တီးတိန်၊ ဧပြီ ၂ဝ
မြန်မာ-အိန္ဒိယနယ်စပ်ကုန်စည်ပို့ဆောင် ရေးလမ်းမကြီးဖြစ်သည့် ကလေး-တီးတိန်-ရိဒ်ခေါဒါရ်မြို့အ ကြားရှိ တီးတိန်- ရိဒ်ကားလမ်းကို ၂ဝ၁၈ ခုနှစ်အတွင်း အိန္ဒိယ နိုင်ငံအစိုးရမှ လမ်းသစ်ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။
ယခုလက်ရှိ မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ် ကုန်သွယ် ရေးလမ်းကြောင်းမှာ မိုးရာသီတွင် တောင်ပြိုလမ်းပျက်ဗွက်ထ မှုကြောင့် ညအိပ်သွားလာနေရသောလမ်းဖြစ်ပြီး အဆိုပါလမ်းကို သက်ဆိုင်ရာဌာနများမှ နှစ်စဉ်ပွင့်လင်းရာသီတွင် အဆင့်မြှင့်တင် ပြုပြင်မှုရှိသော်လည်း နွေရာသီတွင် ဖုန်ထူ၍ မိုးရာသီတွင် ဗွက်ထနေသည့်လမ်းများဖြစ်သည်။ ”ကျွန်တော်တို့အခုတိုင်းတာထားတဲ့နေရာမှာ မြို့တွင်း လမ်းအကျယ်ပေ ၁ဝဝ၊ မြို့ပြင်ပေ ၁၅ဝ ရှိမှာဖြစ်ပါတယ်။ မဏိပူရမြစ်ကူးတံတားကိုလည်း ကပ်တဲလ်ကျေးရွာအောက်ဘက်နေ ရာမှာ ဆောက်လုပ်ဖို့ လျာထားပါတယ်။ မြေပြင်ကွင်းဆင်းတိုင်း တာမှုကတော့ မတ်လကုန်ပိုင်းကစတင်ပြီး မြန်မာပညာရှင်တွေနဲ့ အိန္ဒိယနိုင်ငံ ပညာရှင်တွေပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်ပါ တယ်”ဟု ချင်းပြည်နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောကြားသည်။
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမကြီးဖြစ်သည့် တီးတိန်-ရိဒ်လမ်းပိုင်းတွင် အိန္ဒိယနိုင်ငံဘက်မှ လမ်းသစ်ဖောက် လုပ်ရေးတိုင်းတာမှုများစတင်ဆောင်ရွက်နေပြီး လမ်းသစ်သုံး လမ်းကို ဖော်ထုတ်တိုင်းတာလျက်ရှိရာ မြန်မာဘက်မှ တာဝန်ရှိ သူများက ရိဒ်ခေါဒါရ်မြို့-ကပ်တဲလ်-တီးတိန်မြို့မရဲစခန်းလမ်း များကို အတည်ပြုထားကာ ယင်းလမ်းမှာ လမ်းအရှည် ၁ဝဝ ဒသမ ၄၉၅ ကီလိုမီတာ၊ လမ်းအကျယ် ခုနစ်မီတာတိုင်းတာထားသည်။ ကလေး-တီးတိန်-ရိဒ်ခေါဒါရ်လမ်းပိုင်းတွင် ကလေး-တီးတိန် မှာ ၅၇ မိုင်ရှိပြီး တီးတိန်-ရိဒ်ခေါဒါရ်မြို့မှာ မိုင် ၃ဝ ရှိကြောင်း သိရသည်။
MOS
#democracytoday
Discussion about this post