စစ်ကိုင်း၊ သြဂုတ် ၁၂
ပြန်ကြား ရေးဝန်ကြီးဌာနကကြီးမှူး၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) နှင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) ဖွင့်ပွဲကို သြဂုတ် ၁၂ ရက်က ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်ကိုင်းခရိုင်ရုံး၌ ကျင်းပကြောင်း သိရသည်။
ဖွင့်ပွဲတွင်ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများကဖဲကြိုး ဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာများပတ်ဖျန်းပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်၊ တိုင်း ဒေသကြီးလူမှုရေး ဝန်ကြီးဒေါက်တာဇော်ဝင်းတို့က အမှာစကား ပြောကြားကြပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဦးထွန်းလှခိုင်က ရွေ့လျားစာကြည့်တိုက်အကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားသည်။
စစ်ကိုင်းမြို့လူထုအခြေပြု ဗဟိုဌာနတွင် လူထုအသိပညာပေး လုပ်ငန်းများ၊ စာပေဆိုင်ရာဆွေး နွေးပွဲများ ပြုလုပ်နိုင်ရန်ဖွင့်လှစ် ခြင်းဖြစ်ပြီးအများပြည်သူ စာဖတ်နိုင်ရန် သုတရသစာအုပ်များကို ရွေ့လျားစာကြည့်တိုက်မော် တော်ယာဉ်ဖြင့် လှည့်လည်ငှားရမ်း ခြင်းများဖြင့်စနစ်တကျဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
DW
#democracytoday
Discussion about this post