မန္တလေး
မြန်မာတစ်နိုင်ငံတည်းသာ ထွက်ရှိ ပြီး မြန်မာအမျိုးသမီးများ နှစ်ခြိုက်စွာသုံးစွဲ သည့် မြန်မာ့သနပ်ခါးပွဲတော်ကို မတ် ၃ဝ ရက်နှင့် ၃၁ ရက်က မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားဝင်းစောင်းတန်း၌ ခင်းကျင်းပြသခြင်းနှင့်အတူ ဈေးရောင်းပွဲ တော်ပါ ကျင်းပကြောင်း သိရသည်။
မြန်မာ့သနပ်ခါးပွဲတော်ကို မြန်မာနိုင်ငံ သနပ်ခါးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၏ ကြီးကြပ်မှုဖြင့် ဒေါ်သီသနပ်ခါး၊ ရွှေဘိုမင်းသမီး၊ ရွှေပြည်နန်း၊ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် HELVRTAS တို့မှ ဦးဆောင် ကျင်းပရာ သနပ်ခါးထွက်ရှိရာဒေသများနှင့် သနပ်ခါးထုတ်လုပ်ရောင်းချသူများမှ ပြခန်း ၃၈ ခန်း ခင်းကျင်းပြသရောင်းချခြင်းဖြစ်သည်။ ”ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၉၅ နိုင်ငံ မှာ မြန်မာတစ်နိုင်ငံတည်းသာ သနပ်ခါးထွက် ပါတယ်။ မြန်မာ့သနပ်ခါးက မွှေးတယ်။ ဆေး ဖက်ဝင်တယ်။ နေလောင်ဒဏ် ခံနိုင်တယ်။ မြန်မာအမျိုးသမီးအများစုက အမြတ်တနိုး လိမ်းခြယ်ကြပါတယ်။ မြန်မာ့သနပ်ခါးကို စိတ် ဝင်စားတဲ့ နိုင်ငံခြားသူများရှိတာကြောင့် ကမ္ဘာ့ နိုင်ငံတချို့က မှာယူတာတွေရှိပါတယ်။ ကျွန် တော်တို့အသင်းကလဲ နိုင်ငံတကာအထိ ထိုး ဖောက်နိုင်အောင် ဆောင်ရွက်နေပါတယ်။မြန်မာတစ်နိုင်ငံတည်းကထွက်တဲ့ သနပ်ခါး ကို ပထမဆုံး မြန်မာ့သနပ်ခါးပွဲတော်အဖြစ် ကျင်းပနိုင်တာကို ဂုဏ်ယူပါတယ်။ ဒီလိုပြသ ခြင်းအားဖြင့် မြန်မာ့သနပ်ခါးဈေးကွက် ပိုမိုရရှိ လာမယ်လို့ ယုံကြည်ပါတယ်”ဟု မြန်မာ့သနပ် ခါးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။
ယခုအခါ အညာဒေသမြို့နယ်များတွင် ခြံကြီးများဖြင့် သနပ်ခါးစိုက်ပျိုးသူ များလာရာ ဈေးကွက်အတွင်း ရောင်းချရာတွင် ရှင်မတောင်၊ တောင်နီတောင်၊ အရာတော်၊ ဆားလင်းကြီး သမ္မတောသနပ်ခါးများမှာ ပထမတန်းစားတန်း ဝင်အဖြစ် သတ်မှတ်ခံရပြီး ရွှေဘို၊ မြိုင်၊ မိတ္ထီလာ၊ သရက်မြို့နယ်များမှ ထွက်ရှိသည့်သနပ်ခါးကို ဒုတိယတန်းစားနှင့် ကျန်ဒေသများမှ ထွက်ရှိ သည့်သနပ်ခါးကို တတိယတန်းစားအဖြစ် သနပ်ခါးထုတ်လုပ်ရောင်းချသူများက သတ် မှတ်ထားကြသည်။ မြန်မာ့သနပ်ခါးပွဲတော်တွင် မြိုင်၊ ရွှေဘို၊ အရာတော်၊ ပခုက္ကူ၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန် တို့မှ သနပ်ခါးစိုက်ပျိုးသူများ၊ ထုတ်လုပ်ရောင်း ချသူများနှင့် ကုမ္ပဏီများမှ သန်ခါးအပင်ငယ်များ၊ သနပ်ခါးအတုံးအကြီး/အငယ်များနှင့် အသင့်ထုတ်လုပ်ထားသည့် သနပ်ခါးအခဲများ၊ သနပ်ခါးအရည်များ ခင်းကျင်းပြသရောင်းချ ရာ လာရောက်ကြည့်ရှုဝယ်ယူသူများဖြင့် စည် ကားကြောင်း သိရသည်။
လှိုင်ထွေးအောင်
#theyangontimes
Discussion about this post