HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ရတနာပုံ တက္ကသိုလ်အတွင်း ဆိုင်ကယ်ရပ်နားခ ကောက်ခံရရှိငွေများကို ကျောင်းဖွံ့ဖြိုးရေး လိုအပ်ချက်တွင် သုံးစွဲရေးတင်ပြမှု အကြောင်းပြန်ကြားခြင်း မရှိ၍ ကျောင်းပြင်ပ လှုပ်ရှားမှု ထပ်မံပြုလုပ်

ရတနာပုံ တက္ကသိုလ်အတွင်း ဆိုင်ကယ်ရပ်နားခ ကောက်ခံရရှိငွေများကို ကျောင်းဖွံ့ဖြိုးရေး လိုအပ်ချက်တွင် သုံးစွဲရေးတင်ပြမှု အကြောင်းပြန်ကြားခြင်း မရှိ၍ ကျောင်းပြင်ပ လှုပ်ရှားမှု ထပ်မံပြုလုပ်

မန္တလေး၊ ဒီဇင်ဘာ ၎

ရတနာပုံ တက္ကသိုလ် ကျောင်းဝင်းအတွင်း ဆိုင်ကယ်ရပ်နားခကောက်ခံရရှိ ငွေများအား ကျောင်းဖွံ့ဖြိုးရေးလို အပ်ချက်များတွင် ပြန်လည်သုံးစွဲ ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဌာနသို့ တင်ပြမှုမှာ ယနေ့အချိန် ထိ အကြောင်းပြန်ကြားခြင်းမရှိ သောကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ) အဖွဲ့မှ ဒီဇင်ဘာ ၄ ရက် နံနက် တွင် ကျောင်းပြင်ပလှုပ်ရှားမှုကို ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။ ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂ(ဗကသ)အဖွဲ့ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်၊ စည်းရုံး ရေးမှူး ကိုရဲမျိုးဆွေအပါအဝင် ကျောင်းသားငါးဦးက ကျောင်း တွင်းလုံခြုံရေးတာဝန်ယူပေးရေး၊ ပျက်စီးနေသော သန့်စင်ခန်းများ အားလုံးပြုပြင်ပေးရေးနှင့် သန့် ရှင်းရေးဝန်ထမ်းများ တိုးမြှင့်ထား ပေးရေးတို့ကို တောင်းဆိုနေကြ ခြင်းဖြစ်သည်။

''ကျွန်တော်ပြောချင်တာက တော့ ကျွန်တော်တို့လှုပ်ရှားမှုပြု လုပ်တိုင်း ဆရာ၊ ဆရာမတွေဂိတ် မှာစောင့်နေကြရတယ်။ ဒါဖြစ်သင့် လား။ ကျွန်တော်တို့က နိုဝင်ဘာ ၂၇ ရက်မှာ တိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံးမှာ ဆွေးနွေးတယ်။ ပြည် ထောင်စုအဆင့် ချက်ချင်းတင်ပြ ပေးပြီး အကြောင်းပြန်မယ်ပြော တယ်။ ပါချုပ်အနေနဲ့ ပြည်ထောင် စုအဆင့် ဆွေးနွေးပွဲတက်ရောက် အပြီးမှာ ပြန်လာလို့ မေးမြန်းတဲ့ အခါ ဘာမှပြန်လည်အကြောင်း ကြားခြင်းမရှိလို့ အခုလိုလှုပ်ရှား ခြင်းဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကလည်း အကြောင်းအရာတစ်စုံတစ်ခုပြန် ကြားချက်မရမချင်း နေ့စဉ်ပြုလုပ် သွားမှာပါ''ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်သီဟ ရဲကျော်က ပြောကြားခဲ့သည်။


ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂ(ဗကသ)အဖွဲ့အနေ ဖြင့် နိုဝင်ဘာ ၂၇ ရက်က ဆိုင် ကယ်ရပ်နားခကောက်ခံရရှိသည့် ငွေများအား တက္ကသိုလ်ကျောင်းဖွံ့ ဖြိုးတိုးတက်ရေးလိုအပ်သည်များ တွင် သုံးစွဲရေးကိစ္စအား တင်ပြ ဆွေးနွေးနိုင်ရန် မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးသို့သွားရောက် ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်မတွေ့ခဲ့ဘဲ တိုင်းဒေသကြီးလျှပ် စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်နှင့်သာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုင်းဒေသ ကြီးဝန်ကြီး ဦးဇာနည်အောင်က ဝန်ကြီးချုပ်အနေဖြင့် ယင်းကိစ္စ အား ပြည်ထောင်စုအဆင့်သို့ ချက် ချင်းတင်ပြပေးသွားမည်ဖြစ်ပြီး အဆင့်မြင့်ပညာဦးစီးဌာနနှင့် ညှိနှိုင်းပြီးဖြစ်ကြောင်း ပြောကြား ခဲ့ခြင်းအပေါ် အကြောင်းတစ်စုံ တစ်ရာပြန်ကြားခြင်းမရှိသည့်အ တွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။


ယင်းကိစ္စနဲ့ပတ်သက်၍ ရတ နာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်ထံ တွေ့ ဆုံခွင့်တောင်းခံခဲ့ရာ ကျောင်းတာ ဝန်ရှိသူများက ''ပါချုပ်ကြီးအနေ နဲ့ ကျောင်းသားလက်ခံနေတဲ့အ ချိန်ဖြစ်နေတာကတစ်ကြောင်း၊ ပါ မောက္ခ/ဌာနမှူးအပြောင်းအရွှေ့ တွေကြောင့် တွေ့ဆုံနိုင်ခြင်းမရှိ သေးပါဘူး။ မေးမြန်းချင်တဲ့အ ကြောင်းအရာကို ကြိုတင်ရေးပြီး တော့ အချိန်တစ်ခုအနေနဲ့တောင်း ရင်ရနိုင်ပါတယ်''ဟု ပြန်လည်ဖြေ ကြားသည်။ ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂ (ဗကသ)အဖွဲ့သည် ဆိုင်ကယ်အပ်နှံမှုမှရရှိသောလေ လံငွေကို ကျောင်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြန်လည်အသုံးပြု ခြင်းနှင့်ပတ်သက်၍ ကျောင်းသား ကျောင်းသူများ၏ သဘောထား ကောက်ခံမှုကိုရယူခဲ့ရာ ကျောင်း သားကျောင်းသူနဲ့ ဆရာဆရာမဦး ရေ ၂၅ဝဝဝ ကျော်အနက် ၂ဝဝဝဝ လောက်က ထောက်ခံမဲပေးခဲ့ကြ ကြောင်း သိရသည်။ 

MTK

#democracytoday

Rate this item
(0 votes)
back to top