မကွေး၊ မတ် ၁၈
နေပြည်တော် CID ဦးစီး၍ မတ် ၁၇ ရက်က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ကြက်ဝိုင်းနှင့် ဂျင်ဝိုင်းများအား ဝင်ရောက်ဖမ်းဆီးရာမှ လောင်းကစားဒိုင်နှစ်ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့် ဆိုင်ကယ်မျိုးစုံ ၇၂ စီး သိမ်းဆည်းရမိ ကြောင်း ဆင်ဖြူကျွန်းနယ်မြေ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ စလင်းမြို့နယ် ကျပင်အုပ်စု ညောင်ပင်ကျေးရွာအပိုင် ညောင်ပင်ကွင်းတဲတိုက်နေ ကျော်ဦး၏ယာခင်းအတွင်းရှိ ဆီးပင်များအောက်တွင် ချောက်မြို့နယ် လွယ်ကြယ်ကံကျေးရွာနေသန်းလှိုင် (၄ဝ)နှစ်နှင့် ညီဖြစ်သူ အောင်နိုင်ဦး (၃၄)နှစ်တို့သည် ကြက်ဝိုင်း၊ ဂျင်ဝိုင်းလောင်းကစားဒိုင်ချုပ်အဖြစ် နေ့စဉ် အာဝါဒေးလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မှုခင်းရဲတပ်ဖွဲ့မှူးရုံး(CID) နေပြည် တော်မှ ဒုရဲမှူးထွန်းထွန်းဝင်း၊ အမှတ်(၂)မှုခင်းတပ်ဖွဲ့စု(မကွေး)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်မောင်၊ စလင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းနှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ က ယာခင်းအတွင်း စီးနင်းရှာဖွေခဲ့ကြရာ သန်းလှိုင်နှင့်အောင်နိုင်ဦးတို့အား တိုက်ကြက်ဖတစ်ကောင်နှင့်ကြက်တိုက်လောင်းကစားရာတွင် အသုံး ပြုသော ဆက်စပ်ပစ္စည်းများ၊ ဖုန်းတစ်လုံး၊ လောင်းကြေးငွေ ကျပ် ၅ဝဝဝဝ ကိုလည်းကောင်း၊ြေ>ွမ၊ ဖား၊ ကြက်၊ ဝက်ရုပ်ပုံပါ ဂျင်သီး သုံးလုံးနှင့် ဂျင်လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ကျပ် ၁၇ဝဝဝဝ နှင့် ဆိုင်ကယ်အမျိုးအစားမျိုးစုံ ၇၂ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လောင်းကစားပြုလုပ်သူ သန်းလှိုင်နှင့်အောင် နိုင်ဦးတို့အား စလင်းမြို့နယ် ဆင် ဖြူကျွန်းနယ်မြေရဲစခန်းက(ပ)၁၁/ ၂ဝ၁၈၊ လောင်းကစားဥပဒေပုဒ်မ- ၁၂(က)ဖြင့် အမှုဖွင့်ထားသည်။
TN
#democracytoday
Discussion about this post