မန္တလေး
သက်ငယ်မုဒိမ်း တားဆီးရေးအဖွဲ့ Child Abuse Prevention(CAP) မှ ကြီးမှူး ၍ ”အနာဂတ်ကလေးငယ်များ ဘဝသာယာ လှပဖို့ သက်ငယ်မုဒိမ်းမှုကို တားဆီးကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးပွဲကို မတ် ၂၅ ရက် ညနေ ၄ နာရီက မန္တလေးမြို့ မနော် ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းတွင် ကျင်းပကြောင်း သိရသည်။
”၂ဝ၁၇ ခုနှစ်က စတင်ပြီး သက်ငယ် မုဒိမ်း ကြိုတင်ကာကွယ်ရေး ကြီးလေးပစ်ဒဏ် ချမှတ်နိုင်ရေး၊ သက်ငယ်မုဒိမ်းတားဆီးရေး နှင့် ကာကွယ်ရေး အဓိကထားဆောင်ရွက် လျက်ရှိပါတယ်။ ယနေ့ပွဲတွင် သက်ငယ်မုဒိမ်း သရုပ်ပြပညာပေးခြင်း၊ တေးသံရှင်များ၏ ဖျော်ဖြေပေးခြင်းများ ပြုလုပ်သွားမည်ဖြစ် ပါတယ်”ဟု CAP အဖွဲ့တာဝန်ခံ ဇင်ရဲနောင် က ပြောသည်။ အနာဂတ်ကလေးငယ်များ ဘဝသာယာ လှပဖို့ သက်ငယ်မုဒိမ်းမှုကို တားဆီးကြပါစို့ အစီအစဉ်ကို ည ၇ နာရီအထိ ကျင်းပရာ လာရောက်ပူးပေါင်းပါဝင်ဆောင်ရွက်သူ ၁ဝဝဝ ကျော်ရှိကြောင်း သိရသည်။
လှိုင်ထွေးအောင်
#theyangontimes
Discussion about this post