HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တရားမဝင် မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံကြိုဆိုခဲ့သည့် မြဝတီပြန်လည် ကြိုဆိုရေးစခန်းကို အပြီးတိုင် ပိတ်သိမ်း  

တရားမဝင် မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံကြိုဆိုခဲ့သည့်  မြဝတီပြန်လည် ကြိုဆိုရေးစခန်းကို အပြီးတိုင် ပိတ်သိမ်း   

မြဝတီ၊ ဒီဇင်ဘာ ၎

မြန်မာ-ထိုင်း နယ်စပ် ကရင်ပြည်နယ်မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ ကျောက်လုံး ကြီးလမ်း၌ဖွင့်လှစ်ခဲ့သော မြန်မာ အလုပ်သမားများ ပြန်လည်လက် ခံကြိုဆိုရေးစခန်းကို ဒီဇင်ဘာလ ဆန်းမှစတင်၍ အပြီးတိုင်ပိတ် သိမ်းလိုက်ကြောင်း သိရသည်။ ''အခုအချိန်ကြိုဆိုရေးစခန်း ဖွင့်ခဲ့တဲ့ တစ်နှစ်နဲ့ငါးလအတွင်း အလုပ်သမားတွေနေရပ်ပြန်နိုင်ဖို့ နဲ့ နေရေးထိုင်ရေး၊ စားသောက် ရေး၊ ကျန်းမာရေးစရိတ်များသုံးစွဲ နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နဲ့ အလှူရှင်တွေက ငွေ လှူဒါန်းပေးခဲ့တယ်။ အခုချိန်မှာ တော့ အလုပ်သမားတွေရဲ့အခက် အခဲတွေအားလုံး အဆင်ပြေချော မွေ့သွားပြီဖြစ်လို့ ကျွန်တော့်အနေ နဲ့ အထက်ဌာနအဆင့်ဆင့်ကိုတင် ပြခဲ့တဲ့အတွက် အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက နိုဝင်ဘာ ၃ဝ ရက်မှာပိတ်သိမ်းဖို့ ညွှန်ကြားချက် ပေးခဲ့တာဖြစ်တာကြောင့် ဒီဇင်ဘာ ၁ ရက်မှာ ဒီစခန်းကိုလုံးဝပိတ် သိမ်းလိုက်တာ ဖြစ်ပါတယ်''ဟု မြ ဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇ အောင်ကပြောသည်။

အဆိုပါစခန်းသည် ထိုင်းနိုင် ငံအတွင်း တရားမဝင်အလုပ်လုပ် ကိုင်နေကြသည့် မြန်မာအလုပ်သ မားများအား ထိုင်းအစိုးရမှဖမ်းဆီး ကာ အဆိုပါပြန်လည်ကြိုဆိုရေး စခန်းသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ် ပြီး ယခုအခါ မြန်မာအလုပ်သမား များအနေဖြင့် MoU စနစ် တရား မဝင်စနစ်ဖြင့် သွားရောက်နေကြ ပြီဖြစ်သောကြောင့် ယင်းစခန်းကို ပိတ်သိမ်းလိုက်ခြင်းလည်းဖြစ်သည်။


''အခုဒီစခန်းကြီးဖွင့်ပြီး နောက်ပိုင်း ပြန်လာတဲ့မြန်မာအ လုပ်သမားတွေအနေနဲ့ တရားဝင် MoU  နဲ့သွားနိုင်ကြပြီဖြစ်လို့ ဘာ မှစိုးရိမ်စရာမရှိတော့ပါဘူး။ ပြီး တော့ လူကုန်ကူးခံရမှုတွေလည်း လျော့နည်းသွားပြီဖြစ်တယ်။ စခန်း ကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်လို့ နောက်ထပ်လည်း လာစရာမရှိ တော့ပါဘူး''ဟု မြဝတီ ပြန်လည် ကြိုဆိုရေးစခန်း တာဝန်ခံအရာရှိ ဦးသန်းထိုက်က ပြောကြားသည်။


မြဝတီပြန်လည်ကြိုဆိုရေး စခန်းအား ၂ဝ၁၇ ခုနှစ် ဇွန်လ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက် ထိ တစ်နှစ်နှင့်ငါးလအတွင်း ထိုင်း နိုင်ငံမှအထောက်အထားမဲ့ မြန်မာ အလုပ်သမားအမျိုးသား ၈၅၃၂၉ ဦးနှင့် အမျိုးသမီး ၃၃၇ဝ၈ ဦး၊ စုစုပေါင်း ၁၁၉ဝ၃၇ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီးကြောင်း သိရ သည်။

KKTM

#democracytoday

Rate this item
(0 votes)
back to top