ရန်ကုန်၊ ဧပြီ ၂၆-လှိုင်သာမြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို ကိုး ဆယ်ရာခိုင်နှုန်းငြှိမ်းသတ်နိုင်ပြီး ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးရန်နိုင်ဖြိုးက ဒီမိုကရေစီတူဒေး သတင်းစာသို့ဧပြီ ၂၆ ရက် ကပြော သည်။
အဆိုပါမီးလောင်မှုကို လက် ရှိအချိန်တွင် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်း ငြိမ်းသတ်နေကြောင်း သိရသည်။လှိုင်သာယာမြို့နယ်၊ မီးသတ် ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးရန်နိုင် ဖြိုးက””ကျွန်တော်တို့လက်ရှိ မီးငြှိမ်း သတ်တာ ကိုးဆယ်ရာခိုင်နှုန်းပြီးစီး ပါပြီး။ မီးခိုးကတော့အနည်းအ ကျဉ်းတော့ ရှိသေးတာပေါ့။ အခု လည်းဆက်လက်ငြှိမ်းသတ်နေဆဲ ဖြစ်ပါတယ်””ဟု ပြောသည်။
ထိုင်းနိုင်ငံမှရောက်ရှိလာမည့် Bio Foam မီးသတ်ဆေးများဖြင့် ဧပြီ ၂၇ ရက်နေ့တွင် စတင်အသုံး ပြုငြှိမ်းသတ်သွားမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရသည်။ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့ နယ် ထိန်ပင်အမှိုက်ပုံမီးလောင်မှု ကြောင့် မီးခိုးများပျံ့လွင့်နေသည် မှာ ခြောက်ရက်မြောက်ရှိပြီဖြစ်ရာ မီးလုံးဝငြှိမ်းသတ်နိုင်ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်မှ အနီးကပ်ဆောင်ရွက်လျက် ရှိပြီး ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ ဌာဆိုင်ရာ ၀န်ထမ်းများ၊ မီးခိုးငွေ့အနီးဝန်း ကျင်ရှိပြည်သူများနှင့်ဆေးရုံတက် ရောက်ကုသနေသောပြည်သူတို့ ကိုတွေ့ဆုံကာ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှဆောင်ရွက်နေ မှုကို တွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ဌာနဆိုင်ရာဝန် ထမ်းများနှင့်တွေ့ဆုံရာ၌””မီးငြှိမ်း အောင်အမြန်ဆုံးဆောင်ရွက်နေ ပါတယ်။ ဂါလန် ၁၈၀၀ ရှိတဲ့ ဆေးရည်ကို ထိုင်းနိုင်ငံနဲ့ချိတ် ဆက်ဆောင်ရွက်ထားတာ မနက် ဖြန်ဆိုရောက်ပါပြီ။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အကြောင်း ကြားထားတာက ဂါလန် ၅၀၀၀ ဆိုတော့ လုံလုံလောက်လောက်နဲ့ ငြှိမ်းသတ်နိုင်ပါပြီ။ ယာဉ်ပျံသန်းမှု ခွင့်ပြုပြီဆိုရင် ကျွန်တော်တို့ပညာ ရှင်တွေ ယာဉ်နဲ့လိုက်ပါပြီးဖျန်းလို့ ရပါပြီ။ ဒီအစီအစဉ်တွေကို ကာ ကွယ်ရေးပိုင်းဆိုင်ရာ၊ လုံခြုံရေး ပိုင်းဆိုင်ရာနဲ့ ပြည်ထောင်စုနဲ့ ပေါင်း စပ်ညှိနှိုင်းမှ အဆင်ပြေနိုင်မှာပါ။
တိုင်းဒေသကြီးအဆင့်နဲ့ ဆောင် ရွက်တာဟာလက်လှမ်းမမီတဲ့အ ကြောင်းတရားတွေလည်းရှိပါတယ်။ ယနေ့ညအစည်းအဝေးမှာ ဆုံး ဖြတ်လို့ရမှာပါ။ မြန်မာနိုင်ငံရဲတပ် ဖွဲ့ကလည်း အမြောက်ရေသယ် ယာဉ်နဲ့ ငြှိမ်းသတ်နေတာကြောင့် အဆင့်တစ်ဆင့်ပိုပြီးထိရောက်မယ် လို့ယူဆပါတယ်။ အရပ်ဘက်အဖွဲ့ စည်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ဌာန ဆိုင်ရာတွေအားလုံး ပူးပေါင်းဆောင် ရွက်လုပ်ဆောင်နေပါတယ်။ အခု ဖြစ်စဉ်က သဘာဝဘေးအန္တရာယ် မဟုတ်တဲ့အတွက် လိုအပ်တဲ့ဝန် ကြီးဌာနတွေနဲ့ပေါင်းစပ်လုပ်ကိုင် သွားမှာပါ။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဆောင်ရွက်နေမှုကို ဌာနဆိုင် ရာများပွင့်လင်းမြင်သာစွာသိရှိ အောင်ရှင်းလင်းပြောကြားခြင်း လည်းဖြစ်ပါတယ်””ဟု ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။
