အောင်လံ၊ ဧပြီ ၈-မကွေးတိုင်း ဒေသကြီး အောင်လံမြို့တွင် ဧပြီ ၈ ရက် နံနက် ၅ နာရီက အခါမဲ့ မိုးရွာသွန်းသောကြောင့် အောင်လံ မြို့အရှေ့ဘက်ရှိ အောင်လံ-သမ္ဘူ လ ကျေးရွာကားလမ်းပေါ်ရှိသော စမ်းကလေးကျေးရွာအနောက် ဘက်ချောင်းအတွင်း ယာယီဖြတ် သန်းသွားလာနေသော လမ်းမှာ ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရေး ခက်ခဲ မှုဖြစ်ပေါ်ခဲ့၍ မော်တော်ယာဉ် များ သွားလာရေးအတွက် ထွန် စက်များဖြင့် ကူညီဖြတ်သန်းပေး ခဲ့ရကြောင်း သိရသည်။ ယနေ့ အခါမဲ့မိုးရွာသွန်းသော ကြောင့် ချောင်းအတွင်း ယာယီ ဖြတ်သန်းသွားနေသောလမ်းမှာ ပျက်စီးမှုဖြစ်ပေါ်ခဲ့သောကြောင့် အရှေ့တောရွာများမှ အောင်လံ မြို့ပေါ်သို့လာရောက်သည့် မော် တော်ယာဉ်များကို လူများ ထွန် စက်များဖြင့် ကူညီဖြတ်သန်းခဲ့ကြ ရသည်။
“အခု မိုးများမှုကြောင့် သွား လာရေးခက် ခဲနေတဲ့ ချောင်းအ တွင်းကလမ်းကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။ လမ်း အဖုအထစ်တွေကို ဖြေပြီးတော့ သွားလို့ရအောင် လုပ်ပေးထားပါ တယ် ” ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေး ကျော်က ပြောကြားသည်။
ယင်းစမ်းကလေးရေပေါ် ချောင်းအတွင်း ယာယီလမ်းကောင်း မွန်ရေးအတွက် အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေး ကျော်နှင့် မြို့နယ်တာဝန်ရှိသူများ က ဆက်သွယ်ရေးကောင်း မွန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ စမ်းကလေးကျေးရွာ နှင့်ရေပေါ်ကျေးရွာသို့ ဆက်သွယ် ပေးသော ချောင်းကူးတံတားကို ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးအတွင်း ကျပ် သန်း ၁၂၀၊ တံတားအရှည်ပေ ၆၀ ဖြင့် ယခုနှစ် မိုးရာသီအမီ အပြီး တည်ဆောက်နေကြောင်း သိရ သည်။
HT(AL)/Democracytoday
Discussion about this post