ပုသိမ်၊ မေ ၃
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ မြို့လယ် ကောင်နေရာရှိ သုသာန်ဟောင်း မြေကွက်ပေါ်တွင် ပန်းခြံပြုလုပ် ခွင့်ရရန် ဒေသခံ ၅ဝဝ ခန့်က မေ ၃ရက် နံနက် ၇ နာရီကစတင်၍ ဦးပါရဲဘုရားဝန်းအတွင်းစုဝေးကြ ပြီး မြို့အနှံ့လှည့်လည်ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သိရသည်။
၁၉၉၄ခုနှစ် မတ် ၁ ရက်နေ့တွင် သုသာန်ဟောင်းကို ပိတ်သိမ်းထားခဲ့ပြီး သုသာန်ဟောင်း၏အကျယ်အဝန်းအတိုင်း မြေနေရာ သစ်ချထားပေးပြီးဖြစ်၍ အသုံးပြု နေပြီဖြစ်ကြောင်း မြို့လယ်ရှိ သုသာန်ဟောင်းနေရာကို ပြည် သူလူထုအပန်းဖြေနိုင်ရေးအတွက် ပန်းခြံတည်ဆောက်ရန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ဆုံးဖြတ်ချက်ချရန် နှောင့်နှေးကြန့်ကြာနေသဖြင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောသည်။ ”တရားဥပဒေအထက်မှာ ညှိနှိုင်းမှုရှိတာလား ဒါမှမဟုတ် ဥပဒေက အပေါ်မှာလား ညှိနှိုင်းမှု က အပေါ်မှာလားဆိုတာ စည်ပင် ဝန်ကြီးကို ကျွန်တော်တို့မေးခဲ့ တယ်။ လက်ရှိ ညှိနှိုင်းနေဆဲပဲ ပြောတယ် တိကျတဲ့အဖြေမပေးဘူး၊ ဒီနေရာကို အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကလေးတွေအတွက် ပန်းခြံပဲ ဖြစ်စေချင်ပါတယ်”ဟု ပန်းခြံဖြစ်မြောက်ရေးကော်မတီ ဝင် ဦးဖြိုးမြင့်သိန်းက ပြောသည်။
သုသာန်ဟောင်းနေရာသည် မြို့၏ ဂုဏ်ကျက်သရေကို ထိခိုက် စေသဖြင့် ဟင်္သာတမြို့ခံများက ပန်းခြံအဖြစ် တည်ဆောက်လို ကြောင်း တိုင်းဒေသကြီးအစိုးရ ထံ တင်ပြခဲ့ရာ လူထုဆန္ဒမဲ ကောက် ခံ၍ ဆက်လက်ဆောင်ရွက်ရန် ဟင်္သာတခရိုင်အုပ်ချုပ်ရေး တာဝန် ရှိသူများအား ညွှန်ကြားခဲ့သဖြင့် ၂ဝ၁၇ခုနှစ် သြဂုတ် ၂၇ရက်က လူထုဆန္ဒခံယူခဲ့ရာ ထောက်ခံမဲ ၆၉၇၆မဲ ရရှိခဲ့သော်လည်း တိုင်း ဒေသကြီးအစိုးရမှ ဆက်လက်လုပ် ဆောင်မှုများ နှောင့်နှေးနေခြင်း ကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ် ကြောင်း ပန်းခြံဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောဆိုသည်။
”ပြည်ထောင်စုအစိုးရကို တင် ပြတဲ့အခါ လက်ရှိအခြေအနေတွေ အရ ဆိုင်းငံ့ပါလို့ စာပြန်လာတယ်၊ ဒါကိုဒေသခံတွေကို ရှင်းပြပြီး ဖြစ် ပေမယ့် ဒီကိစ္စကို အကောင်အထည် ဖော်ချင်သူတွေမို့ ရှင်းပြတဲ့ လုပ် ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက် တွေကို လက်မခံဘဲနဲ့ ဥပဒေမှာ ရေးထားတဲ့စာအတိုင်း အစိုးရက အကောင်အထည်ဖော်ပေးသင့် တယ်လို့ ဖိအားပေး အကျပ်ကိုင် လာတဲ့ သဘောရှိတယ်”ဟု တိုင်း စည်ပင်သာယာရေးဝန်ကြီး ဦး ကျော်မြင့်က ပြောသည်။ ဆန္ဒထုတ်ဖော်သူများသည် မြို့လယ်သင်္ချိုင်းဟောင်းအား ပန်းခြံ ပြုလုပ်ခွင့်ပေးရေး၊ ဘာသာပေါင်း စုံကလေးများ အနာဂတ်အတွက် ပန်းခြံပြုလုပ်ခွင့်ရရေး၊ စည်ပင် ဥပဒေကို တိုင်းဒေသကြီးအစိုးရ ချက်ခြင်းအကောင်အထည်ဖော် ပေးရေးစသည့် ကြွေးကြော်သံ များကို ကိုင်ဆောင် ကြွေးကြော် ကာ မြို့အနှံ့လှည့်လည်ခဲ့ကြပြီး နံနက် ၁ဝနာရီတွင် ပြီးဆုံးခဲ့ ကြောင်း သိရသည်။
MM
#democracytoday
Discussion about this post