ရန်ကုန်၊ စက်တင်ဘာ ၁၇
ဆယ်တန်းကျောင်းသူကို အဓမ္မ ပြုကျင့်သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့သူ တရားခံနှစ်ဦး အား မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချလိုက်ကြောင်း သိ ရသည်။
စက်တင်ဘာ ၁၇ ရက်တွင် ကျိုင်းတုံခရိုင် ဒုတိယခရိုင် တရားရုံး၌ အမှုမှတရားခံ စိုးလွင် အသက် (၄ဝ) အား ရာဇသတ် ကြီး ပုဒ်မ-၃ဝ၂ (၁)(ဂ)နှင့် အိုက်တီ (ခ) စိုင်းရှန်း(၂၉) နှစ်အား ရာဇသတ်ကြီးပုဒ်မ-၃ဝ၂(၁)(ဂ)/ ၃၄ တို့အရ ပြစ်မှုကျူးလွန် ကြောင်းထင်ရှားသဖြင့် မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ် ရန် ဒုတိယခရိုင်တရားသူကြီး ဦးကျော်မြင့်ထွန်းက အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ”မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့တယ်။ တရား ခံစိုးလွင်က ထောင်ဒဏ်ခုနစ်နှစ်နဲ့အထက်ထိုက်သော မုဒိမ်းမှု ကိုကျူးလွန်စဉ် လူသတ်မှုကိုကျူးလွန်ကြောင်း ပေါ်ပေါက်လို့။ အဲ့ ဒါကြောင့် သူ့ကို မသေမချင်း လည်ပင်းကြိုးကွင်း စွပ်သတ်စေ ပေါ့။ အိုက်တီ (ခ) စိုင်းရှန်းက ပြစ်မှုကျူးလွန်တဲ့နေရာမှာ အား ပေးကူညီတဲ့အတွက်ကြောင့် သူ့လည်း မသေမချင်းလည်ပင်း ကြိုးကွင်းစွပ်သတ်စေပဲ။ ကြိုးမိန့်ပေးလိုက်တာပေါ့” ဟု ဒီမိုကရေ စီတူဒေးသို့ ပြောသည်။
ကျိုင်းတုံခရိုင် ဒုတိယခရိုင်တရားရုံးတွင် ယခုကဲ့သို့ အမိန့် ချမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရားဥပဒေအတိုင်း မှန်ကန် သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နမ့်လပ်ရေအား လျှပ်စစ်စက်ရုံအနီး ကျိုင်းတုံ- လွိုင်မွေကားလမ်းဘေးတွင် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က သတ်ဖြတ်မီးရှို့ခံထားရသည့် အသက် (၁၈) နှစ်အရွယ် ဆယ်တန်းကျောင်းသူ မအေပီလှ အလောင်းအား တွေ့ရှိခဲ့သည်။
အမှုမှကျူးလွန်သူ တစ်မြို့တည်းနေ စိုးလွင်နှင့် အိုက်တီး (ခ) စိုင်းရှန်းတို့အား ဖမ်းဆီးနိုင်ခဲ့ပြီး ¤င်းတို့၏ ဝန်ခံချက်အရ ယခင်က ပြဿနာဖြစ်ဖူးသည်ကို မကျေနပ်ရာမှ စိုးလွင်၏နေအိမ် သို့ ငါးကင်လာပို့သည့် မအေပီလှအား မုဒိမ်းကျင့်ပြီး သတ်ဖြတ် ကာ မီးရှို့အလောင်း ဖျောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
WYHW
#democracytoday
Discussion about this post