြော

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.