ရန်ကုန်၊ ဇူလိုင် ၅
ကျောက်မဲ-နောင်ချိုဂုတ်တွင်းတွင် ခရီးသည်တင်ယာဉ်တစ်စီးသည် ငါးထပ်ကွေ့မှ သုံးထပ်ကွေ့ သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့ နယ်၊ နောင်ပိန်ကျေးရွာအတွင်းရှိ ကျောက်မဲ-နောင်ချိုဂုတ် တွင်းလမ်းပိုင်း ခြောက်ထပ်ကွေ့၌ ဇူလိုင် ၄ ရက် ည ၁၁ နာ ရီကျော်က မူဆယ်မှ နေပြည်တော် သို့ ပုသိမ်မြို့၊ သိမ်ကုန်းရပ်ကွက်နေ ယာဉ်မောင်း ရဲမင်းအောင်(၂၇)နှစ်မောင်းနှင်လာသော ခရီးသည်တင် Express ယာဉ်တစ်စီးသည် ယင်းလမ်းပိုင်း မိုင်တိုင် (၈၄/၃) နှင့် (၈၄/၄) ဖာလုံကြားအရောက် အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်း မှောက်ခဲ့ကြောင်း ကျောက်မဲယာဉ် ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးစိုင်းဝင်းအောင်က ပြောသည်။
ခရီးသည်တင်ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင်ခရီးသည် ၂၇ ဦးလိုက်ပါစီးနင်းလာ ကြောင်း၊ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းပါခရီးသည် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီးငါးဦးတို့ ဒဏ်ရာရခဲ့ပြီး အမျိုးသမီးတစ်ဦး (စိုးရိမ်ရ)အဖြစ် ကုသနေကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရသူများကို မန္တလေးဆေးရုံ၊ ကျောက်မဲဆေးရုံနှင့် နောင်ချို ဆေးရုံတို့သို့ပို့ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကျောက်မဲယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးစိုင်းဝင်းအောင်က ”ယာဉ်က မူဆယ်ကနေ နေပြည် တော်သွားမှာ။ ယာဉ်က ကြယ်စင်သစ္စာခရီးသည်တင်မှန်လုံယာဉ်။ အခင်းဖြစ်နေရာအရောက်မှာ ငါးထပ်ကွေ့ကနေ သုံးထပ်ကွေ့ကို ထိုးကျတာ။ အဲဒီနားကတံတား ကနေစရေရင် တစ်ကနေ ခြောက် ကွေ့ရှိတယ်။ အပေါ်ဆုံးကွေ့က ခြောက်ကွေ့။ ဖြစ်တာက ငါးကွေ့မှာ။ ထိုးကျတာက သုံးကွေ့ကို။ အရှိန်မထိန်းနိုင်ဘဲ ထိုးကျတိမ်း မှောက်တာ။ အဲဒါကကွေ့ကြော လေ။ ကားကတည့်တည့်ထိုးကျတာ။ အမျိုးသမီးတစ်ဦးစိုးရိမ်ရတယ်။ ယာဉ်မောင်းကလည်း ဒဏ်ရာရထားတော့ ကောင်းကောင်း မပြောနိုင်သေးဘူး”ဟု ဒီမိုကရေစီတူဒေးသို့ ဇူလိုင် ၅ ရက်က ပြောသည်။
ယင်းယာဉ်ထိုးကျတိမ်း မှောက်မှုနှင့်ပတ်သက်ပြီး ကျောက်မဲမြို့နယ်၊ နောင်ပိန်နယ်မြေရဲစခန်းမှယာဉ်(ပ)၉/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇/ ၃၃၈ /၃ဝ၄-က ဖြင့်ယာဉ်မောင်း ရဲမင်းအောင်ကို အမှုဖွင့်အရေးယူထားသည်။ ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ အတွင်းရေးမှူး ဦးစိုင်းနေအောင်က ”ကားကအရှိန်များတော့ ငါးလွှာကနေ သုံးလွှာကိုပြုတ်ကျတာ။ ပက်လက်လှန်အနေအထားနဲ့။ ဘီးတွေက အပေါ်မှာ။ ညာဘက်တစ်ခြမ်းလုံးက တော်တော်လေး ပြားကပ်သွားတယ်”ဟု ၎င်းက ဒီမို ကရေစီတူဒေးသို့ ပြောကြားခဲ့သည်။
WYHW
#democracytoday
Discussion about this post