မန္တလေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၂ နှစ်ပြည့် အထိမ်းအမှတ် MINGALARBAR 72 ပန်းချီပြပွဲတွင် ထီးအရွက်မျက်နှာပြင်ပေါ်မှာ ရေးဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားကို ပထမဆုံးအကြိမ် ရေးဆွဲခင်း ကျင်းပြသကြောင်း သိရသည်။ MINGALARBAR 72 ပန်းချီပြပွဲကို ညောင်ဦးမြို့မှ ပန်းချီဆရာ M.P.P Yei Myintu MINGALABAR 72 အမည်ဖြင့် မန္တလေး မြို့ မင်္ဂလာမန္တလေး အနုပညာလမ်းရှိ သီရိ ပန်းချီပြခန်းတွင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်၏ပန်းချီပုံများအား ပုံတူပန်းချီ၊ လှုပ်ရှားမှုပန်းချီ၊ ကောက် ကြောင်းပန်းချီ၊ အနုစိတ်ပန်းချီလက်ရာများ ဖြင့် ပန်းချီကား ၇၂ ကား ရေးဆွဲပြသခြင်း ဖြစ်သည်။
MINGALARBAR 72 အမည်နဲ့ လူထုခေါင်းဆောင်အစ်မကြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ဂုဏ်ပြုပန်းချီပြပွဲကို ရန်ကုန် မြို့မှာ ပြသပြီးပါပြီ။ ပြပွဲတင်ပန်းချီကား ၇၂ ကားထဲက ကား ၄ဝ ရောင်းရပါတယ်။ မန္တလေးမှာပြသဖို့ ပြီးခဲ့တဲ့ဧပြီလကစပြီး ပန်းချီကား ရေးဆွဲစုဆောင်းပါတယ်။ ဒီမှာထူးခြားတာက ကျွန်တော်တို့ ညောင်ဦးကထုတ်လုပ်တဲ့ ပုသိမ်ထီးအရွက်မျက်နှာပြင်မှာ အစ်မကြီးပုံကို ရေး သားတာရယ်၊ ပုံစာကို အစ်မကြီးလက်ရေး အတိုင်း ရယူလက်မှတ်ထိုးပါရယူပြီး ရေးဆွဲ ထားတာပါ။ ဒီပန်းချီကားနှစ်ချပ်ကို ကျွန်တော့် ဒေသက ထုတ်လုပ်တဲ့ထီးပေါ်မှာ ဂုဏ်ပြုရေး ထားတာမို့ ရောင်းဖို့အစီအစဉ်ထဲမှာ မပါပါ ဘူး။ ပန်းချီကားများရဲ့ရောင်းဈေးကို တစ်ကား ကျပ်ငါးသိန်းက ၁ဝ သိန်းအထိ ဈေးနှုန်း သတ်မှတ်ထားပါတယ်”ဟု ပန်းချီဆရာ M.P.P ရဲမြင့်က ပြောသည်။
ပန်းချီပြပွဲစတင်သည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့မှ ဒေါက်တာဒေါ်ယု ယုမေနှင့် အဖွဲ့ဝင်များ၊ မန္တလေးမြို့မှ စိတ်ဝင်စားသူများ လာရောက်ကြည့်ရှုအားပေးရာ ဖွင့်ပွဲနေ့တွင် ပန်းချီကား ၂ဝ ကျော် ရောင်းချရကြောင်း သိရသည်။
လှိုင်ထွေးအောင်
#theyangontimes
Discussion about this post