ထို့နောက် ဧပြီ ၂၆ ရက် နံနက် ပိုင်းက အမှိုက်ပုံတွင်မီးငြှိမ်းသတ် နေသော လှည်းကူးမြို့နယ်မီးသတ် စခန်းမှ ၀ဲဘက်ခြေဖ၀ါးထိခိုက်ဒဏ် ရာရရှိ၍ ဆေးရုံတက်ကုသနေ သော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (ဒု တပ်ကြပ်အောင်ဖြိုးဝေ)နှင့် မီးခိုး ငွေ့ရှူရှိုက်မှုကြောင့် ဆေးရုံတက် ရောက်ကုသနေသော လူနာ ၂၂ ဦးကို ကြည့်ရှုအားပေးပြီး ဆက် လက်ထွက်ခွာရာ အမှတ်(၂၀)ရပ် ကွက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်တပ်မတော်နယ်လှည့်ဆေးကုသ ရေးအဖွဲ့မှ ဆေးကုသပေးလျက်ရှိ သောလူနာတို့ကို ကြည့်ရှုအားပေး သည်။
ဆက်လက်၍ လှိုင်သာယာ မြို့နယ် အမှတ်(၁၂)၊ (၁၈)၊ (၂၀) နှင့် ကျုံစုရွာမှ ပြည်သူတို့အား အမှတ်(၇)မူလတန်းကျောင်းတွင် တွေ့ဆုံ၍ အမှိုက်ပုံမီး မြန်ဆန်စွာ ငြှိမ်းသတ်နိုင်ရန်ဆောင်ရွက်နေမှု နှင့် လိုအပ်ပါက ရပ်ကွက်၊ ကျေး ရွာနေပြည်သူများပြောင်းရွှေ့နေ ထိုင်နိုင်ရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။
လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံမီးလောင်မှုကို မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်းများ ယနေ့တိုင် ငြှိမ်းသတ်လျက်ရှိရာ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်က ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ မှူးချုပ်ဝင်းနိုင်က အဓိကရုဏ်းနှိမ် နင်းရေးသုံး ရေအမြှောက်ယာဉ် (Bio Foam)သုံးစီးဖြင့်ငြှိမ်း သတ်နေမှုကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး လှိုင် သာယာမြို့နယ်၊ (၂၀)ရပ်ကွက်မှ ဦးကျော်ကြီးက””မီးကတော့ငြိမ်း သွားပါပြီ။ မီးခိုးတွေတော့မလာ တော့ပါဘူး။ အနံ့အသက်ကတော့ နည်းနည်းရှိပါသေးတယ်။ အခု လောလောဆယ်တော့ တပ်မ တော်နယ်လှည့်ဆေးကုသရေး အဖွဲ့ကနေပြီးတော့ ဆေးကုသမှု တွေပေးနေပါတယ်””ဟုပြောသည်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုး တက်ရေးအသင်း၏ လေထုတိုင်း ထွာချက်များတွင် နေရာအ လိုက်လေထုအရည်အသွေးတိုင်း တာမှု ရလဒ်များကို ယခင်ရလဒ်များ နှင့်နှိုင်းယှဉ်ရာတွင် ဆာလဖာဒိုင် အောက်ဆိုဒ်နှင့် အမှုန်အမွှား (PM2.5&PM 10) ပါဝင်မှုများမှာ ယခင်ထက်ကျော်လွန်မှုရှိသည်ကို တွေ့ရှိရပြီး ယခုထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် လေထုညစ်ညမ်း မှုကို မီးလောင်မှုဖြစ်ပွားသည့် လှိုင် သာယာမြို့နယ်တွင်သာမက အနီး ပတ်ဝန်းကျင်မြို့နယ်တစ်ခုဖြစ်သည့် အင်းစိန်စသည့်မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရှိရ ကြောင်း၊ ထို့ပြင် တာမွေမြို့နယ်တွင် တိုင်းတာမှုရလဒ်များအရ ဆာလ ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုနှင့် အမှုန် အမွှား(PM2.5)ပါဝင်မှုများ ယခင် ထက်များပြားမှုရှိနေပြီး အဆိုပါအ မှိုက်ပုံမီးလောင်မှုကြောင့် မီးလောင် မှုဖြစ်ပွားရာ မြို့နယ်နှင့်အလှမ်းဝေး ကွာလှသည့် (ခန့်မှန်း၂၀ KM တွင်းရှိ)နေရာများရှိရာ လေထုအ ရည်အသွေးကိုပါ ထိခိုက်စေလျက် ရှိကြောင်း သိရသည်။
အဆိုပါထိန်ပင်အမှိုက်ပုံမီး လောင်မှုမှာ ဧပြီ ၂၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ငြှိမ်းသတ်နေဆဲဖြစ်ကာ အမြန် ဆုံးငြှိမ်းသတ်နိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။
AA, WYHW,TS(HTY)
#Democracytoday
Discussion about this post