မုံရွာ၊ အောက်တိုဘာ ၃ဝ
မုံရွာ မြို့၊ ကံသာဦးရပ် (ယခင်အင်းရွာသစ်)၊ သမာဓိလမ်း၊ အိမ်နံပါတ် ၂/၉၉ တွင် အိမ်ငှားနေထိုင်သော လင်မယားအား ဓားဖြင့်ခုတ်သတ်ခဲ့သော တရားခံလူငယ်ကို အောက်တိုဘာ ၃ဝ ရက်တွင် မုံရွာခရိုင်တရားရုံးမှ သေဒဏ်နှင့် ထောင်ဒဏ် ၂၄ နှစ်ပြစ်ဒဏ်ကျခံရန် စီရင်ချက်ချခဲ့ကြောင်း ခရိုင်တရားရုံးသတင်းပြန်ကြားရေး အရာရှိ ဒုခရိုင်တရားသူကြီး ဦးကြည်မင်းစိုးထံမှ သတင်းရရှိသည်။
အသက် (၂ဝ) အရွယ် တရားခံ ကောင်းကောင်း (ခ) ကောင်းခန့် သော်အား ဦးအောင်လင်းမှ တရားလိုပြုလုပ်၍ မုံရွာမြို့ နယ် မြေရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းလူငယ်သည် ရာဇသတ်ကြီးပုဒ်မ ၄၅၈ အကြံနှင့် အိမ်ဖောက်ထွင်းမှု၊ ပုဒ်မ ၃ဝ၂ လူသတ်မှု၊ ပုဒ်မ ၃၉၂ လုယက်မှုတို့ဖြင့် တစ်နှစ်နီးပါး ခန့်အမှုရင်ဆိုင်ခဲ့ရသည်။ ယင်း နောက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ပုဒ်မ ၃ဝ၂(၁)/ (ဂ) အရ သေဒဏ်၊ ပုဒ်မ ၄၅၈ အရ အလုပ်နှင့်ထောင်ဒဏ် ၁၄ နှစ်၊ ပုဒ်မ ၃၉၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ် သီးခြားစီကျခံစေရန် မုံရွာခရိုင်တရားရုံး ဒုတိယတရားသူကြီး (၁) ဒေါ်ရွှေမြင့်အုန်းက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
”ပုဒ်မသုံးခုနဲ့ သေဒဏ်၊ ထောင်ဒဏ်ကို ဒီနေ့ပဲချလိုက်တာပါ” ဟု သတင်းပြန်ကြားရေးအရာရှိ ဦးကြည်မင်းစိုးက မြို့ခံသတင်း ထောက်များကို ပြောသည်။ တရားခံကောင်းခန့်သော်သည် ၂ဝ၁၆ အောက်တိုဘာ ၂၇ ရက်ညပိုင်းက ကန်သာဦးရပ်ကွက်နေ ကိုချို (၃၆)နှစ်နှင့် မထားထားနွယ် (ခ)မမော်(၃၇)နှစ်တို့ နေအိမ်ကျော်နင်းဝင်ရောက်၍ အသင့်ပါလာသော အရိုးအသွားတစ်ပေခွဲခန့်ရှိ ဓားမဖြင့် လင်မယားနှစ်ယောက်စလုံးကို ခုတ်သတ်ခဲ့သည်။ ယင်းနောက် အိမ်ထဲရှိ ငွေကျပ် ၁၂ သိန်းကျော် နှင့် ရွှေထည်ပစ္စည်းများအားယူ၍ အသင့်တွေ့ရှိသော FZ ဆိုင်ကယ်ကိုမောင်းကာ ထွက်ပြေးခဲ့ ခြင်းဖြစ်သည်။
သေဆုးံသူလင်မယားနှစ် ယောက်၏နေအိမ်တွင် မူးယစ် ဆေးဝါးများကို ရဲတပ်ဖွဲ့မှတွေ့ရှိ ပြီး မူးယစ်ဆေးအမှုနှင့် ဆက်စပ်မိကာ တရားခံကောင်းခန့်သော်ကို ပြစ်မှုကျုးလွန်ပြီးတစ်ပတ်အတွင်း နိုဝင်ဘာ ၂ ရက်၌ မူဆယ်မှ မုံရွာအပြန် စစ်ကိုင်းတံတား နှာပေါက်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ တရားခံသည် မန္တလေးမြို့ ဇာတိဖြစ်ပြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ နယ်မြေ(၅)တွင် အိမ်ငှားနေထိုင်ကာ သေဆုံးသူ လင်မယားထံမှ မူးယစ်ဆေးများ လက်ပြောင်း ရယူဖြန့်ဖြူးရောင်း ချပေးသူဖြစ်ကြောင်း၊ ယင်းနောက် စကားများပြီးလမ်းခွဲခဲ့ကာ ၎င်း၏ ဇနီးသည် သမီးဦးမွေးဖွားပြီးချိန်၌ မုံရွာသို့တစ်ကျော့ပြန်ရောက် လာ၍ လူသတ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းမိစဉ်က ရဲတပ် ဖွဲ့ထံထွက်ဆိုချက်များအရ သိရသည်။
KTS
#democracytoday
Discussion about this post