မန္တလေး၊ ဧပြီ ၆
ယခုနှစ်သင်္ကြန် ကာလအတွင်း မန္တလေးမြို့ဝင်/ ထွက်နေရာများနှင့် မြို့တွင်းအချက် အချာကျသော နေရာများတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လူကိုအန္တရာယ် ဖြစ်စေနိုင်သော လက်နက်များရှာ ဖွေစစ်ဆေးမည်ဖြစ်ကြောင်း မန္တ လေးခရိုင်ရဲတပ်ဖွဲ့ရုံးမှသိရသည်။ ”မြို့ဝင်/မြို့ထွက်ဂိတ်တွေ မြို့ထဲမှာ ထုံးစံအတိုင်းရှောင်တခင် စစ်ဆေးနေပါတယ်။ လုံခြုံရေးက အ ရေးကြီးဆုံးဆိုတော့ သင်္ကြန်နီးရင် စစ်ဆေးမှုတွေ ပိုလုပ်သွားမှာပါ။ အခုလည်း ညစဉ်မြို့နယ်တစ်ခုကို တစ် နေရာ ရှောင်တခင်စစ်နေတယ်။ သင်္ကြန်ကာလမြို့ဝင်/မြို့ထွက်နေ ရာတွေအပြင် မြို့တွင်းအချက်အ ချာကျတဲ့နေရာတွေမှာ လူကိုအန္တ ရာယ်ဖြစ်စေနိုင်တဲ့ လက်နက်တွေ ကို ပိတ်ဆို့စစ်ဆေးသွားမှာပါ”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။
လူကိုအန္တရာယ်ဖြစ်စေနိုင် သော တုတ်၊ ဓားလက်နက်များ၊ လေးခွ၊ ချိန်းကြိုး၊ ဝက်အူလှည့်၊ မျက်နှာဖုံး၊ သံပိုက်၊ ခဲ၊ ပလာယာ၊ ပုလင်းခွံစသော ပစ္စည်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ် ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ ရှာဖွေ စစ်ဆေးသွားမည်ဖြစ်သည်။ ”အရက်ပုလင်းတွေ ပါလာရင် ရေသန့်ဘူး၊ ပလတ်စတစ်အိတ်တွေ ဆောင်ထားပြီး ပုလင်းလဲပေးတယ်။ ပုလင်းတွေယူသွားရင် ပြည်သူတွေ သွားလာနေတဲ့ လမ်းပေါ်မှပုလင်း လွတ်ကျလို့ ကွဲရင်လည်း မော်တော် ယာဉ်မတော်တဆဖြစ်နိုင်သလို ပုလင်းစတွေကလည်း လက်နက်အ ဖြစ် အသုံးပြုမှုမရှိအောင် ကာကွယ် တဲ့အနေနဲ့ လုပ်သွားဖို့ရှိပါတယ်”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ နယ်ထိန်း ခေါင်းဆောင်တစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ခါးပိုက်နှိုက် ၃၅ မှုဖြစ်ပွားခဲ့ ရာ တရားခံ ၃၇ ဦးအား ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး တုတ် ၁၁၈၅ ချောင်း၊ ဓား ၇၈ လက်၊ လေးခွ ၄ ခု၊ ချိန်းကြိုး ၅၈ ခု၊ ဝက်အူလှည့် ၄၁ဝ ချောင်း၊ မျက်နှာဖုံး ၈၄၁ ခု၊ သံပိုက်ခုနစ်ချောင်း၊ ခဲ ၅၃ လုံး၊ ပုလင်းခွံ ၄၇၅၂ လုံး၊ စစ်ဝတ်စုံ ၁၄ စုံသိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထုတ်ပြန် ချက်အရ သိရသည်။
AXE
#democracytoday
Discussion about this post