ပုဂံ၊ မေ ၂၄
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းမှုအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေ ၂၃ ရက်မှ ၂၇ ရက်အထိပုဂံ ဒေသရွှေစည်းခုံစေတီတော်နှင့် အာနန္ဒာစေတီတော်တို့တွင် ကျင်းပခဲ့သည့် Bagan A Different World ဓာတ်ပုံပြပွဲမှ ဓာတ်ပုံရောင်းချရငွေကို ပုဂံမြို့သန့်ရှင်းသာယာလှပရေးအတွက် ပြုလုပ်နေသောအဖွဲ့သို့ လှူဒါန်းပွဲကို မေ ၂၄ ရက် နံနက်ပိုင်းက ပုဂံမြို့မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဓာတ်ပုံပြပွဲတွင် ဓာတ်ပုံရောင်းချရာမှရရှိခဲ့သည့် ပထမအဆင့်ငွေကျပ် သိန်း ၃ဝ ကိုပုဂံ မြို့သန့်ရှင်းသာယာလှပရေးပြုလုပ်နေသော ဆရာတော်ဥူးသု မင်္ဂလဦးဆောင်သော ရှင်းသန့်၊ မြင့်၊ စေ-ပုဂံမြေပရဟိတအဖွဲ့သို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးဦး စိုးတင့်နှင့်ဓာတ်ပုံပညာရှင်ပုဂံ မောင်မောင်တို့မှ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ဥူးသုမင်္ဂလမှလက် ခံရယူသည်။
”ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်ရေး ကြိုးပမ်းမှုကိုကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ဒီဓာတ်ပုံပြပွဲကို ကျင်းပတာပါ။ တစ်နိုင်ငံလုံးက ဓာတ်ပုံပညာရှင် ၉ဝ ကျော်ပါဝင် ပြသခဲ့ပါတယ်။ ပုံ ၁ဝဝ နီးပါး ရောင်းချခဲ့ရပါတယ်။ အခုကပထမ အဆင့်လှူဒါန်းတာပါ။ နောက်လာ မယ့်ခရီးသွားရာသီဖြစ်တဲ့ ဒီဇင်ဘာ လမှကျန်တဲ့ပုံတွေကို ဆက်လက် ပြသသွားမှာပါ။ အဲဒီကရောင်းချ ရတဲ့ငွေတွေကို ပုဂံဒေသအတွက် အကျိုးပြုနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာပါ”ဟု ဓာတ်ပုံပညာရှင်ပုဂံမင်းမင်းဦးကပြော ကြားသည်။ အဆိုပါပြပွဲတွင် နိုင်ငံတစ်ဝန်းမှ ဓာတ်ပုံပညာရှင် ၉ဝ ကျော်တို့က ပုဂံအငွေ့အသက်ပါသော ဓာတ်ပုံပေါင်း ၂၅ဝ ကျော်ကိုပြသခဲ့ကြကြောင်း သိရသည်။
MMO(BG)
#democracytoday
Discussion about this post