ပုသိမ်၊ မေ ၂၅
ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာတွင် မေ ၂၄ ရက် ည ၈ နာရီခွဲခန့်က ကုန်စုံဆိုင်တစ်ဆိုင်မှ စတင်မီးလောင်ကျွမ်းခဲ့ရာ လူနေအိမ်ဈေးဆိုင်ခန်း ၃၂ ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ တစ်နာရီခန့်လောင်ကျွမ်းခဲ့ သောမီးကြောင့် လူနေအိမ်ဆိုင်ခန်းပေါင်း ၃၂ ခန်းမီးလောင်ပျက် စီးဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၂ဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
”ဝုန်းဆို ပေါက်ကွဲသံနဲ့အတူ မီးပြန့်ထွက်သွားတယ်။ ကျွန်တော်တို့မိသားစုဘာမှ သယ်ချိန်မရလိုက်ဘူး။ အချိန်တိုအတွင်း မီးကမြန် ဆန်ပြင်းထန်လွန်းတဲ့အတွက် ရွာကမီးသတ်စက်တွေအပြင် ရေထဲက သဲစုပ်သင်္ဘောတွေပါ ရောက်လာပြီး အတင်းသဲရောရေပါပက်ပက်ပေးတော့မှ မီးညွန့်ကျိုးသွားတယ်”ဟု နေအိမ်ဆိုင်ခန်းမီးလောင် ဆုံးရှုံးခဲ့သူ ဦးကျော်သူက ပြောသည်။ မြင်းကကုန်းကျေးရွာ ကမ်းနားတန်းရှိ လူနေအိမ်ဈေးဆိုင်ခန်း များတွင် ကုန်ပစ္စည်းမျိုးစုံအပြင် စက်သုံးဆီအချို့ကိုလည်း သိုလှောင် ရောင်းချမှုများရှိနေပြီး ၂ဝ၁၇ ခုနှစ် အောက်တိုဘာလအတွင်းက အဆိုပါဈေးဆိုင်တန်းများတွင် မီး လောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၁၇ လုံးပျက်စီးခဲ့ပြီး ယခုဒုတိယအ ကြိမ် ထပ်မံမီးလောင်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
”မီးလောင်ဆုံးရှုံးသူတွေကို ကယ်ဆယ်ရေးလိုအပ်တာတွေ ထောက်ပံ့ကူညီနိုင်ဖို့အတွက် အ မြန်ဆုံးဆောင်ရွက်ပေးသွားမှာပါ။ လောင်စာဆီတွေသိုလှောင်ရောင်း ချတာကို စနစ်တကျဥပဒေနဲ့အညီ ဘေးလွတ်ရာမှာ ရောင်းချနိုင်ဖို့ကို လုပ်ဆောင်သွားမှာပါ”ဟု ဘိုက လေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦး အောင်ဇင်ဦးကပြောသည်။ မီးဘေးသင့်မိသားစုဝင်များသည် ဆွေမျိုးတော်စပ်သူများ၏ အိမ်တွင်သွားရောက်နေထိုင်နေကြကြောင်း၊ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ဆိုင်ခန်းပိုင်ရှင် ဦးဝင်းဇော်ဦးကို မြင်းကကုန်းရဲ စခန်းမှ (ပ)၂၄/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
MM
#democracytoday
Discussion about this post