မုံရွာ၊ သြဂုတ် ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ခတ္တကန်တောင်ရွာရှိ မဟာဗောဓိတ ထောင်စိမ်းလန်းစိုပြည်ရေးအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှစ၍ ၂ဝ၂၂-၃၃ ဘဏ္ဍာနှစ်အထိ ငါးနှစ်ဆက်တိုက်အကောင်အထည် ဖော်ရန်ဘတ်ဂျက်ငွေကျပ်သိန်း ၆ဝဝဝ တောင်းခံထားကြောင်း မုံရွာမြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ သိရသည်။
ဗောဓိတထောင်စိမ်းလန်းစို ပြည်ရေးကို ၂ဝဝ၇ ခုနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီးယခုအခါ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးအထူးငါးနှစ် သတ်မှတ်လုပ်ဆောင်နေခြင်းဖြစ်ကာ ယင်းနယ်မြေသည်ကျောက္ကာ-ရွှေမြင်တင် ကာကွယ်တောအတွင်းကျရောက် နေပြီး ယခင်ကရွက်ပြတ်ရောနှော တောအမျိုးအစားမှလက်ရှိတွင် အပူပိုင်းတောခြောက်အဖြစ် တည်ရှိနေသည်။ ဧရိယာသတ်မှတ်ရာတွင် ဗောဓိတထောင်သာသနာ့နယ် မြေရှိကမ္ဘာကျော် လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီးအား ဗဟိုပြု ၍ တစ်မိုင်အတွင်းအားပင်မနယ် မြေ၊ တစ်မိုင်နှင့်နှစ်မိုင်ကြားကို အတွင်းနယ်မြေနှင့် နှစ်မိုင်နှင့် သုံးမိုင်ကြားကို အပြင်နယ်မြေအဖြစ် ခွဲခြားထားပြီး အဆိုပါနယ်မြေသုံး ခုသည် ဧက ၉ဝဝဝ ကျယ်ဝန်း ကြောင်းသိရသည်။
”ငါးနှစ်မှာ လုပ်ရမှာကတည် ဆောက်ဆဲထိုင်တော်မူ ရုပ်ပွားတော် ကြီးဘက်မှာလုပ်မှာ၊ တစ်မိုင်ဝန်း ကျင်ကို ပျိုးတစ်သိန်းဆံ့တဲ့ပျိုးစင်လုပ်မယ်။ သဘာဝတောကျန်တွေ ထိန်းမယ်။ ဒေသခံတွေပါမှဖြစ်မှာမို့ အနီးပတ်ဝန်းကျင် ၁၆ ရွာကို တန်ဖိုးကြီးစန္ဒကူးပင်တစ်သောင်း ကျော်ဝေမယ်။ စန္ဒကူးကလုံးပတ်တစ်ပေခွဲဆို ၁ဝသိန်းအထက်ရှိတယ်။ နှစ်ကြာတာနဲ့အမျှ တန်ဖိုးရှိပြီးစိုက်တဲ့ဒေသခံတွေအတွက်လည်းအကျိုးရှိတယ်” ဟုမုံရွာမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစို ပြည်ရေး ဌာနဦးစီးအရာရှိဦးမောင်မျိုးကပြောကြားသည်။ ၁၂ နှစ်တာကာလအတွင်း တောင်တန်းစိုက်ခင်း စိုက်ပျိုးမှုအ ဖြစ် အပင်ပေါင်း သုံးသိန်းခွဲခန့်၊ ကွန်တိုပေါင်စနစ်ဖြင့် လေးထောင် ကျော်၊ ကွက်လပ်စနစ်ဖြင့်အပင် ၁၁သိန်းကျော်၊ အပင်ကြီးရွှေ့စိုက်နည်းဖြင့် ၅ဝဝကျော်၊မြေနဲ-ဗောဓိ ဖြတ်လမ်း၊ ဗောဓိ-ရွှေဂူနီဖြတ်လမ်းတို့တွင်လည်း စိုက်ပျိုးခဲ့ပြီး ဆက်လက်လုပ်ဆောင်မည့် ထိုင် တော်မူရုပ်ပွားတော်အနီး ငါးနှစ် စီမံကိန်းတွင် သစ်၊ ပိတောက်၊ ပဲချယ်ရီ၊ မြန်မာကုက္ကို၊ တမလန်း၊ ပျဉ်းကတိုးတို့အား စိုက်ပျိုးသွား မည်ဖြစ်ကြောင်းသိရသည်။
KTS(MY)
#democracytoday
Discussion about this post