မန္တလေး၊ နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်မှူးကျေးရွာ၊ စစ်ကိုင်း-မြစ် ငယ်ဖြတ်လမ်းဘေး၌ တည်ထားကိုး ကွယ်သည့် ဝေရောစနကျောက်စိမ်း စေတီတော်မြတ်ကြီးသို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးယာဉ်များသွားလာမှုအ ဆင်ပြေစေရေးအတွက် ပရိဝုဏ် အတွင်းရှိ ယာဉ်ရပ်နားစခန်းအ သစ်နှင့် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးကို အမြန်ဆုံးချိတ်ဆက် နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဂေါ ပကအဖွဲ့မှ သိရသည်
”လက်ရှိအနေအထားအရ ဆိုရင် အမြန်လမ်းမကြီးကနေ ပ ရိဝုဏ်အတွင်းကို ချိတ်ဆက်လမ်း မရှိတဲ့အတွက် မန္တလေးဘက် တံ ခွန်တိုင်အဝိုင်းပတ်ကနေ လာ ရောက်ကြတဲ့ အနယ်နယ်အရပ် ရပ်က ဘုရားဖူးမော်တော်ယာဉ် နဲ့ဆိုင်ကယ်တွေ ဆေးအိုးဘိုအဝိုင်း ပတ်အထိ သွားပြီးတော့မှ စေတီ တော်ကို ကွေ့ပတ်ဝင်ကြရတယ်။ အသွားအပြန်အရ ၁၃ မိုင်ကျော် ပိုမိုမောင်းနှင်နေရလို့ ယာဉ်ပိုင် ရှင်တွေအတွက် စက်သုံးဆီဖိုးကုန် ကျမှုပိုများသလို အချိန်လည်းပို ကုန်စေပြီး ချိတ်ဆက်လမ်းဖောက် ပြီးသွားရင်တော့ ပေ ၁ဝဝ ပဲ မောင်းရတော့မှာပါ”ဟု ကျောက် စိမ်းစေတီတော်ဂေါပကအဖွဲ့မှ ရုံး အုပ်ဦးချစ်ကိုကိုက နိုဝင်ဘာ ၈ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။
ပရိဝုဏ်အတွင်းရှိ ယာဉ်ရပ် နားစခန်းနှင့်အမြန်လမ်းသို့ တိုက် ရိုက်ချိတ်ဆက်မည့်လမ်းအကွာအ ဝေးမှာ ပေ ၁ဝဝ ခန့်သာရှိမည်ဖြစ် ၍ ဖောက်လုပ်ပြီးစီးပါက ဘုရားဖူး များပြားသည့်အခါကြီးရက်ကြီးနေ့ ရက်များတွင် စေတီတော်သို့ အဓိ ကလာရောက်ရာ စစ်ကိုင်း-မြစ် ငယ်လမ်း၌ဖြစ်ပေါ်လျက်ရှိသော ယာဉ်ကြောပိတ်ဆို့မှုများနှင့်ယာဉ် မတော်တဆမှုများကို လျော့ကျ သွားစေမည်ဖြစ်ကြောင်း၊ ချိတ် ဆက်လမ်းမှာ ပေ ၄ဝ ကျယ်ဝန်း မည်ဖြစ်ကာ လမ်းဖြစ်မြောက်ရေး အတွက် ဆင်ရွာမြင်းမှူးကျေးရွာနေ ဦးသောင်းညွှန့်၏သားဖြစ်သူ ဦး ဆန်းလင်းက မြေနေရာကို ဂေါပကအဖွဲ့သို့ လှူဒါန်းပေးထားခြင်း ဖြစ်ပြီး ယာဉ်ရပ်နားစခန်းကိုလည်း အလှူရှင်များလှူဒါန်းငွေဖြင့် နိုင်ငံ တကာအဆင့်မီ တည်ဆောက်သွား မည်ဖြစ်သည်။
အဆိုပါ ချိတ်ဆက်လမ်းကို ဖောက်လုပ်ရန်အတွက် နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးနှင့်အတူ စေတီ တော်သြဝါဒါစရိယဆရာတော်များ၊ ဒေသခံဆရာတော်များ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နှင့် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များ၊ သာသနာရေးဦးစီးဌာန၊ အမရပူရမြို့နယ်ဒေသခံ ပြည်သူလူထုတို့က ထောက်ခံထား ပြီးဖြစ်ရာ ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့ ပြီးခဲ့သည့် သြဂုတ်လအတွင်းက အကြောင်းကြားစာနှင့်အ တူ ထောက်ခံစာများကို ပူးတွဲ၍ တင်ပြထားကြောင်း သိရသည်။
KSA
#democracytoday
Discussion about this post