ရန်ကုန်၊ ဇွန် ၂- ပခုက္ကူမြို့တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်း လာကြည့်သူနှစ်ဦး ယာဉ်တိုက်မှု ကြောင့် သေဆုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသ ကြီး ပခုက္ကူမြို့ (၁၈)ရပ်ကွက်၊ မြ ကန်သာလမ်းပေါ် ဧရာဝတီတံတား မီးရထားလမ်းချဉ်းကပ်တိုင်အမှတ် (၅၄/ဝ)နှင့် (၅၃/ဝ)ကြားတွင် ဇွန် ၂ ရက် ညဥ့် ၁၂ နာရီ ၄၅ မိနစ်က ဧရာဝတီတံတားမှ စက်မှုဇုန်သို့ ရေစ ကြိုမြို့နယ် ပေါင်လောင်ကျေးရွာ နေ မင်းခန့်ကျော် (၁၇)နှစ် မောင်း နှင်ပြီး နောက်တွင် ပခုက္ကူမြို့နယ် ရွှေပန်းတင့်ကျေးရွာနေ ကျော် မျိုးလင်း (၁၇)နှစ် စီးနင်းလာသည့ှ့်ပေညွှေဖင ၁၂၅ ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက် အရှိန် မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော သို့ရောက်ရှိကာ မျက်နှာချင်းဆိုင် မှ ကလေးဝမြို့နယ်နေ ယာဉ်မောင်း ဇော်ထွန်း (၃၈)နှစ် မောင်းနှင် လာသည့် ကလေး-ရန်ကုန် High Class ခရီးသည်တင် Express ယာဉ်အား ဝင်တိုက်မိခဲ့ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ အမှုစစ် ဒုရဲ အုပ်သင်းသင်းဦးက ပြောသည်။
ဆိုင်ကယ်မောင်းနှင်သူ မင်း ခန့်ကျော်နှင့်အတူပါသူ ကျော်မျိုး လင်းတို့နှစ်ဦးစလုံး အခင်းဖြစ်နေ ရာတွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ ပြီး အလောင်းကို ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း၊ ယာဉ်နှစ်စီးစလုံးလည်း ပျက်စီးမှုများရှိခဲ့ကြောင်း ¤င်းက ဆက်လက်ပြောသည်။
သေဆုံးသူနှစ်ဦးသည် တက္က သိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထား သည့်အတွက် ပခုက္ကူမြို့နယ်ပညာ ရေးမှူးရုံးသို့ အောင်စာရင်းလာ ကြည့်ခြင်းဖြစ်ကာ နှစ်ဦးစလုံးကျ ရှုံးခဲ့ကြောင်း အမှုစစ်ဒုရဲအုပ်သင်း သင်းဦးက ပြောသည်။
”ကလေး-ရန်ကုန်ပြေးတဲ့ ခရီး သည်တင်ယာဉ်ကို တစ်ဖက်က ကလေးနှစ်ယောက်မောင်းလာတဲ့ ဆိုင်ကယ်က တစ်ဖက်ယာဉ်ကြော ကနေ ဝင်တိုက်တာ။ High Class ယာဉ်ကတော့ သူ့ယာဉ်ကြောအ တိုင်းသွားနေတာ။ ဆိုင်ကယ်က အရှိန်ပြင်းတော့ ကလေးတွေက အရှိန်မထိန်းနိုင်ဘဲ ကားကိုဝင် တိုက်တာ။ အခင်းဖြစ်နေရာမှာပဲ နှစ်ဦးစလုံး သေဆုံးသွားတာ။ သူ တို့မိဘတွေပြောတာတော့ နှစ်ဦး စလုံးက ဒီမနက် ဆယ်တန်းအောင် စာရင်းလာကြည့်တာ။ နှစ်ယောက် စလုံးဆုံးသွားတယ်ဆိုတော့ အောင် စာရင်းသွားကြည့်တာ အပြန် လား၊ အသွားလား မသိရသေးဘူး။ နှစ် ယောက်စလုံး ဆယ်တန်းမအောင် ပါဘူး။ နှစ်ယောက်စလုံးကျတယ်” ဟု ¤င်းက ဒီမိုကရေစီတူဒေးသို့ ဇွန် ၂ ရက်က ပြောသည်။
ယင်းယာဉ်မတော်တဆမှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့မရဲစခန်း မှ ယာဉ်(ပ)၁၃၃/၂ဝ၁၈၊ ရာဇသတ် ကြီးပုဒ်မ-၃ဝ၄-က ဖြင့် ဆိုင်ကယ် မောင်းသူ မင်းခန့်ကျော်ကို အမှုဖွင့် အရေးယူထားသည်။
WYHW
Discussion about this post